ရခိုင်ပြည်နယ်၌ စစ်အင်အားတိုးချဲ့မှုမရှိကြောင်းနှင့် ULA/AA ၏ စွပ်စွဲပြောဆိုမှုမှာ ငြိမ်းချမ်းရေးကို အထောက်အကူမပြုဟု နစကတုံ့ပြန်

 1345

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ်၌ စစ်အင်အားတိုးချဲ့မှု မရှိကြောင်းနှင့် ULA/AA ၏ တစ်ဖက်သတ်စွပ်စွဲပြောဆိုမှုများသည် ငြိမ်းချမ်းရေးကို အထောက်အကူမပြုကြောင်း နစကဘက်က ပြန်လည်တုံ့ပြန်ထားသည်။

နစက၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၂၇ ရက်တွင် မီဒီယာများကို အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ULA/AA နှင့်ပတ်သက်သူများကို တပ်မတော်က ဖမ်းဆီးထားသည့်အပေါ် ပြန်မလွှတ်ပေးသေးကြောင်းတစ်ဖက်သတ် စွပ်စွဲပြောဆိုနေမှုများကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

နစကအစိုးရအနေဖြင့် ပြီးခဲ့သော NCA လက်မှတ်ရေးထိုးခြင်း(၆)နှစ်ပြည့်နေ့တွင် ၎င်းတို့နှင့်ပတ်သက်သူ (၆၁)ဦး၊ စိန်ရတုပြည်ထောင်စုနေ့တွင် (၄၆)ဦး၊ အမျိုးသားနေ့တွင် (၁၇)ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ULA/AA အပြင် KIA၊ KNU၊ MNDAA၊ RCSS၊ SSPP၊ TNLA အဖွဲ့တို့နှင့်ပတ်သက်ပြီး တရားစွဲဆိုခံ ထားရသူများကိုလည်း ငြိမ်းချမ်းရေးအား ရှေးရှု့ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးခဲ့ကြောင်း နစကပြောခွင့်ရက ပြောသည်။

ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်မှာ စုစုပေါင်း (၂ဝ၅)ဦးအထိရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဒီအချက်အလက်တွေ အမှန်တကယ်ရှိပြီးဖြစ်တဲ့ ဒီအချက်အလက်တွေကို မျက်ကွယ်ပြုပြီး ဒီလိုမျိုးတစ် ဖက်သတ်စွပ်စွဲ ပြောဆိုတာဟာ ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုဘူးလို့ပဲ ပြောချင်ပါတယ်” ဟု နစကပြောခွင့်ရက တုံ့ပြန်ထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်၌ စစ်အင်အားများ တိုးချဲ့နေသည်ဟု ပြောဆိုချက်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ နောက်တစ်ခုကတော့ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ စစ်အင်အားတွေ တိုးချဲ့နေတယ်ဆိုတဲ့ ပြောဆိုချက်မျိုးတွေနဲ့ ရခိုင်ပြည်သူလူထုကို ထင်ရောင်ထင်မှားဖြစ်အောင် ဆောင်ရွက်နေတာမျိုး ရှိပါတယ်။ တပ်မတော်အနေနဲ့ကတော့ ရခိုင်ပြည်နယ်မှာ ယခင်ကတည်းကရှိပြီးဖြစ်တဲ့ လုံခြုံရေးနဲ့ပတ် သက်ပြီးတော့ ရှိနေတဲ့အင်အားတွေအတိုင်းပဲ ရှိပါတယ်” ဟု ပြန်လည်တုံ့ပြန်ထားသည်။

