ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး နစကနှင့် NMSP တို့ ဆွေးနွေး

 636

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၄
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှ အဓိကကျ သည့် ပုဒ်မများကို ပြင်နိုင်ရေး နစကနှင့် မွန်ပြည်သစ်ပါတီ(NMSP)တို့ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်၌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့နှင့် NMSP မှ ဒုတိယဥက္ကဋ္ဌနိုင်အောင်မင်း ဦးဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထား သည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NMSP တို့အကြား နှစ်ဖက်ဆွေးနွေးလိုသည့်အဆိုပြု ချက်များကို ဆွေးနွေးခဲ့ပြီး သဘောထားများ၊ လိုလားချက်များကိုလည်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်မှ အခြေခံကျသည့် ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များကိုပါ နှစ်ဖက်အကြား တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း နစ ကမှ သတင်းထုတ်ပြန်ထားသည်။

ယနေ့(ဖေဖော်ဝါရီ ၁၄ ရက်)တွင်လည်း နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP)တို့အ ကြား ဆက်လက်တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများနှင့် မြို့နယ်အချို့တွင် တိုက်ပွဲများဖြစ်ပွားနေကာ လက်နက်ကိုင်ပဋိပက္ခ များ ဖြစ်ပွားလျက်ရှိနေသည်။

တစ်ပြည်လုံးငြိမ်းချမ်းလိုပါက EAO များကိုသာ ဖိတ်ခေါ်ဆွေးနွေးရုံဖြင့် မလုံလောက်ဘဲ အဖွဲ့အစည်းသစ်များကိုပါ စိတ်ရှည် စွာဖြင့် ဖိတ်ခေါ်ဆွေးနွေးသွားရန်လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီက (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့၌ တိုက်တွန်း တောင်းဆိုထားသည်။

Related news

© 2021. All rights reserved.