ရီပတ်ဘလီကန်ပါဝါ စုံတွဲတစ်တွဲဖြစ်တဲ့ ကယ်လီနေးနဲ့ ဂျော့ခ်ျကွန်ဝေးတို့ဇနီးမောင်နှံ ကွာရှင်းပြတ်ဆဲ

 380

ရောင်နီ (NP News) - မတ် ၇

သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်တဲ့ ကယ်လီနေးကွန်ဝေးနဲ့ ရှေ့နေ ဂျော့ဒ်ကွန်ဝေး တို့ စုံတွဲဟာ အိမ်ထောင်သက် ဆယ်စုနှစ် နှစ်ခုကျော်ထိ အတူဖြတ်သန်းပြီးတဲ့နောက် ကွာရှင်းပြတ်စဲကြောင်းကို ပြီးခဲ့တဲ့ရက်က ကြေညာခဲ့ပါတယ်။

၂ဝဝ၁ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ ကွန်ဝေးတို့ ဇနီးမောင်နှံဟာ အခုဆိုရင် ကွာရှင်းမှုရဲ့နောက်ဆုံးအဆင့်ကို ရောက်ရှိ နေပြီဖြစ်တယ်လို့ ဂျော့ခ်ျ က တွစ်တာမှာ မျှဝေတဲ့ ကြေညာချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ကွန်ဝေး စုံတွဲဟာ ရီပတ်ဘလီကန်ပါဝါ စုံတွဲတစ်တွဲဖြစ်ခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့ နိုင်ငံရေးအမြင်မတူမှုတွေဟာ လူသိရှင်ကြား သဘောထား ကွဲလွဲနေခဲ့ပါတယ်။ ဂျော့ဒ်ကွန်ဝေး ဟာ ထရန့်ကို သမ္မတအဖြစ် အစပိုင်းမှာ ထောက်ခံခဲ့သော်လည်း နောက်ပိုင်းမှာ အပြင်းအထန်ဝေဖန်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် သူ့ရဲ့တွစ်တာမှာ ထရန့် ဆန့်ကျင်ရေးမှတ်ချက်များကြောင့် Follower ၂ သန်းကျော်ထိ ရရှိခဲ့ပြီး သူ့ရဲ့ ဇနီးဖြစ်သူ ထရန့်ရဲ့ထိပ်တန်းအကြံပေး ကယ်လီနေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ၂ဝ၁၉ ခုနှစ်က ဂျော့ခ်ျကွန်ဝေးဟာ ထရန့်ကို ဝေဖန်သူအုပ်စုငယ်နဲ့အတူ သမ္မတ ပြန်လည်ရွေးကောက်ခြင်းကို ဆန့်ကျင် တဲ့ ထရန့်ဆန့်ကျင်ရေးပရောဂျက်ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။

ကယ်လီနေးကွန်ဝေးကတော့ ယင်းအချိန်မှာ ခင်ပွန်းသည်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှ ထရမ့်ကို ဆန့်ကျင်တိုက်ခိုက် နေမှုများကို ကာကွယ်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ယင်းနောက် ကယ်လီကောနေးဟာ သမ္မတရွေးကောက်ပွဲမတိုင်မီ ၂၂ဝ ပြည့်နှစ်မှာ ထရန့်အစိုးရမှ နှုတ်ထွက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျော့ခ်ျကွန်ဝေးကလည်း မိသားစုအတွက် အချိန်ပိုမြှုပ်နှံရန် လင်ကွန်းပရောဂျက်မှ ထွက်ခွာကာ Twitter မှ ခေတ္တခဏအနားယူမှာဖြစ်ကြောင်း ကြေညာခဲ့ပြီး နောက် ဆိုရှယ်မီဒီယာမှ ပျောက်ကွယ်သွားခဲ့တာပါ။

၎င်းတို့ရဲ့ကွာရှင်းပြတ်စဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

Zawgyi Version;
ရီပတ္ဘလီကန္ပါဝါ စုံတြဲတစ္တြဲျဖစ္တဲ့ ကယ္လီေနးနဲ႔ ေဂ်ာ့ခ္်ကြန္ေဝးတို႔ဇနီးေမာင္ႏွံ ကြာရွင္းျပတ္ဆဲ
ေရာင္နီ (NP News) - မတ္ ၇

