နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပြီး တစ်ရက်လျှင်(၂၅ဝဝ)ဦးနှုန်းလုပ်ဆောင်ပေးမည်

 618

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၈

နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း နစက ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ(၂၇)ရက်က သတင်းထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံကူးလက်မှတ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၄)ရက်မှစ၍ အွန်လိုင်း Booking စနစ်သစ်ဖြင့် လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်သူများကြား၌ ပတ်ပို့စ်ကိစ္စများနှင့်ပတ်သက်၍ သတင်းမှားများ ထွက်ပေါ်လျက်ရှိနေပြီး ၎င်းတို့သည် ကောလဟာလများသာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောဆိုထားသည်။

“ပတ်ပို့စ်ကိစ္စနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေတယ်လို့ သိရပါတယ်။ ရုံးတွေပိတ်တယ်ဆိုတာ ကောလာဟလတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့သည် (၂၄)ရက်မှာ ကြေညာချက်ထုတ်ပြီး ပတ်ပို့စ်နဲ့ပတ်သက်ပြီး ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ခဲ့တဲ့နေရာမှာ (၈ဝဝဝ)လောက်ရှိပါတယ်။ အဲဒီထဲကမှ ဒီနေ့(၂၅ဝဝ)ကို ထုတ်ပေးခဲ့ပါတယ်။ (၂၅ဝဝ)ကို ထုတ်ပေးတဲ့နေရာမှာ (၂၃ဝဝ) ‌ကျော်လာပြီး ထုတ်ယူတာတွေ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အချို့သောလျှောက်ထားသူများသည် ငွေပေးချေပြီးသော်လည်း ရက်ချိန်းအတွက် နေ့စွဲနှင့် အချိန်ကို လျှောက်ထားသူထံ အကြောင်းပြန်ကြားမှုများကို စနစ်မှထုတ်မပေးသည့်အတွက် အခက်အခဲများရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါစနစ်အား ပြင်ဆင်ရန်အတွက် ရက်ချိန်းအသစ်လျှောက်ထားခြင်းအား ဖေဖော်ဝါရီလ (၂၅)ရက်တွင် ပြုပြင်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့နေ့လည်ပိုင်းမှာဆိုရင် အသစ်ထပ်မလုပ်ဘဲနဲ့ ကျွန်တော်တို့ဘာမှားယွင်းလဲ သူတို့ complain တွေထဲက ဘာတွေပြင်ရမလဲဆိုတာ တောက်လျှောက်လုပ်ခဲ့ပါတယ်။ (၆)နာရီလောက်မှာပြီးသွားပါတယ်။ ဒီနေ့ညနေ(၆)နာရီ ခွဲလောက်မှာ အားလုံးကိုပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှဆိုသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နေပြီဖြစ်ပြီး တစ်ရက်လျှင် (၂၅ဝဝ) ဦးရေနှုန်းဖြင့် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားမႈမ်ားကို ျပန္လည္ဖြင့္လွစ္ေပးလိုက္ၿပီျဖစ္ၿပီး တစ္ရက္လွ်င္(၂၅ဝဝ)ဦးႏႈန္းလုပ္ေဆာင္ေပးမည္

ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၈

ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားမႈမ်ားကို ျပန္လည္ဖြင့္လွစ္ေပးလိုက္ၿပီျဖစ္ေၾကာင္း နစက ေျပာေရးဆို ခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေဖေဖာ္ဝါရီလ(၂၇)ရက္က သတင္းထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံကူးလက္မွတ္မ်ားကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၂၄)ရက္မွစ၍ အြန္လိုင္း Booking စနစ္သစ္ျဖင့္ ေလွ်ာက္ထားခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ျပည္သူမ်ားၾကား၌ ပတ္ပို႔စ္ကိစၥမ်ားႏွင့္ပတ္သက္၍ သတင္းမွားမ်ား ထြက္ေပၚလ်က္ရွိေနၿပီး ၎တို႔သည္ ေကာလဟာလမ်ားသာ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အသိေပးေျပာဆိုထားသည္။

“ပတ္ပို႔စ္ကိစၥနဲ႔ပတ္သက္ၿပီး ေကာလာဟလေတြ ထြက္ေနတယ္လို႔ သိရပါတယ္။ ႐ုံးေတြပိတ္တယ္ဆိုတာ ေကာလာဟလေတြပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔သည္ (၂၄)ရက္မွာ ေၾကညာခ်က္ထုတ္ၿပီး ပတ္ပို႔စ္နဲ႔ပတ္သက္ၿပီး ေဆာင္႐ြက္ခဲ့တယ္။ ေဆာင္႐ြက္ခဲ့တဲ့ေနရာမွာ (၈ဝဝဝ)ေလာက္ရွိပါတယ္။ အဲဒီထဲကမွ ဒီေန႔(၂၅ဝဝ)ကို ထုတ္ေပးခဲ့ပါတယ္။ (၂၅ဝဝ)ကို ထုတ္ေပးတဲ့ေနရာမွာ (၂၃ဝဝ) ‌ေက်ာ္လာၿပီး ထုတ္ယူတာေတြ႕ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

အခ်ိဳ႕ေသာေလွ်ာက္ထားသူမ်ားသည္ ေငြေပးေခ်ၿပီးေသာ္လည္း ရက္ခ်ိန္းအတြက္ ေန႔စြဲႏွင့္ အခ်ိန္ကို ေလွ်ာက္ထားသူထံ အေၾကာင္းျပန္ၾကားမႈမ်ားကို စနစ္မွထုတ္မေပးသည့္အတြက္ အခက္အခဲမ်ားရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါစနစ္အား ျပင္ဆင္ရန္အတြက္ ရက္ခ်ိန္းအသစ္ေလွ်ာက္ထားျခင္းအား ေဖေဖာ္ဝါရီလ (၂၅)ရက္တြင္ ျပဳျပင္မႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

“ဒီေန႔ေန႔လည္ပိုင္းမွာဆိုရင္ အသစ္ထပ္မလုပ္ဘဲနဲ႔ ကြၽန္ေတာ္တို႔ဘာမွားယြင္းလဲ သူတို႔ complain ေတြထဲက ဘာေတြျပင္ရမလဲဆိုတာ ေတာက္ေလွ်ာက္လုပ္ခဲ့ပါတယ္။ (၆)နာရီေလာက္မွာၿပီးသြားပါတယ္။ ဒီေန႔ညေန(၆)နာရီ ခြဲေလာက္မွာ အားလုံးကိုျပန္ဖြင့္လိုက္ၿပီျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွဆိုသည္။

လက္ရွိတြင္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈမ်ားကို ပုံမွန္အတိုင္း ျပန္လည္ေဆာင္႐ြက္ေနၿပီျဖစ္ၿပီး တစ္ရက္လွ်င္ (၂၅ဝဝ) ဦးေရႏႈန္းျဖင့္ ဆက္လက္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Khaing Thandar Nyunt

28/02/2023 16:46

ဒီနေ့ တင်တာအဆင်ပြေတယ် အချိန်တော့ပေးရတယ်။ငွေသွင်းပြီးပေမယ့် ဘယ်နေ့ရက်ချိန်းလည်းမသိရသေးဘူး။

Related news

© 2021. All rights reserved.