အမေရိကန်မှာဖြစ်ပွားနေတဲ့ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲတွေကို ဘီလျံနာသူဌေးကြီးဂျော့ဆိုးရော့စ်က ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ NYP ဖော်ပြ

 644

Pika (NP News) - ဧပြီ ၂၇

အမေရိကန်တက္ကသိုလ်ကြီးတွေမှာ သပိတ်စခန်းတွေ တည်ဆောက်ပြီး ဆန္ဒပြနေတဲ့ ကျောင်းသားအဖွဲ့ အများအပြားဟာ ဘီလျံနာသူဋ္ဌေးကြီးဂျော့ဆိုးရော့စ်ဆီကနေ ရန်ပုံငွေတွေ လက်ခံရရှိခဲ့တယ်လို့ New York Post သတင်းစာက ဧပြီလ(၂၆)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ယခုလအစောပိုင်းမှာ နယူးယောက်စီးတီးမြို့မှာရှိတဲ့ ကိုလံဘီယာတက္ကသိုလ်မှာစတင်ခဲ့တဲ့ဆန္ဒပြပွဲတွေဟာ ဟားဗက်တက္ကသိုလ်၊ Yale တက္ကသိုလ်နဲ့ UC Berkeley တက္ကသိုလ်တို့ အပါအဝင် အမေရိကန်နဲ့ကနေဒါတို့မှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်(၄၀)ကျော်ကို ပျံ့နှံ့သွားခဲ့ပါတယ်။
ကိုလံဘီယာတက္ကသိုလ်မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲကို Justice in Palestine (SJP) အဖွဲ့အစည်း၊ Jewish Voice for Peace (JVP) အဖွဲ့အစည်း နဲ့ Within Our Lifetime အဖွဲ့အစည်းတို့အဖြစ် ကျောင်းသားတွေက စီစဉ်ခဲ့တာဖြစ်ပါ တယ်။ အဲဒီအဖွဲ့အစည်းသုံးခုလုံးဟာ ဂျော့ဆိုးရော့စ်ရဲ့ Open Society Foundations အဖွဲ့အစည်းကနေ တစ်ဆင့် ရန်ပုံငွေတွေ ရရှိခဲ့တယ်လို့ New York Post က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ကျောင်းသားအဖွဲ့တွေအတွက် အခြားရန်ပုံငွေအလှူရှင်တွေကို Rockefeller Brothers Fund ဖောင်ဒေးရှင်း နဲ့ Wall Street ဘဏ်လုပ်ငန်းရှင်ဟောင်း Felice Gelman အဖြစ် New York Post ကဖော်ပြခဲ့ပါတယ်။ New York Post ရဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ဘယ်အဖွဲ့အစည်းကမှ ပြန်လည်တုံ့ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ဆန္ဒပြသူတွေဟာ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမက်စစ်ပွဲကို အပစ်အခတ်ရပ်စဲဖို့ နဲ့ အစ္စရေးကို နောက်ထပ်ငွေကြေးတွေ မထောက်ပံ့ပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

ဒါ့အပြင် အစ္စရေးအစိုးရနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ Lockheed Martin ကုမ္ပဏီ၊ Amazon ကုမ္ပဏီ၊ Google ကုမ္ပဏီနဲ့ Microsoft ကုမ္ပဏီတွေကိုလည်း စာချုပ်ကနေ နှုတ်ထွက်ဖို့ ဆန္ဒပြတဲ့ကျောင်းသားတွေက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အစ္စရေး-ဟားမက်စစ်ပွဲဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား (၁၂၀၀)ကျော် သေဆုံးခဲ့သလို ပါလက်စတိုင်းလူမျိုး(၃၄၀၀၀)ကျော် သေဆုံးခဲ့တယ်လို့လည်း သတင်းအချက်အလက်တွေအရသိရပါတယ်။

Zawgyi Version;
အေမရိကန္မွာျဖစ္ပြားေနတဲ့ ပါလက္စတိုင္းလိုလားတဲ့ဆႏၵျပပြဲေတြကို ဘီလ်ံနာသူေဌးႀကီးေဂ်ာ့ဆိုးေရာ့စ္က ေငြေၾကးေထာက္ပံ့ေပးခဲ့တယ္လို႔ NYP ေဖာ္ျပ
Pika (NP News) - ဧၿပီ ၂၇

