Bakhmut မြို့ကို သိမ်းပိုက်နိုင်မယ်ဆိုရင် ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ဘက်ပိုင်းကို ပိုမိုထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ဟု ယူကရိန်းသမ္မတ သတိပေး

 620

ဂျန်ဇက် (NP News) - မတ် ၈

ရုရှားတပ်ဖွဲ့တွေဟာ ဝန်းရံပိတ်ဆို့ထားတဲ့ Bakhmut မြို့ကို သိမ်းပိုက်နိုင်မယ်ဆိုရင် ယူကရိန်းအရှေ့ဘက်ပိုင်း အတွင်းပိုင်းကို သွားရောက်ဖို့ လမ်းကြောင်းပွင့်သွားမှာဖြစ်ကြောင်း၊ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ယူကရိန်းသမ္မတက "ရုရှားတပ်ဖွဲ့တွေဟာ Bakhmut မြို့ကို သိမ်းပိုက်နိုင်မယ်ဆိုရင် ယူကရိန်းအရှေ့ဘက်ပိုင်းမြို့ တွေဖြစ်တဲ့ Kramatorsk မြို့နဲ့ Sloviansk မြို့တွေကို ဆက်လက်ချီတက်ဖို့ လမ်းကြောင်းတွေ ပွင့်သွားမှာဖြစ်ပါ တယ်" လို့ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ Bakhmut မြို့ကို သိမ်းပိုက်ဖို့ ဆန္ဒပြင်းပြနေပြီး အဆိုပါမြို့မှာ လအတန်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့နေကြောင်း၊ Bakhmut မြို့ကို သိမ်းပိုက်နိုင်ခဲ့ရင် ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ဘက်ပိုင်း
အတွင်းပိုင်းမြို့များအထိ ဆက်လက်တိုက်ခိုက်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ Bakhmut မြို့ မကျဆုံးစေဖို့ အပြင်းထန်ခုခံနေပြီး Bakhmut မြို့တိုက်ပွဲဟာ ယူကရိန်း ကို ရုရှားတို့ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း သိမ်းပိုက်နိုင်ဖို့ လအကြာဆုံး တိုက်ခိုက်နေရတဲ့မြို့ဖြစ်ပါတယ်။

ရုရှားဟာ အဆိုပါမြို့ကို သိမ်းပိုက်နိုင်ဖို့ အရာအားလုံး အသုံးပြုတိုက်ခိုက်နေကြောင်း သတင်းများက ဆိုပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးကလည်း "Bakhmut မြို့ကို သိမ်းပိုက်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ခံစစ်လိုင်း အတွင်းပိုင်းကို ပိုမိုထိုးစစ်ဆင် တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ယူကရိန်းသမ္မတဟာ အဆိုပါမြို့ မကျဆုံးစေဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းစစ်ဘက်တာဝန်ရှိသူများနဲ့ တပ်မှူးများ နဲ့ အွန်လိုင်းတွေ့ဆုံဆွေးနွေးမှု၊ offline တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ မြို့မကျဆုံးအောင် အပြင်းအထန်ခုခံ ကာကွယ်ဖို့ ဆွေးနွေးခဲ့ကြောင်း သတင်းတွေ က ဆိုပါတယ်။ ယူကရိန်းသမ္မတ က "ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိသမျှ အရာအားလုံးလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ မြို့အတွင်းမှာရှိနေတဲ့ တပ်ဖွဲ့တွေအတွက် လက်နက်များနဲ့ အခြားထောက်ပံ့ရေးများ အရှိန်မြင့်လုပ်ဆောင်သွားမှာပါ။ တန်ပြန်ထိုးစစ်ဆင်ဖို့လည်း အဆင့်သင့် ရှိထားရမှာဖြစ်တယ်" လို့ ပြောပါတယ်။

