မြန်မာနိုင်ငံ၌ ပထမဆုံးတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းသုံးခုအတွက် MOA လက်မှတ်ရေးထိုး

 2884

ယွန်း (NP News) - မတ် ၂

မြန်မာနိုင်ငံ၌ ပထမဆုံးတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းသုံးခုအတွက် သဘောတူညီမှုစာချွန်လွှာ(MOA) အား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စီမံကိန်း သုံးခုကို ရခိုင်ပြည်နယ်ရှိ မြို့နယ်(၃)ခု၌ အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ပြီး စုစုပေါင်းလျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၆ဝ ထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မတ်လ(၁)ရက်က နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr.Chen Hai တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်း သဘောတူညီမှုစာချွန်လွှာတွင် လေအားလျှပ်စစ်စီမံကိန်း(၃)ခုဖြစ်သည့် အမ်းလေအားလျှပ်စစ်စီမံကိန်း(၁၅ဝ)မဂ္ဂါဝပ်၊ ဂွလေအားလျှပ်စစ်စီမံကိန်း(၁ဝဝ)မဂ္ဂါဝပ်၊ သံတွဲလေအားလျှပ်စစ်စီမံကိန်း (၁၁ဝ)မဂ္ဂါဝပ်တို့ပါဝင်ကြောင်း သိရသည်။

MOA စာချုပ်အား စီမံကိန်းအကောင်အထည်ဖော် ‌ဆောင်ရွက်မည့် မြန်မာနိုင်ငံသားပိုင် PRIMUS၊ ဟောင်ကောင်အခြေစိုက် AED နှင့် တရုတ်နိုင်ငံမှ YMEC တို့မှ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်သံအမတ်ကြီး H.E. Mr.Chen Hai က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ပြည်တွင်းလျှပ်စစ်ဓာတ်အားဖူလုံမှုနှင့် ၂ဝ၃ဝ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိနိုင်ရန် ရည်မှန်းချက်အားပြည့်မီရေးအတွက် လျှပ်စစ်ကဏ္ဍတွင်ဆောင်ရွက်နေသည့် စီမံကိန်းများ၌ ပူးပေါင်း ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

စီမံကိန်း(၃)ခုလုံးမှ ၂ဝ၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း(၃)ခုအနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် (၅ဝ)မဂ္ဂါဝပ်ကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ ပထမဆုံးတည္ေဆာက္မည့္ ေလအားလွ်ပ္စစ္စီမံကိန္းသုံးခုအတြက္ MOA လက္မွတ္ေရးထိုး
ယြန္း (NP News) - မတ္ ၂

ျမန္မာႏိုင္ငံ၌ ပထမဆုံးတည္ေဆာက္မည့္ ေလအားလွ်ပ္စစ္စီမံကိန္းသုံးခုအတြက္ သေဘာတူညီမႈစာခြၽန္လႊာ(MOA) အား လက္မွတ္ေရးထိုးခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ စီမံကိန္း သုံးခုကို ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္(၃)ခု၌ အေကာင္အထည္ေဖာ္တည္ေဆာက္မည္ျဖစ္ၿပီး စုစုေပါင္းလွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၃၆ဝ ထုတ္လုပ္မည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ လက္မွတ္ေရးထိုးပြဲ အခမ္းအနားကို မတ္လ(၁)ရက္က ေနျပည္ေတာ္ရွိ လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဌာန၌ က်င္းပခဲ့ေၾကာင္း သိရသည္။

လက္မွတ္ေရးထိုးပြဲ အခမ္းအနားသို႔ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းဟန္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး H.E. Mr.Chen Hai တို႔တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

၎ သေဘာတူညီမႈစာခြၽန္လႊာတြင္ ေလအားလွ်ပ္စစ္စီမံကိန္း(၃)ခုျဖစ္သည့္ အမ္းေလအားလွ်ပ္စစ္စီမံကိန္း(၁၅ဝ)မဂၢါဝပ္၊ ဂြေလအားလွ်ပ္စစ္စီမံကိန္း(၁ဝဝ)မဂၢါဝပ္၊ သံတြဲေလအားလွ်ပ္စစ္စီမံကိန္း (၁၁ဝ)မဂၢါဝပ္တို႔ပါဝင္ေၾကာင္း သိရသည္။

MOA စာခ်ဳပ္အား စီမံကိန္းအေကာင္အထည္ေဖာ္ ‌ေဆာင္႐ြက္မည့္ ျမန္မာႏိုင္ငံသားပိုင္ PRIMUS၊ ေဟာင္ေကာင္အေျခစိုက္ AED ႏွင့္ တ႐ုတ္ႏိုင္ငံမွ YMEC တို႔မွ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

တ႐ုတ္သံအမတ္ႀကီး H.E. Mr.Chen Hai က တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ ျပည္တြင္းလွ်ပ္စစ္ဓာတ္အားဖူလုံမႈႏွင့္ ၂ဝ၃ဝ ျပည့္ႏွစ္တြင္ ႏိုင္ငံေတာ္ဓာတ္အားစနစ္မွ တစ္ႏိုင္ငံလုံး လွ်ပ္စစ္ဓာတ္အားရရွိႏိုင္ရန္ ရည္မွန္းခ်က္အားျပည့္မီေရးအတြက္ လွ်ပ္စစ္က႑တြင္ေဆာင္႐ြက္ေနသည့္ စီမံကိန္းမ်ား၌ ပူးေပါင္း ပါဝင္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

စီမံကိန္း(၃)ခုလုံးမွ ၂ဝ၂၅ ခုႏွစ္အတြင္း လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္း(၃)ခုအနက္မွ ဂြစီမံကိန္း၏ ပထမအဆင့္ (၅ဝ)မဂၢါဝပ္ကို ၂ဝ၂၃ ခုႏွစ္ ဒီဇင္ဘာလတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.