တရုတ်သင်္ဘောဟာ လေဆာရောင်ခြည်များ ပစ်လွှတ်အသုံးပြုနေတယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြော

 1675

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၄

အငြင်းပွားဒေသ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် ကင်းလှည့်သင်္ဘောတစ်စင်းကို စစ်ဘက်အဆင့် တရုတ် လုံခြုံရေးသင်္ဘောတစ်စင်းက လေဆာရောင်ခြည်နဲ့ ပစ်လွှတ်ခဲ့ရာ သင်္ဘောသားများကို ခေတ္တမျက်စိကွယ်စေခဲ့ ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) မှာ ပြောကြားပါတယ်။

အဆိုပါအဖြစ်အပျက်ဟာ ဖိလစ်ပိုင် မရိန်းတပ်သားများ တပ်စွဲထားတဲ့ စပရက်တလီကျွန်းစုရှိ Second Thomas Shoal မှ ကီလိုမီတာ ၂ဝ နီးပါး အကွာမှာ ဖေဖော်ဝါရီ ၆ ရက်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင် ကမ်းခြေ စောင့်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကြားမှာ ရေကြောင်းပိုင်နက်ဆိုင်ရာ မကျေလည်မှု များ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ယခုနောက်ဆုံးဖြစ်ပွားမှုမတိုင်မီ ရက်ပိုင်းအလိုက အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ဟာ ပင်လယ်ပြင်မှာ ပူးတွဲကင်းလှည့် မှုများ ပြန်လည်စတင်ဖို့ သဘောတူညီခဲ့ကြပြီး အရှေ့တောင်အာရှနိုင်ငံရှိ နောက်ထပ်စစ်စခန်းလေးခုသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက်ခွင့်ပေးဖို့ သဘောတူညီချက်တစ်ရပ် ချုပ်ဆိုခဲ့ကြပါတယ်။ တရုတ် ကမ်းရိုးတန်းစောင့်သင်္ဘောဟာ ဖိလစ်ပိုင်သင်္ဘောကို စစ်ဘက်အဆင့် အစိမ်းရောင်လေဆာမီး နှစ်ကြိမ် ပစ်လွှတ်ခဲ့ ပြီး သင်္ဘောသားတွေကို ယာယီမျက်စိကွယ်စေခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်သင်္ဘောဟာ ဖိလစ်ပိုင်သင်္ဘောနဲ့ မီတာ ၁၄ဝ ခန့်အကွာမှာ အန္တရာယ်ရှိတဲ့ လေ့ကျင့်မှုတွေကိုလည်း ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ယိ ကတော့ ဖိလစ်ပိုင်သင်္ဘောဟာ တရုတ်နိုင်ငံရဲ့ အချုပ် အခြာ ရေပိုင်နက်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကျူးကျော်ခဲ့တာဖြစ်ပြီး တရုတ်ကမ်းခြေစောင့် တပ်သား များက ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပုံစံနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

Zawgyi Version;
တ႐ုတ္သေဘၤာဟာ ေလဆာေရာင္ျခည္မ်ား ပစ္လႊတ္အသုံးျပဳေနတယ္လို႔ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ ေျပာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၄

အျငင္းပြားေဒသ ေတာင္တ႐ုတ္ပင္လယ္ရွိ ဖိလစ္ပိုင္ ကင္းလွည့္သေဘၤာတစ္စင္းကို စစ္ဘက္အဆင့္ တ႐ုတ္ လုံၿခဳံေရးသေဘၤာတစ္စင္းက ေလဆာေရာင္ျခည္နဲ႔ ပစ္လႊတ္ခဲ့ရာ သေဘၤာသားမ်ားကို ေခတၱမ်က္စိကြယ္ေစခဲ့ ေၾကာင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က တနလၤာေန႔ (ေဖေဖာ္ဝါရီ ၁၃ ရက္) မွာ ေျပာၾကားပါတယ္။

အဆိုပါအျဖစ္အပ်က္ဟာ ဖိလစ္ပိုင္ မရိန္းတပ္သားမ်ား တပ္စြဲထားတဲ့ စပရက္တလီကြၽန္းစုရွိ Second Thomas Shoal မွ ကီလိုမီတာ ၂ဝ နီးပါး အကြာမွာ ေဖေဖာ္ဝါရီ ၆ ရက္က ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ဖိလစ္ပိုင္ ကမ္းေျခ ေစာင့္တပ္က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ တစ္ခုလုံးနီးပါးကို အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္ေၾကာင္း ေၾကညာထားတဲ့ တ႐ုတ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ၾကားမွာ ေရေၾကာင္းပိုင္နက္ဆိုင္ရာ မေက်လည္မႈ မ်ား ဆက္တိုက္ျဖစ္ပြားေနတာ ျဖစ္ပါတယ္။

ယခုေနာက္ဆုံးျဖစ္ပြားမႈမတိုင္မီ ရက္ပိုင္းအလိုက အေမရိကန္နဲ႔ ဖိလစ္ပိုင္တို႔ဟာ ပင္လယ္ျပင္မွာ ပူးတြဲကင္းလွည့္ မႈမ်ား ျပန္လည္စတင္ဖို႔ သေဘာတူညီခဲ့ၾကၿပီး အေရွ႕ေတာင္အာရွႏိုင္ငံရွိ ေနာက္ထပ္စစ္စခန္းေလးခုသို႔ အေမရိကန္တပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္ခြင့္ေပးဖို႔ သေဘာတူညီခ်က္တစ္ရပ္ ခ်ဳပ္ဆိုခဲ့ၾကပါတယ္။ တ႐ုတ္ ကမ္း႐ိုးတန္းေစာင့္သေဘၤာဟာ ဖိလစ္ပိုင္သေဘၤာကို စစ္ဘက္အဆင့္ အစိမ္းေရာင္ေလဆာမီး ႏွစ္ႀကိမ္ ပစ္လႊတ္ခဲ့ ၿပီး သေဘၤာသားေတြကို ယာယီမ်က္စိကြယ္ေစခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္သေဘၤာဟာ ဖိလစ္ပိုင္သေဘၤာနဲ႔ မီတာ ၁၄ဝ ခန႔္အကြာမွာ အႏၲရာယ္ရွိတဲ့ ေလ့က်င့္မႈေတြကိုလည္း ျပဳလုပ္ ခဲ့တယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဝမ္ယိ ကေတာ့ ဖိလစ္ပိုင္သေဘၤာဟာ တ႐ုတ္ႏိုင္ငံရဲ႕ အခ်ဳပ္ အျခာ ေရပိုင္နက္အတြင္းသို႔ ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္က်ဴးေက်ာ္ခဲ့တာျဖစ္ၿပီး တ႐ုတ္ကမ္းေျခေစာင့္ တပ္သား မ်ားက ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ ပုံစံနဲ႔ ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.