မြန်မာနိုင်ငံရေးပြဿနာကို ကြားဝင်စွက်ဖက်ဖို့ အာဆီယံအဖွဲ့မှာ လိုင်စင်မရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

 2649

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၈

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့အာဏာရယူမှုကို သဘောတူလက်ခံပြီး နစကကိုလည်း အသိအမှတ်မပြုထားပါဘူး။

သို့သော်လည်း အာဆီယံဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စများကို ကြားဝင်စွက်ဖက်ဖို့အတွက် လိုင်စင်မရထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ဟာ လွှတ်တော်အစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အထက်ပါကဲ့သို့ ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စက အခက်အခဲများရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းများကြား ပြည်သူများရဲ့အနာဂတ် အကျိုးအတွက် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့၊ ရိုးသားကောင်းမွန်တဲ့ သဘောထားမျိုးနဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုရင် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

အာဆီယံဟာ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့အာဏာရယူမှုကိုလက်မခံသလို နိုင်ငံခြားရေးဝန်ကြီးများအဆင့်တွေ့ဆုံပွဲမှာ နစကရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ကိုယ်စားပြုခွင့်မပေးပေမယ့် စေ့စပ်ဆွေးနွေးမှုများ၊ အဆက် အသွယ်များလုံးဝမရှိတော့ဘူးဟု မှတ်ယူလို့မရနိုင်ကြောင်းလည်း ၎င်းကပြောပါတယ်။ မြန်မာနိုင်ငံရေးပြဿနာက အလွန်ခက်ခဲရှုပ်ထွေးပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စက အခက်အခဲများရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ ပြဿနာများကိုဖြေရှင်းနိုင်ဖို့
အချိန်ဘယ်လောက်ကြာမလဲဆိုတဲ့အချက်ကိုမသိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

zawgyi version
ျမန္မာႏိုင္ငံေရးျပႆနာကို ၾကားဝင္စြက္ဖက္ဖို႔ အာဆီယံအဖြဲ႕မွာ လိုင္စင္မရွိေၾကာင္း စင္ကာပူႏိုင္ငံျခား ေရးဝန္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၈

စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့အာဏာရယူမႈကို သေဘာတူလက္ခံၿပီး နစကကိုလည္း အသိအမွတ္မျပဳထားပါဘူး။

သို႔ေသာ္လည္း အာဆီယံဟာ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းေရးကိစၥမ်ားကို ၾကားဝင္စြက္ဖက္ဖို႔အတြက္ လိုင္စင္မရထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီး Vivian Balakrishnan ဟာ လႊတ္ေတာ္အစည္းအေဝးအတြင္း ျမန္မာႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး အထက္ပါကဲ့သို႔ ေျပာဆိုသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ဒုတိယကမာၻစစ္ေနာက္ပိုင္းကတည္းက ျမန္မာႏိုင္ငံရဲ႕အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကိစၥက အခက္အခဲမ်ားရွိေနခဲ့ျခင္းျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံေရးမွာပါဝင္ေနတဲ့ အဖြဲ႕အစည္းမ်ားၾကား ျပည္သူမ်ားရဲ႕အနာဂတ္ အက်ိဳးအတြက္ တစ္ဖြဲ႕ နဲ႔ တစ္ဖြဲ႕၊ ႐ိုးသားေကာင္းမြန္တဲ့ သေဘာထားမ်ိဳးနဲ႔ ေတြ႕ဆုံေဆြးေႏြးႏိုင္မယ္ဆိုရင္ ႏိုင္ငံေရးျပႆနာမ်ားကို ေျဖရွင္းႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။

အာဆီယံဟာ ျမန္မာႏိုင္ငံမွာျဖစ္ခဲ့တဲ့အာဏာရယူမႈကိုလက္မခံသလို ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအဆင့္ေတြ႕ဆုံပြဲမွာ နစကရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးကို ကိုယ္စားျပဳခြင့္မေပးေပမယ့္ ေစ့စပ္ေဆြးေႏြးမႈမ်ား၊ အဆက္ အသြယ္မ်ားလုံးဝမရွိေတာ့ဘူးဟု မွတ္ယူလို႔မရႏိုင္ေၾကာင္းလည္း ၎ကေျပာပါတယ္။ ျမန္မာႏိုင္ငံေရးျပႆနာက အလြန္ခက္ခဲရႈပ္ေထြးၿပီး ဒုတိယကမာၻစစ္ေနာက္ပိုင္းကတည္းက ျမန္မာႏိုင္ငံရဲ႕အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကိစၥက အခက္အခဲမ်ားရွိေနခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပႆနာမ်ားကိုေျဖရွင္းႏိုင္ဖို႔
အခ်ိန္ဘယ္ေလာက္ၾကာမလဲဆိုတဲ့အခ်က္ကိုမသိေၾကာင္း စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

Related news

© 2021. All rights reserved.