အေမရိကန္တကၠသိုလ္ႀကီးေတြမွာ သပိတ္စခန္းေတြ တည္ေဆာက္ၿပီး ဆႏၵျပေနတဲ့ ေက်ာင္းသားအဖြဲ႕ အမ်ားအျပားဟာ ဘီလ်ံနာသူေ႒းႀကီးေဂ်ာ့ဆိုးေရာ့စ္ဆီကေန ရန္ပုံေငြေတြ လက္ခံရရွိခဲ့တယ္လို႔ New York Post သတင္းစာက ဧၿပီလ(၂၆)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ယခုလအေစာပိုင္းမွာ နယူးေယာက္စီးတီးၿမိဳ႕မွာရွိတဲ့ ကိုလံဘီယာတကၠသိုလ္မွာစတင္ခဲ့တဲ့ဆႏၵျပပြဲေတြဟာ ဟားဗက္တကၠသိုလ္၊ Yale တကၠသိုလ္နဲ႔ UC Berkeley တကၠသိုလ္တို႔ အပါအဝင္ အေမရိကန္နဲ႔ကေနဒါတို႔မွာရွိတဲ့ တကၠသိုလ္နဲ႔ ေကာလိပ္(၄၀)ေက်ာ္ကို ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။
ကိုလံဘီယာတကၠသိုလ္မွာျဖစ္ပြားခဲ့တဲ့ ဆႏၵျပပြဲကို Justice in Palestine (SJP) အဖြဲ႕အစည္း၊ Jewish Voice for Peace (JVP) အဖြဲ႕အစည္း နဲ႔ Within Our Lifetime အဖြဲ႕အစည္းတို႔အျဖစ္ ေက်ာင္းသားေတြက စီစဥ္ခဲ့တာျဖစ္ပါ တယ္။ အဲဒီအဖြဲ႕အစည္းသုံးခုလုံးဟာ ေဂ်ာ့ဆိုးေရာ့စ္ရဲ႕ Open Society Foundations အဖြဲ႕အစည္းကေန တစ္ဆင့္ ရန္ပုံေငြေတြ ရရွိခဲ့တယ္လို႔ New York Post က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ေက်ာင္းသားအဖြဲ႕ေတြအတြက္ အျခားရန္ပုံေငြအလႉရွင္ေတြကို Rockefeller Brothers Fund ေဖာင္ေဒးရွင္း နဲ႔ Wall Street ဘဏ္လုပ္ငန္းရွင္ေဟာင္း Felice Gelman အျဖစ္ New York Post ကေဖာ္ျပခဲ့ပါတယ္။ New York Post ရဲ႕ ေဖာ္ျပခ်က္ေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို ဘယ္အဖြဲ႕အစည္းကမွ ျပန္လည္တုံ႔ျပန္တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။

ဆႏၵျပသူေတြဟာ ဂါဇာကမ္းေျမာင္ေဒသမွာ ျဖစ္ပြားေနတဲ့ အစၥေရး-ဟားမက္စစ္ပြဲကို အပစ္အခတ္ရပ္စဲဖို႔ နဲ႔ အစၥေရးကို ေနာက္ထပ္ေငြေၾကးေတြ မေထာက္ပံ့ေပးဖို႔ အေမရိကန္အစိုးရကို ေတာင္းဆိုဆႏၵျပခဲ့ၾကတာလို႔ သိရပါတယ္။

ဒါ့အျပင္ အစၥေရးအစိုးရနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ Lockheed Martin ကုမၸဏီ၊ Amazon ကုမၸဏီ၊ Google ကုမၸဏီနဲ႔ Microsoft ကုမၸဏီေတြကိုလည္း စာခ်ဳပ္ကေန ႏႈတ္ထြက္ဖို႔ ဆႏၵျပတဲ့ေက်ာင္းသားေတြက ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

အစၥေရး-ဟားမက္စစ္ပြဲဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အစၥေရးႏိုင္ငံသား (၁၂၀၀)ေက်ာ္ ေသဆုံးခဲ့သလို ပါလက္စတိုင္းလူမ်ိဳး(၃၄၀၀၀)ေက်ာ္ ေသဆုံးခဲ့တယ္လို႔လည္း သတင္းအခ်က္အလက္ေတြအရသိရပါတယ္။

Related news

© 2021. All rights reserved.