သို့သော် ပြည်သူလူထုရပ်ရွာအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့ရေးအတွက် လိုအပ်သည့် လုံခြုံရေးအင်အားများကို အသုံးပြုထားမှုမျိုးရှိကြောင်း နစကပြောခွင့်ရက ဖွင့်ဟပြောဆိုထားသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၇ ရက်)က ကျင်းပခဲ့သော ULA/AA ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ စစ်အင်အားများ တိုးချဲ့နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ရခိုင်ပြည်သူလူထုနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တည်ငြိမ်အေးချမ်းမှုရှိမှသာရရှိမည်ဖြစ်ပြီး ပြည်သူလူထုအားလုံးအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိရန် ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုက်တွန်းထားသည်။

zawgyi version
ရခိုင္ျပည္နယ္၌ စစ္အင္အားတိုးခ်ဲ႕မႈမရွိေၾကာင္းႏွင့္ ULA/AA ၏ စြပ္စြဲေျပာဆိုမႈမွာ ၿငိမ္းခ်မ္းေရးကို အေထာက္အကူမျပဳဟု နစကတုံ႔ျပန္

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၈

ရခိုင္ျပည္နယ္၌ စစ္အင္အားတိုးခ်ဲ႕မႈ မရွိေၾကာင္းႏွင့္ ULA/AA ၏ တစ္ဖက္သတ္စြပ္စြဲေျပာဆိုမႈမ်ားသည္ ၿငိမ္းခ်မ္းေရးကို အေထာက္အကူမျပဳေၾကာင္း နစကဘက္က ျပန္လည္တုံ႔ျပန္ထားသည္။

နစက၏ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေဖေဖာ္ဝါရီလ ၂၇ ရက္တြင္ မီဒီယာမ်ားကို အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ULA/AA ႏွင့္ပတ္သက္သူမ်ားကို တပ္မေတာ္က ဖမ္းဆီးထားသည့္အေပၚ ျပန္မလႊတ္ေပးေသးေၾကာင္းတစ္ဖက္သတ္ စြပ္စြဲေျပာဆိုေနမႈမ်ားကို ေတြ႕ရွိရေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

နစကအစိုးရအေနျဖင့္ ၿပီးခဲ့ေသာ NCA လက္မွတ္ေရးထိုးျခင္း(၆)ႏွစ္ျပည့္ေန႔တြင္ ၎တို႔ႏွင့္ပတ္သက္သူ (၆၁)ဦး၊ စိန္ရတုျပည္ေထာင္စုေန႔တြင္ (၄၆)ဦး၊ အမ်ိဳးသားေန႔တြင္ (၁၇)ဦးတို႔ကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးခဲ့ေၾကာင္း ၎က ဆိုသည္။

ထို႔ျပင္ ULA/AA အျပင္ KIA၊ KNU၊ MNDAA၊ RCSS၊ SSPP၊ TNLA အဖြဲ႕တို႔ႏွင့္ပတ္သက္ၿပီး တရားစြဲဆိုခံ ထားရသူမ်ားကိုလည္း ၿငိမ္းခ်မ္းေရးအား ေရွးရႈ႕ကာ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္မ်ားေပးခဲ့ေၾကာင္း နစကေျပာခြင့္ရက ေျပာသည္။

ထိုသို႔ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးခဲ့သည္မွာ စုစုေပါင္း (၂ဝ၅)ဦးအထိရွိခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“ဒီအခ်က္အလက္ေတြ အမွန္တကယ္ရွိၿပီးျဖစ္တဲ့ ဒီအခ်က္အလက္ေတြကို မ်က္ကြယ္ျပဳၿပီး ဒီလိုမ်ိဳးတစ္ ဖက္သတ္စြပ္စြဲ ေျပာဆိုတာဟာ ၿငိမ္းခ်မ္းေရးအတြက္ အေထာက္အကူမျပဳဘူးလို႔ပဲ ေျပာခ်င္ပါတယ္” ဟု နစကေျပာခြင့္ရက တုံ႔ျပန္ထားသည္။

