ပြည်တွင်းပြည်ပ ရုပ်ရှင်ဇာတ်ကားများ တရားမဝင်ပြသနေသည့် channel များ အပါအဝင် Facebook page များကို အရေးယူနိုင်ရန် ဆောင်ရွက်မည်
2677
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၄
ပြည်တွင်းပြည်ပရုပ်ရှင်ဇာတ်ကားများကို တရားမဝင်ပြသနေသည့် channel များ အပါအဝင် Facebook page များအား အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် က ဖေဖော်ဝါရီလ(၂၃)ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
ဒစ်ဂျစ်တယ်နည်းပညာများ တိုးတက်လာမှုနှင့်အတူ ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်းတွဲများကို အွန်လိုင်းပလက်ဖောင်း များမှတစ်ဆင့် ထုတ်လွှင့်ပြသမှုများ ရှိလာကြောင်း သိရသည်။
အဆိုပါပြသမှုများတွင် တရားဝင်ပြသမှုများအပြင် မူလလက်ရာကို ခိုးယူပြီး ကိုယ်ကျိုးစီးပွားအတွက် အွန်လိုင်းတွင် တရားမဝင်ပြသ၍ လောင်းကစားအခြေပြု ပလက်ဖောင်းများ တည်ထောင်ခြင်းများရှိလာကြောင်း ဒုဝန်ကြီးမှ အသိပေးပြောဆိုထားသည်။
အလားတူ လိင်ပိုင်းဆိုင်ရာဖျော်ဖြေရေးကဏ္ဍများ တည်ထောင်ခြင်း အပါအဝင် ဥပဒေမဲ့ဆောင်ရွက်မှုများလည်း နေ့စဥ်နှင့်အမျှ တိုးတက်များပြားလာသည်ကို တွေ့ရကြောင်း သိရသည်။
ထို့ကြောင့် နည်းပညာတိုးတက်လာမှုနှင့်အတူ တရားမဝင်ခိုးယူမှုများမှာလည်း စက္ကန့်နှင့်အမျှ နစ်နာမှုများ ဖြစ်ပေါ် လာခြင်းကြောင့် ကာကွယ်တားဆီးရေးများကို အမြန်ဆုံးလုပ်ဆောင်ရန်လိုကြောင်း ဒုဝန်ကြီး ဦးရဲတင့်မှ တိုက်တွန်းပြောဆိုထားသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ ရုပ်ရှင်ဇာတ်ကားများကို တရားမဝင်ပြသခြင်းနှင့် ရောင်းချခြင်းများ လုပ်ဆောင်နေ သည့် channel များ၊ Website များနှင့် Facebook page များကို အရေးယူရမည်ဖြစ်ကြောင်း ၎င်းမှဆိုသည်။
အရေးယူမှုများ ပြုလုပ်ခြင်းမရှိပါက နောင်တွင် ဆိုးရွားသည့်မူပိုင်ခွင့်ချိုးဖောက်မှုများ ဖြစ်လာနိုင်ပြီး မသမာသူများ ကလည်း စီးပွားရေးအရ တရားမဝင်လုပ်ကိုင်လာနိုင်ကြောင်း ဒုဝန်ကြီးမှ သတိပေးပြောဆိုထားသည်။
ထို့ကြောင့် အွန်လိုင်းမှ ရုပ်ရှင်ဇာတ်ကားများ တရားမဝင် ခိုးယူဖြန့်ချိမှုများကို ထိရောက်စွာအရေးယူနိုင်ရန် လုပ်ဆောင်ရမည့် လုပ်ငန်းများအား အကောင်အထည်ဖော်ရန် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ျပည္တြင္းျပည္ပ ႐ုပ္ရွင္ဇာတ္ကားမ်ား တရားမဝင္ျပသေနသည့္ channel မ်ား အပါအဝင္ Facebook page မ်ားကို အေရးယူႏိုင္ရန္ ေဆာင္႐ြက္မည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၄
