အမေရိကန်နဲ့ တရုတ်တို့က ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေဖြစ်သင့်တယ်လို့ တရုတ်သမ္မတ ပြော

 401

Pika (NP News) – ဧပြီ ၂၇

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့တရုတ်တို့ဟာ ပြိုင်ဖက်တွေမဟုတ်ဘဲ မိတ်ဖက်တွေသာဖြစ်သင့်တယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင် ကန်ကို ဧပြီလ(၂၆)ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ဖြေရှင်းရမယ့်ပြဿနာတွေ အများအပြားရှိတယ်လို့လည်း ရှီကျင့်ဖျင်က ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံကို (၁)နှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့တဲ့ အန်တိုနီဘလင်ကန်ဟာ ဘေဂျင်းမြို့မှာ တရုတ်ထိပ်တန်းနိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်အတွင်းမှာ အန်တိုနီ ဘလင်ကန်ဟာ ရုရှား၊ ထိုင်ဝမ်၊ ကုန်သွယ်မှုတို့ အပါအဝင် အခြားအရေးပါတဲ့နယ်ပယ်တွေကို တိုက်ရိုက် မြှင့်တင်ပေးသွားနိုင်လိမ့်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း နှစ်နိုင်ငံကြား အပြုသဘောဆောင် တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ရှီကျင့်ဖျင်က အန်တိုနီဘလင်ကန်ကို ပြောကြားခဲ့ပါတယ်။

ရှီကျင့်ဖျင်က “အမေရိကန် နဲ့ တရုတ်တို့ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေဖြစ်သင့်ပါတယ်။ နှစ်နိုင်ငံကြား မှာ ဖြေရှင်းဖို့လိုအပ်နေတဲ့ ပြဿနာတွေလည်းရှိနေပါသေးတယ်။ နောက်ထပ်ကြိုးပမ်းမှုတွေ လုပ်ဆောင်ရမယ့် အရာတွေ ရှိနေပါသေးတယ်။ အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘောဆောင် တဲ့အမြင်တွေ ထားပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ နှစ်နိုင်ငံကြားမှာဖြစ်ပွားနေတဲ့အခြေခံပြဿနာ ကို ဖြေရှင်းပြီးရင် ဆက်ဆံရေးတွေကို တည်ငြိမ်ကောင်းမွန်လာပြီး ရှေ့ဆက်နိုင်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္နဲ႔ တ႐ုတ္တို႔က ၿပိဳင္ဘက္ေတြမဟုတ္ဘဲ မိတ္ဖက္ေတြျဖစ္သင့္တယ္လို႔ တ႐ုတ္သမၼတ ေျပာ
Pika (NP News) – ဧၿပီ ၂၇

ကမာၻ႔စီးပြားေရးအင္အားအႀကီးဆုံးႏိုင္ငံ ႏွစ္ႏိုင္ငံျဖစ္တဲ့ အေမရိကန္နဲ႔တ႐ုတ္တို႔ဟာ ၿပိဳင္ဖက္ေတြမဟုတ္ဘဲ မိတ္ဖက္ေတြသာျဖစ္သင့္တယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ ကန္ကို ဧၿပီလ(၂၆)ရက္မွာ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးမွာ ေျဖရွင္းရမယ့္ျပႆနာေတြ အမ်ားအျပားရွိတယ္လို႔လည္း ရွီက်င့္ဖ်င္က ေျပာခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံကို (၁)ႏွစ္အတြင္းမွာ ဒုတိယအႀကိမ္ေျမာက္ သြားေရာက္ခဲ့တဲ့ အန္တိုနီဘလင္ကန္ဟာ ေဘဂ်င္းၿမိဳ႕မွာ တ႐ုတ္ထိပ္တန္းႏိုင္ငံေရးသမားေတြနဲ႔ ေတြ႕ဆုံခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီခရီးစဥ္အတြင္းမွာ အန္တိုနီ ဘလင္ကန္ဟာ ႐ုရွား၊ ထိုင္ဝမ္၊ ကုန္သြယ္မႈတို႔ အပါအဝင္ အျခားအေရးပါတဲ့နယ္ပယ္ေတြကို တိုက္႐ိုက္ ျမႇင့္တင္ေပးသြားႏိုင္လိမ့္မယ္လို႔ အေမရိကန္တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ႏွစ္မွာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ ေတြ႕ဆုံၿပီးေနာက္ပိုင္း ႏွစ္ႏိုင္ငံၾကား အျပဳသေဘာေဆာင္ တဲ့ တိုးတက္မႈေတြ ရွိခဲ့တယ္လို႔ ရွီက်င့္ဖ်င္က အန္တိုနီဘလင္ကန္ကို ေျပာၾကားခဲ့ပါတယ္။

ရွီက်င့္ဖ်င္က “အေမရိကန္ နဲ႔ တ႐ုတ္တို႔ဟာ ၿပိဳင္ဘက္ေတြမဟုတ္ဘဲ မိတ္ဖက္ေတြျဖစ္သင့္ပါတယ္။ ႏွစ္ႏိုင္ငံၾကား မွာ ေျဖရွင္းဖို႔လိုအပ္ေနတဲ့ ျပႆနာေတြလည္းရွိေနပါေသးတယ္။ ေနာက္ထပ္ႀကိဳးပမ္းမႈေတြ လုပ္ေဆာင္ရမယ့္ အရာေတြ ရွိေနပါေသးတယ္။ အေမရိကန္ႏိုင္ငံအေနနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚ အျပဳသေဘာေဆာင္ တဲ့အျမင္ေတြ ထားေပးႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။ ႏွစ္ႏိုင္ငံၾကားမွာျဖစ္ပြားေနတဲ့အေျခခံျပႆနာ ကို ေျဖရွင္းၿပီးရင္ ဆက္ဆံေရးေတြကို တည္ၿငိမ္ေကာင္းမြန္လာၿပီး ေရွ႕ဆက္ႏိုင္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.