ထို႔ျပင္ ရခိုင္ျပည္နယ္၌ စစ္အင္အားမ်ား တိုးခ်ဲ႕ေနသည္ဟု ေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ ေနာက္တစ္ခုကေတာ့ ရခိုင္ျပည္နယ္နဲ႔ပတ္သက္ၿပီးေတာ့ စစ္အင္အားေတြ တိုးခ်ဲ႕ေနတယ္ဆိုတဲ့ ေျပာဆိုခ်က္မ်ိဳးေတြနဲ႔ ရခိုင္ျပည္သူလူထုကို ထင္ေရာင္ထင္မွားျဖစ္ေအာင္ ေဆာင္႐ြက္ေနတာမ်ိဳး ရွိပါတယ္။ တပ္မေတာ္အေနနဲ႔ကေတာ့ ရခိုင္ျပည္နယ္မွာ ယခင္ကတည္းကရွိၿပီးျဖစ္တဲ့ လုံၿခဳံေရးနဲ႔ပတ္ သက္ၿပီးေတာ့ ရွိေနတဲ့အင္အားေတြအတိုင္းပဲ ရွိပါတယ္” ဟု ျပန္လည္တုံ႔ျပန္ထားသည္။

သို႔ေသာ္ ျပည္သူလူထုရပ္႐ြာေအးခ်မ္းသာယာေရး၊ လမ္းပန္းဆက္သြယ္မႈလုံၿခဳံေခ်ာေမြ႕ေရးအတြက္ လိုအပ္သည့္ လုံၿခဳံေရးအင္အားမ်ားကို အသုံးျပဳထားမႈမ်ိဳးရွိေၾကာင္း နစကေျပာခြင့္ရက ဖြင့္ဟေျပာဆိုထားသည္။

ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၇ ရက္)က က်င္းပခဲ့ေသာ ULA/AA ၏ သတင္းစာရွင္းလင္းပြဲတြင္ ဦးခိုင္သုခက ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္မွ စစ္အင္အားမ်ား တိုးခ်ဲ႕ေနေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။

ရခိုင္ျပည္သူလူထုႏွင့္ တစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ားအေနျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးသည္ တည္ၿငိမ္ေအးခ်မ္းမႈရွိမွသာရရွိမည္ျဖစ္ၿပီး ျပည္သူလူထုအားလုံးအေနျဖင့္ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ၿငိမ္းခ်မ္းေရးရရွိရန္ ဝိုင္းဝန္းႀကိဳးပမ္းၾကရန္လည္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက တိုက္တြန္းထားသည္။

Picture

L Mone

28/02/2023 20:00

အလကားပါ ခိုင်သုခ အလုပ်မရှိလို့ ကိုယ့်လီးကို ကိုယ်ပြန်စုပ်နေရတာ အားမရလို့ ထထ ဟောင်နေတာ ရခိုင်ပြည်နယ် မတိုးတက်ဖူး လို့ပြောပြောနေရအောင် ရခိုင်ပြည်နယ်ကို ရော ရောက်သေးရဲ့လားလို့ မေးရမှာ လိုင်ဇာနဲ့ ပန်ဆိုင်းမှာ ဖာချလိုက် မုဒိန်းကျင့်လိုက် (ကိုယ်အမျိူးကို မယူပဲ ပန်းကောင်းအညွန့်ချိူးစားခြင်း) လုပ်စားနေတာ ရခိုင်နယ်ကော ဘယ်အချိန်သွားဖူးလို့လဲ မေးပေးရမှာ သူတောင်းစား ဘိန်းစား တွေ မင်းတို့ ယုံကြည်တဲ့ ရခိုင်လူငယ်တွေ ဘဝ ခွေးသေဝက်သေ ခြေပြတ်လက်ပြတ် ပြည်နယ်တွင်း စစ်ဘေးသင့်ရတဲ့ ဒုက္ခ ကြီးပဲ ခါးသီးစွာ ခံစားနေကြရတာပါ..။ပြည်နယ်ကို ဖျက်ဆီးနေတဲ့ ထွန်းမြတ်နိုင်နဲ့ ခိုက်သုခ သားသမီးတွေ ဝဋ်မလည်ပါစေနဲ့...

Related news

© 2021. All rights reserved.