ျပည္တြင္းျပည္ပ႐ုပ္ရွင္ဇာတ္ကားမ်ားကို တရားမဝင္ျပသေနသည့္ channel မ်ား အပါအဝင္ Facebook page မ်ားအား အေရးယူေဆာင္႐ြက္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
တရားမဝင္ခိုးယူျဖန႔္ခ်ိျခင္းဆိုင္ရာ ကာကြယ္တားဆီးေရးအဖြဲ႕ဥကၠ႒၊ ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးရဲတင့္ က ေဖေဖာ္ဝါရီလ(၂၃)ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၏ အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေသာ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
ဒစ္ဂ်စ္တယ္နည္းပညာမ်ား တိုးတက္လာမႈႏွင့္အတူ ႐ုပ္ရွင္၊ ဗီဒီယို၊ ဇာတ္လမ္းတြဲမ်ားကို အြန္လိုင္းပလက္ေဖာင္း မ်ားမွတစ္ဆင့္ ထုတ္လႊင့္ျပသမႈမ်ား ရွိလာေၾကာင္း သိရသည္။
အဆိုပါျပသမႈမ်ားတြင္ တရားဝင္ျပသမႈမ်ားအျပင္ မူလလက္ရာကို ခိုးယူၿပီး ကိုယ္က်ိဳးစီးပြားအတြက္ အြန္လိုင္းတြင္ တရားမဝင္ျပသ၍ ေလာင္းကစားအေျချပဳ ပလက္ေဖာင္းမ်ား တည္ေထာင္ျခင္းမ်ားရွိလာေၾကာင္း ဒုဝန္ႀကီးမွ အသိေပးေျပာဆိုထားသည္။
အလားတူ လိင္ပိုင္းဆိုင္ရာေဖ်ာ္ေျဖေရးက႑မ်ား တည္ေထာင္ျခင္း အပါအဝင္ ဥပေဒမဲ့ေဆာင္႐ြက္မႈမ်ားလည္း ေန႔စဥ္ႏွင့္အမွ် တိုးတက္မ်ားျပားလာသည္ကို ေတြ႕ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ နည္းပညာတိုးတက္လာမႈႏွင့္အတူ တရားမဝင္ခိုးယူမႈမ်ားမွာလည္း စကၠန႔္ႏွင့္အမွ် နစ္နာမႈမ်ား ျဖစ္ေပၚ လာျခင္းေၾကာင့္ ကာကြယ္တားဆီးေရးမ်ားကို အျမန္ဆုံးလုပ္ေဆာင္ရန္လိုေၾကာင္း ဒုဝန္ႀကီး ဦးရဲတင့္မွ တိုက္တြန္းေျပာဆိုထားသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ ျပည္တြင္းျပည္ပ ႐ုပ္ရွင္ဇာတ္ကားမ်ားကို တရားမဝင္ျပသျခင္းႏွင့္ ေရာင္းခ်ျခင္းမ်ား လုပ္ေဆာင္ေန သည့္ channel မ်ား၊ Website မ်ားႏွင့္ Facebook page မ်ားကို အေရးယူရမည္ျဖစ္ေၾကာင္း ၎မွဆိုသည္။
အေရးယူမႈမ်ား ျပဳလုပ္ျခင္းမရွိပါက ေနာင္တြင္ ဆိုး႐ြားသည့္မူပိုင္ခြင့္ခ်ိဳးေဖာက္မႈမ်ား ျဖစ္လာႏိုင္ၿပီး မသမာသူမ်ား ကလည္း စီးပြားေရးအရ တရားမဝင္လုပ္ကိုင္လာႏိုင္ေၾကာင္း ဒုဝန္ႀကီးမွ သတိေပးေျပာဆိုထားသည္။
ထို႔ေၾကာင့္ အြန္လိုင္းမွ ႐ုပ္ရွင္ဇာတ္ကားမ်ား တရားမဝင္ ခိုးယူျဖန႔္ခ်ိမႈမ်ားကို ထိေရာက္စြာအေရးယူႏိုင္ရန္ လုပ္ေဆာင္ရမည့္ လုပ္ငန္းမ်ားအား အေကာင္အထည္ေဖာ္ရန္ ပူးေပါင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရ သည္။