ထိုင်းအစိုးရအဖွဲ့ နောက်ဆုံးအစည်းအဝေးကျင်းပပြီးချိန်မှာ လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

 955

ဂျန်ဇက် (NP News) - မတ် ၇

လာမယ့်သီတင်းပတ်အတွင်း အစိုးရအဖွဲ့ အစည်းအဝေးကျင်းပပြီးချိန်မှာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းသွားမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီး ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လာမယ့် သီတင်းပတ်အတွင်းပြုလုပ်မယ့်အစည်းအဝေးဟာ လက်ရှိအစိုးရက နောက်ဆုံးကျင်းပတဲ့ အစည်းအဝေး ဖြစ်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်က "အစိုးရအဖွဲ့အစည်းအဝေး ကျင်းပပြီးချိန်မှာ လွှတ်တော် ကို ဖျက်သိမ်းမှာပါ။ ဒီကြားထဲမှာ လုပ်ဆောင်စရာကိစ္စတွေ ရှိနေသေးတယ်။ ပြည်သူတွေဟာ အခက်အခဲတွေ တွေ့ကြုံနေရဆဲဖြစ်သလို အစိုးရဟာ ပြဿနာတွေကိုဖြေရှင်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်" လို့ပြောပါတယ်။

လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် ထိုင်း ရွေးကောက်ပွဲကော်မရှင်ဟာ လာမယ့်မေလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ထိုင်းဝန်ကြီးချုပ် က "လွှတ်တော်ကို ဖျက်သိမ်းဖို့ နီးစပ်နေပါတယ်။ ဒါပေမယ့် ဘယ်ရက်မှာ အပြီးဖျက်သိမ်းမယ်ဆိုတာကို ကြိုမပြောလိုသေးဘူး လွှတ်တော်ဖျက်သိမ်းရေးနဲ့ပတ်သက် ပြီး ညွှန်ပေါင်းအစိုးရအဖွဲ့အတွင်းက ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ညွှန်ပေါင်းအစိုးရအဖွဲ့ အတွင်းမှာ ပါဝင်တဲ့ ပါတီခေါင်းဆောင်တွေကလည်း လွှတ်တော်ဖျက်သိမ်းမှာကို သဘောတူညီမှုရှိကြပါတယ်" လို့ ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ ဒီသီတင်းပတ်အတွင်းမှာ အရေးတကြီး လုပ်ဆောင်စရာကိစ္စ ၄ဝ ကျော်ရှိနေဆဲဖြစ်ကြောင်း၊ ပြည်သူတွေ အကျိုးအတွက် ဘတ်ဂျက်အားလုံးကို အတည်ပြု ခွင့်ပြုသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် က ပြောပါတယ်။

Zawgyi Version;
ထိုင္းအစိုးရအဖြဲ႕ ေနာက္ဆုံးအစည္းအေဝးက်င္းပၿပီးခ်ိန္မွာ လႊတ္ေတာ္ကို ဖ်က္သိမ္းမယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၇

လာမယ့္သီတင္းပတ္အတြင္း အစိုးရအဖြဲ႕ အစည္းအေဝးက်င္းပၿပီးခ်ိန္မွာ ထိုင္းလႊတ္ေတာ္ကို ဖ်က္သိမ္းသြားမွာ ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီး ပရာယြတ္ခ်န္အိုခ်ာက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

လာမယ့္ သီတင္းပတ္အတြင္းျပဳလုပ္မယ့္အစည္းအေဝးဟာ လက္ရွိအစိုးရက ေနာက္ဆုံးက်င္းပတဲ့ အစည္းအေဝး ျဖစ္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္က "အစိုးရအဖြဲ႕အစည္းအေဝး က်င္းပၿပီးခ်ိန္မွာ လႊတ္ေတာ္ ကို ဖ်က္သိမ္းမွာပါ။ ဒီၾကားထဲမွာ လုပ္ေဆာင္စရာကိစၥေတြ ရွိေနေသးတယ္။ ျပည္သူေတြဟာ အခက္အခဲေတြ ေတြ႕ႀကဳံေနရဆဲျဖစ္သလို အစိုးရဟာ ျပႆနာေတြကိုေျဖရွင္းဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္" လို႔ေျပာပါတယ္။

လႊတ္ေတာ္ကို ဖ်က္သိမ္းၿပီးေနာက္ ထိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ လာမယ့္ေမလ ၇ ရက္ေန႔မွာ ေ႐ြးေကာက္ပြဲ က်င္းပသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ က "လႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ နီးစပ္ေနပါတယ္။ ဒါေပမယ့္ ဘယ္ရက္မွာ အၿပီးဖ်က္သိမ္းမယ္ဆိုတာကို ႀကိဳမေျပာလိုေသးဘူး လႊတ္ေတာ္ဖ်က္သိမ္းေရးနဲ႔ပတ္သက္ ၿပီး ၫႊန္ေပါင္းအစိုးရအဖြဲ႕အတြင္းက ပါတီေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးေနဆဲျဖစ္ပါတယ္။ ၫႊန္ေပါင္းအစိုးရအဖြဲ႕ အတြင္းမွာ ပါဝင္တဲ့ ပါတီေခါင္းေဆာင္ေတြကလည္း လႊတ္ေတာ္ဖ်က္သိမ္းမွာကို သေဘာတူညီမႈရွိၾကပါတယ္" လို႔ ေျပာပါတယ္။

ထိုင္းအစိုးရအေနနဲ႔ ဒီသီတင္းပတ္အတြင္းမွာ အေရးတႀကီး လုပ္ေဆာင္စရာကိစၥ ၄ဝ ေက်ာ္ရွိေနဆဲျဖစ္ေၾကာင္း၊ ျပည္သူေတြ အက်ိဳးအတြက္ ဘတ္ဂ်က္အားလုံးကို အတည္ျပဳ ခြင့္ျပဳသြားမွာျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ က ေျပာပါတယ္။

Related news

© 2021. All rights reserved.