သန်းခေါင်းစာရင်းမေးခွန်းပုံစံ ပြင်ဆင်အတည်ပြုခြင်းအပြင် ကောက်ကွက်ဖွဲ့ခြင်းကို သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ပြီးဖြစ်

 521

ယွန်း (NP News) - ဧပြီ ၂၇

သန်းခေါင်းစာရင်းမေးခွန်းပုံစံ ပြင်ဆင်အတည်ပြုခြင်းအပြင် ကောက်ကွက်ဖွဲ့ခြင်းကို သတ်မှတ်အချိန်ဇယား အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဧပြီ(၂၆)ရက်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပညာရေးဝန်ထမ်းများက အဓိက ပါဝင်မည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ (Volunteers) များ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် သန်းခေါင်စာရင်းလုပ်ငန်းနှင့်ပတ်သက်၍ စမ်းသပ်သန်းခေါင်စာရင်းမှ ရရှိလာသည့် အတွေ့ အကြုံများ၊ အားသာချက်၊ အားနည်းချက်များကို အခြေခံ၍ ကောက်ကွက်ဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်းမေးခွန်းပုံစံ ပြင်ဆင်အတည်ပြုခြင်းတို့ကို သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့်ကို လာမည့်ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဖွင့်လှစ်သွားမည် ဖြစ်သဖြင့် စာရင်းကောက်ယူမည့် Mobile Tablet များ အပါအဝင် လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို စာရင်းစစ်၊ စာရင်းကောက်များထံ အချိန်မီထုတ်ပေးနိုင်ရေးကို ကြိုတင် ပြင်ဆင်ထားရန် ပြည်ထောင်စုဝန်ကြီးက အသိပေးထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း(၄၂၀၀၀)ခန့်ဖြင့် ကောက်ယူ ဆောင်ရွက် ရန်လျာထားပြီး နေပြည်တော်တွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း(၁၀၉၄)ဦး ခန့်ထား ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

Zawgyi Version;
သန္းေခါင္းစာရင္းေမးခြန္းပုံစံ ျပင္ဆင္အတည္ျပဳျခင္းအျပင္ ေကာက္ကြက္ဖြဲ႕ျခင္းကို သတ္မွတ္အခ်ိန္ဇယားအတိုင္း အခ်ိန္မီၿပီးစီးေရး ေဆာင္႐ြက္ၿပီးျဖစ္
ယြန္း (NP News) - ဧၿပီ ၂၇

သန္းေခါင္းစာရင္းေမးခြန္းပုံစံ ျပင္ဆင္အတည္ျပဳျခင္းအျပင္ ေကာက္ကြက္ဖြဲ႕ျခင္းကို သတ္မွတ္အခ်ိန္ဇယား အတိုင္း အခ်ိန္မီၿပီးစီးေရး ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္က ေျပာသည္။

ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္က ဧၿပီ(၂၆)ရက္တြင္ ေနျပည္ေတာ္ရွိ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

သန္းေခါင္စာရင္း ေကာက္ယူရာတြင္ စာရင္းစစ္၊ စာရင္းေကာက္မ်ားအျဖစ္ ပညာေရးဝန္ထမ္းမ်ားက အဓိက ပါဝင္မည္ျဖစ္ၿပီး ဌာနဆိုင္ရာ ဝန္ထမ္းမ်ား၊ လူမႈေရး အဖြဲ႕အစည္းမ်ား၊ တကၠသိုလ္ေက်ာင္းသား/ ေက်ာင္းသူမ်ားႏွင့္ စိတ္ပါဝင္စားသူ (Volunteers) မ်ား ပါဝင္ေဆာင္႐ြက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

ဝန္ႀကီးဌာနအေနျဖင့္ သန္းေခါင္စာရင္းလုပ္ငန္းႏွင့္ပတ္သက္၍ စမ္းသပ္သန္းေခါင္စာရင္းမွ ရရွိလာသည့္ အေတြ႕ အႀကဳံမ်ား၊ အားသာခ်က္၊ အားနည္းခ်က္မ်ားကို အေျခခံ၍ ေကာက္ကြက္ဖြဲ႕စည္းျခင္း၊ သန္းေခါင္စာရင္းေမးခြန္းပုံစံ ျပင္ဆင္အတည္ျပဳျခင္းတို႔ကို သတ္မွတ္အခ်ိန္ဇယားအတိုင္း အခ်ိန္မီၿပီးစီးေရးအတြက္ ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ သန္းေခါင္စာရင္း သင္တန္းအဆင့္ဆင့္ကို လာမည့္ဩဂုတ္လႏွင့္ စက္တင္ဘာလတို႔တြင္ ဖြင့္လွစ္သြားမည္ ျဖစ္သျဖင့္ စာရင္းေကာက္ယူမည့္ Mobile Tablet မ်ား အပါအဝင္ လုပ္ငန္းအတြက္ အသုံးျပဳရန္ လိုအပ္သည့္ အေထာက္အကူျပဳပစၥည္းမ်ားကို စာရင္းစစ္၊ စာရင္းေကာက္မ်ားထံ အခ်ိန္မီထုတ္ေပးႏိုင္ေရးကို ႀကိဳတင္ ျပင္ဆင္ထားရန္ ျပည္ေထာင္စုဝန္ႀကီးက အသိေပးထားသည္။

တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ေျမျပင္ကြင္းဆင္းေရးဆြဲမႈအရ သန္းေခါင္စာရင္းယူနစ္ ၈၀၀၀၀ ခန႔္ရွိၿပီး စာရင္းေကာက္ကြက္ေပါင္း ၁၁၀၀၀၀ ခန႔္ရွိေၾကာင္း သိရသည္။

သန္းေခါင္စာရင္း ေကာက္ယူရာတြင္ စာရင္းစစ္၊ စာရင္းေကာက္ စုစုေပါင္း(၄၂၀၀၀)ခန႔္ျဖင့္ ေကာက္ယူ ေဆာင္႐ြက္ ရန္လ်ာထားၿပီး ေနျပည္ေတာ္တြင္ စာရင္းစစ္၊ စာရင္းေကာက္ စုစုေပါင္း(၁၀၉၄)ဦး ခန႔္ထား ေဆာင္႐ြက္ရန္ လ်ာထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.