EV ကားများအတွက် အိမ်သုံးအားသွင်းစက်များ ပြည်တွင်းသို့ စတင်ရောက်ရှိ

 1034

ဖူးပြည့် (NP News) - ဖေဖော်ဝါရီ ၂၃

လျှပ်စစ်သုံးယာဉ်(EV)များအတွက် အိမ်သုံးအားသွင်းစက်များ ပြည်တွင်းသို့ စတင်ရောက်ရှိလာပြီဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ သတင်းအချက်အလက်များအရသိရသည်။

အဆိုပါ အားသွင်းစက်များကို Chin Dwin Shan Co., Ltd. မှ တင်သွင်းလာခြင်းဖြစ်ပြီး လျှပ်စစ်သုံး ယာဉ်များအတွက် အိမ်သုံးအားသွင်းစက် 7KW GB AC Charger (၅) ခုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တင်သွင်းလာသည့် အားသွင်းစက်များကို ဖေဖော်ဝါရီလ ၂၁ ရက်က ဆိပ်ကမ်းမှ ထုတ်ယူခဲ့ပြီး အိမ်သုံးဖြစ်သည့်အတွက် မိမိနေအိမ်တွင် လျှပ်စစ်သုံးယာဉ်များကို အလွယ်တကူ အားသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ Charger များတင်သွင်းမှုအား ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက် ခွန်ကင်းလွတ်သက်သာခွင့်ပြုထားပြီးလည်းဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက်တွင်လည်း တည်ဆောက်လျက်ရှိပြီး လျှပ်စစ်ကားများ အတွက် စွမ်းအင်ကုန်ကျစရိတ်နှင့်ပတ်သက်၍ တစ်ယူနစ်လျှင် ငွေကျပ်(၄ဝဝ) ဝန်းကျင် သတ်မှတ်ထားကြောင်းလည်း သိရသည်။

လျှပ်စစ်ကားများအတွက် Charging Station များကို ရန်ကုန်၊ မန္တလေးရှိ နေရာ(၁၃)ခုနှင့် စက်သုံးဆီဆိုင်(၃၈)ဆိုင်၌ (၁)နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်းလည်း နစကဘက်က အသိပေးပြောဆိုထားသည်။

zawgyi version
EV ကားမ်ားအတြက္ အိမ္သုံးအားသြင္းစက္မ်ား ျပည္တြင္းသို႔ စတင္ေရာက္ရွိ

ဖူးျပည့္ (NP News) - ေဖေဖာ္ဝါရီ ၂၃

လွ်ပ္စစ္သုံးယာဥ္(EV)မ်ားအတြက္ အိမ္သုံးအားသြင္းစက္မ်ား ျပည္တြင္းသို႔ စတင္ေရာက္ရွိလာၿပီျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာန၏ သတင္းအခ်က္အလက္မ်ားအရသိရသည္။

အဆိုပါ အားသြင္းစက္မ်ားကို Chin Dwin Shan Co., Ltd. မွ တင္သြင္းလာျခင္းျဖစ္ၿပီး လွ်ပ္စစ္သုံး ယာဥ္မ်ားအတြက္ အိမ္သုံးအားသြင္းစက္ 7KW GB AC Charger (၅) ခုကို တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တင္သြင္းလာသည့္ အားသြင္းစက္မ်ားကို ေဖေဖာ္ဝါရီလ ၂၁ ရက္က ဆိပ္ကမ္းမွ ထုတ္ယူခဲ့ၿပီး အိမ္သုံးျဖစ္သည့္အတြက္ မိမိေနအိမ္တြင္ လွ်ပ္စစ္သုံးယာဥ္မ်ားကို အလြယ္တကူ အားသြင္းႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ Charger မ်ားတင္သြင္းမႈအား ျပည္တြင္းလွ်ပ္စစ္သုံးယာဥ္က႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေကာက္ ခြန္ကင္းလြတ္သက္သာခြင့္ျပဳထားၿပီးလည္းျဖစ္သည္။

လက္ရွိတြင္ လွ်ပ္စစ္သုံးယာဥ္မ်ားအတြက္ Charging Station မ်ားကို ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး အပါအဝင္ ရန္ကုန္-မႏၲေလးအျမန္လမ္းတစ္ေလွ်ာက္တြင္လည္း တည္ေဆာက္လ်က္ရွိၿပီး လွ်ပ္စစ္ကားမ်ား အတြက္ စြမ္းအင္ကုန္က်စရိတ္ႏွင့္ပတ္သက္၍ တစ္ယူနစ္လွ်င္ ေငြက်ပ္(၄ဝဝ) ဝန္းက်င္ သတ္မွတ္ထားေၾကာင္းလည္း သိရသည္။

လွ်ပ္စစ္ကားမ်ားအတြက္ Charging Station မ်ားကို ရန္ကုန္၊ မႏၲေလးရွိ ေနရာ(၁၃)ခုႏွင့္ စက္သုံးဆီဆိုင္(၃၈)ဆိုင္၌ (၁)ႏွစ္အတြင္း အၿပီးတည္ေဆာက္မည္ျဖစ္ေၾကာင္းလည္း နစကဘက္က အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.