မြောက်ကိုရီးယားက ရေတပ်အခြေစိုက်စခန်းအသစ်တစ်ခုကို တည်ဆောက်နေ

 945

Pika (NP News) - စက်တင်ဘာ ၉

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ ခေတ်မီရေတပ်အခြေစိုက်စခန်းအသစ်တည်ဆောက်ရာနေရာကို သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံရေ ကြောင်းတပ်ဖွဲ့တွေကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ဆောင်ဖို့ ကတိပြုခဲ့တယ်လို့လည်း သိရပါတယ်။

ရေတပ်အခြေစိုက်စခန်းအသစ်ရဲ့တည်နေရာဟာ မြောက်ကိုရီးယားကို မဟာဗျူဟာမြောက်အသာစီးရအောင်လုပ်ဆောင်ပေးလိမ့်မယ်လို့လည်း ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ကင်ဂျုံအန်းဟာ အမေရိကန်နဲ့ဒေသတွင်းမှာရှိတဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရင်ဆိုင်နေရချိန်မှာပဲ မြောက်ကိုရီးယားစစ်တပ်နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်မှုလုပ်ငန်းကို ပိုမိုအရှိန်မြှင့်လုပ် ဆောင်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် မြောက်ကိုရီးယားစစ်တပ်ဟာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ရော့ကတ်လောင်ချာ နဲ့ အသေခံဒရုန်းအသစ်တွေကို ထုတ်ပြန်ပြသခဲ့တယ်လို့လည်း သိရပါတယ်။ ရေတပ်အခြေစိုက်စခန်းအသစ်ဆီ ကင်ဂျုံအန်းရဲ့သွားရောက်လည်ပတ်စစ်ဆေးမှုကို နိုင်ငံပိုင်သတင်းအေဂျင်စီ(KCNA)က စက်တင်ဘာလ(၈)ရက်နေ့မှာ ဖော်ပြခဲ့တယ်လို့လည်းသိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အရှေ့ဘက်နဲ့အနောက်ဘက်ခြမ်းတို့မှာ ပင်လယ်ပြင်ရှိတာကြောင့် ဒီရေတပ်အခြေစိုက်စခန်းအသစ်ဟာ နိုင်ငံအတွက် အရေးပါတယ်လို့ ကင်ဂျုံအန်းက ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် လာမယ့်အနာဂတ်မှာ ကြီးမားပြီးခေတ်မီတဲ့စစ်သင်္ဘောတွေ နဲ့ ရေငုပ် သင်္ဘောတွေကို ရေတပ်ကတာဝန်ပေးအပ်နိုင်ဖွယ်ရှိနေတာမလို့ ၎င်းတို့ကိုလက်ခံနိုင်တဲ့ရေတပ်အခြေစိုက်စခန်းက လိုအပ်တယ်လို့လည်း ကင်ဂျုံအန်းကပြောကြားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရေတပ်အတွက် အခြေစိုက်စခန်းအဖြစ်ဆောင်ရွက်မယ့် ခေတ်မီဆိပ်ကမ်းမြို့ကို တည်ဆောက်မယ့် အစီ အစဉ်တွေရှိတယ်လို့လည်း ကင်ဂျုံအန်းက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

zawgyi version
ေျမာက္ကိုရီးယားက ေရတပ္အေျခစိုက္စခန္းအသစ္တစ္ခုကို တည္ေဆာက္ေန
Pika (NP News) - စက္တင္ဘာ ၉

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းဟာ ေခတ္မီေရတပ္အေျခစိုက္စခန္းအသစ္တည္ေဆာက္ရာေနရာကို သြားေရာက္လည္ပတ္ခဲ့ၿပီး ႏိုင္ငံေရ ေၾကာင္းတပ္ဖြဲ႕ေတြကို ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေအာင္လုပ္ေဆာင္ဖို႔ ကတိျပဳခဲ့တယ္လို႔လည္း သိရပါတယ္။

ေရတပ္အေျခစိုက္စခန္းအသစ္ရဲ႕တည္ေနရာဟာ ေျမာက္ကိုရီးယားကို မဟာဗ်ဴဟာေျမာက္အသာစီးရေအာင္လုပ္ေဆာင္ေပးလိမ့္မယ္လို႔လည္း ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းမွာ ကင္ဂ်ဳံအန္းဟာ အေမရိကန္နဲ႔ေဒသတြင္းမွာရွိတဲ့ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ရင္ဆိုင္ေနရခ်ိန္မွာပဲ ေျမာက္ကိုရီးယားစစ္တပ္နဲ႔ စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးစက္မႈလုပ္ငန္းကို ပိုမိုအရွိန္ျမႇင့္လုပ္ ေဆာင္ဖို႔ အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ေျမာက္ကိုရီးယားစစ္တပ္ဟာ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ၿပီး ေရာ့ကတ္ေလာင္ခ်ာ နဲ႔ အေသခံဒ႐ုန္းအသစ္ေတြကို ထုတ္ျပန္ျပသခဲ့တယ္လို႔လည္း သိရပါတယ္။ ေရတပ္အေျခစိုက္စခန္းအသစ္ဆီ ကင္ဂ်ဳံအန္းရဲ႕သြားေရာက္လည္ပတ္စစ္ေဆးမႈကို ႏိုင္ငံပိုင္သတင္းေအဂ်င္စီ(KCNA)က စက္တင္ဘာလ(၈)ရက္ေန႔မွာ ေဖာ္ျပခဲ့တယ္လို႔လည္းသိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ အေရွ႕ဘက္နဲ႔အေနာက္ဘက္ျခမ္းတို႔မွာ ပင္လယ္ျပင္ရွိတာေၾကာင့္ ဒီေရတပ္အေျခစိုက္စခန္းအသစ္ဟာ ႏိုင္ငံအတြက္ အေရးပါတယ္လို႔ ကင္ဂ်ဳံအန္းက ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ လာမယ့္အနာဂတ္မွာ ႀကီးမားၿပီးေခတ္မီတဲ့စစ္သေဘၤာေတြ နဲ႔ ေရငုပ္ သေဘၤာေတြကို ေရတပ္ကတာဝန္ေပးအပ္ႏိုင္ဖြယ္ရွိေနတာမလို႔ ၎တို႔ကိုလက္ခံႏိုင္တဲ့ေရတပ္အေျခစိုက္စခန္းက လိုအပ္တယ္လို႔လည္း ကင္ဂ်ဳံအန္းကေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ႏိုင္ငံေရတပ္အတြက္ အေျခစိုက္စခန္းအျဖစ္ေဆာင္႐ြက္မယ့္ ေခတ္မီဆိပ္ကမ္းၿမိဳ႕ကို တည္ေဆာက္မယ့္ အစီ အစဥ္ေတြရွိတယ္လို႔လည္း ကင္ဂ်ဳံအန္းက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.