သမၼတေဟာင္း ေဒၚနယ္ထရန္႔ရဲ႕ ထိပ္တန္းအႀကံေပးတစ္ဦးျဖစ္တဲ့ ကယ္လီေနးကြန္ေဝးနဲ႔ ေရွ႕ေန ေဂ်ာ့ဒ္ကြန္ေဝး တို႔ စုံတြဲဟာ အိမ္ေထာင္သက္ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ထိ အတူျဖတ္သန္းၿပီးတဲ့ေနာက္ ကြာရွင္းျပတ္စဲေၾကာင္းကို ၿပီးခဲ့တဲ့ရက္က ေၾကညာခဲ့ပါတယ္။

၂ဝဝ၁ ခုႏွစ္မွာ လက္ထပ္ခဲ့တဲ့ ကြန္ေဝးတို႔ ဇနီးေမာင္ႏွံဟာ အခုဆိုရင္ ကြာရွင္းမႈရဲ႕ေနာက္ဆုံးအဆင့္ကို ေရာက္ရွိ ေနၿပီျဖစ္တယ္လို႔ ေဂ်ာ့ခ္် က တြစ္တာမွာ မွ်ေဝတဲ့ ေၾကညာခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။ ကြန္ေဝး စုံတြဲဟာ ရီပတ္ဘလီကန္ပါဝါ စုံတြဲတစ္တြဲျဖစ္ခဲ့ေပမယ့္လည္း ၎တို႔ရဲ႕ ႏိုင္ငံေရးအျမင္မတူမႈေတြဟာ လူသိရွင္ၾကား သေဘာထား ကြဲလြဲေနခဲ့ပါတယ္။ ေဂ်ာ့ဒ္ကြန္ေဝး ဟာ ထရန္႔ကို သမၼတအျဖစ္ အစပိုင္းမွာ ေထာက္ခံခဲ့ေသာ္လည္း ေနာက္ပိုင္းမွာ အျပင္းအထန္ေဝဖန္သူတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

အဲဒီေနာက္ သူ႔ရဲ႕တြစ္တာမွာ ထရန္႔ ဆန႔္က်င္ေရးမွတ္ခ်က္မ်ားေၾကာင့္ Follower ၂ သန္းေက်ာ္ထိ ရရွိခဲ့ၿပီး သူ႔ရဲ႕ ဇနီးျဖစ္သူ ထရန္႔ရဲ႕ထိပ္တန္းအႀကံေပး ကယ္လီေနးနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြ ျမင့္တက္ခဲ့ပါတယ္။ ၂ဝ၁၉ ခုႏွစ္က ေဂ်ာ့ခ္်ကြန္ေဝးဟာ ထရန္႔ကို ေဝဖန္သူအုပ္စုငယ္နဲ႔အတူ သမၼတ ျပန္လည္ေ႐ြးေကာက္ျခင္းကို ဆန႔္က်င္ တဲ့ ထရန္႔ဆန႔္က်င္ေရးပေရာဂ်က္ကို ပူးတြဲတည္ေထာင္ခဲ့ပါတယ္။

ကယ္လီေနးကြန္ေဝးကေတာ့ ယင္းအခ်ိန္မွာ ခင္ပြန္းသည္ရဲ႕ ဆိုရွယ္မီဒီယာေပၚမွ ထရမ့္ကို ဆန႔္က်င္တိုက္ခိုက္ ေနမႈမ်ားကို ကာကြယ္သူတစ္ဦးျဖစ္ခဲ့ပါတယ္။ ယင္းေနာက္ ကယ္လီေကာေနးဟာ သမၼတေ႐ြးေကာက္ပြဲမတိုင္မီ ၂၂ဝ ျပည့္ႏွစ္မွာ ထရန္႔အစိုးရမွ ႏႈတ္ထြက္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေဂ်ာ့ခ္်ကြန္ေဝးကလည္း မိသားစုအတြက္ အခ်ိန္ပိုျမႇဳပ္ႏွံရန္ လင္ကြန္းပေရာဂ်က္မွ ထြက္ခြာကာ Twitter မွ ေခတၱခဏအနားယူမွာျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး ေနာက္ ဆိုရွယ္မီဒီယာမွ ေပ်ာက္ကြယ္သြားခဲ့တာပါ။

၎တို႔ရဲ႕ကြာရွင္းျပတ္စဲမႈနဲ႔ပတ္သက္ၿပီး အေသးစိတ္ကိုေတာ့ ရွင္းလင္းေျပာၾကားခဲ့ျခင္း မရွိဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.