တောင်ဥက္ကလာပမြို့နယ်တွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားပြီး ယာဉ်မောင်းတစ်ဦးသေဆုံး

 631

Pearl (NP News) - မတ် ၁

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၈)ရက်၊ ည(၈)နာရီဝန်းကျင်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ သစ္စာလမ်းမပေါ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မနေ့က ည(၈)နာရီလောက်က ဖြစ်တာ။ ကားက အရှိန်လွန်ပြီး ခြံစည်းရိုးကိုတိုက်မိတယ်၊ ပြီးတော့ မီး လောင်သွားတာ၊ ယာဉ်မောင်း အမျိုးသားတစ်ဦး ဆုံးသွားပါတယ်၊ Dead Body ကို ကျွန်တော်တို့မိတ်ဖက်ဖြစ်တဲ့ လူမှုကူညီရေးအသင်းက စံပြဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်"ဟု ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုအတည်ပြုပြောဆိုထားပါသည်။

အဆိုပါ မီးလောင်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦးသေဆုံးသွားခဲ့ပြီး Dead Body အား စံပြဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ကားတစ္စီး မီးေလာင္မႈျဖစ္ပြားၿပီး ယာဥ္ေမာင္းတစ္ဦးေသဆုံး

Pearl (NP News) - မတ္ ၁

ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ကားတစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္တြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ (၂၈)ရက္၊ ည(၈)နာရီဝန္းက်င္ခန႔္တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္(၇) ရပ္ကြက္၊ သစၥာလမ္းမေပၚတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"မေန႔က ည(၈)နာရီေလာက္က ျဖစ္တာ။ ကားက အရွိန္လြန္ၿပီး ၿခံစည္း႐ိုးကိုတိုက္မိတယ္၊ ၿပီးေတာ့ မီး ေလာင္သြားတာ၊ ယာဥ္ေမာင္း အမ်ိဳးသားတစ္ဦး ဆုံးသြားပါတယ္၊ Dead Body ကို ကြၽန္ေတာ္တို႔မိတ္ဖက္ျဖစ္တဲ့ လူမႈကူညီေရးအသင္းက စံျပေဆး႐ုံ ရင္ခြဲ႐ုံကို ပို႔ေဆာင္ေပးထားပါတယ္"ဟု ေ႐ႊေရာင္တြဲလက္လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကိုအတည္ျပဳေျပာဆိုထားပါသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့ၿပီး Dead Body အား စံျပေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.