Zawgyi Version;
Bakhmut ၿမိဳ႕ကို သိမ္းပိုက္ႏိုင္မယ္ဆိုရင္ ႐ုရွားတပ္ဖြဲ႕ေတြက ယူကရိန္းအေရွ႕ဘက္ပိုင္းကို ပိုမိုထိုးစစ္ဆင္ တိုက္ခိုက္လာႏိုင္ဟု ယူကရိန္းသမၼတ သတိေပး
ဂ်န္ဇက္ (NP News) - မတ္ ၈

႐ုရွားတပ္ဖြဲ႕ေတြဟာ ဝန္းရံပိတ္ဆို႔ထားတဲ့ Bakhmut ၿမိဳ႕ကို သိမ္းပိုက္ႏိုင္မယ္ဆိုရင္ ယူကရိန္းအေရွ႕ဘက္ပိုင္း အတြင္းပိုင္းကို သြားေရာက္ဖို႔ လမ္းေၾကာင္းပြင့္သြားမွာျဖစ္ေၾကာင္း၊ ယူကရိန္းသမၼတ ဇီလန္စကီးက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ယူကရိန္းသမၼတက "႐ုရွားတပ္ဖြဲ႕ေတြဟာ Bakhmut ၿမိဳ႕ကို သိမ္းပိုက္ႏိုင္မယ္ဆိုရင္ ယူကရိန္းအေရွ႕ဘက္ပိုင္းၿမိဳ႕ ေတြျဖစ္တဲ့ Kramatorsk ၿမိဳ႕နဲ႔ Sloviansk ၿမိဳ႕ေတြကို ဆက္လက္ခ်ီတက္ဖို႔ လမ္းေၾကာင္းေတြ ပြင့္သြားမွာျဖစ္ပါ တယ္" လို႔ေျပာပါတယ္။

႐ုရွားတပ္ဖြဲ႕ေတြဟာ Bakhmut ၿမိဳ႕ကို သိမ္းပိုက္ဖို႔ ဆႏၵျပင္းျပေနၿပီး အဆိုပါၿမိဳ႕မွာ လအတန္ၾကာ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ေနေၾကာင္း၊ Bakhmut ၿမိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့ရင္ ႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းအေရွ႕ဘက္ပိုင္း
အတြင္းပိုင္းၿမိဳ႕မ်ားအထိ ဆက္လက္တိုက္ခိုက္သြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ယူကရိန္းတပ္ဖြဲ႕ေတြဟာ Bakhmut ၿမိဳ႕ မက်ဆုံးေစဖို႔ အျပင္းထန္ခုခံေနၿပီး Bakhmut ၿမိဳ႕တိုက္ပြဲဟာ ယူကရိန္း ကို ႐ုရွားတို႔ တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း သိမ္းပိုက္ႏိုင္ဖို႔ လအၾကာဆုံး တိုက္ခိုက္ေနရတဲ့ၿမိဳ႕ျဖစ္ပါတယ္။

႐ုရွားဟာ အဆိုပါၿမိဳ႕ကို သိမ္းပိုက္ႏိုင္ဖို႔ အရာအားလုံး အသုံးျပဳတိုက္ခိုက္ေနေၾကာင္း သတင္းမ်ားက ဆိုပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီး ဆာေဂးရႈိဂူးကလည္း "Bakhmut ၿမိဳ႕ကို သိမ္းပိုက္ႏိုင္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ဟာ ယူကရိန္းတပ္ဖြဲ႕ေတြရဲ႕ ခံစစ္လိုင္း အတြင္းပိုင္းကို ပိုမိုထိုးစစ္ဆင္ တိုက္ခိုက္ႏိုင္မွာျဖစ္ပါတယ္" လို႔ ေျပာပါတယ္။

ယူကရိန္းသမၼတဟာ အဆိုပါၿမိဳ႕ မက်ဆုံးေစဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယူကရိန္းစစ္ဘက္တာဝန္ရွိသူမ်ားနဲ႔ တပ္မႉးမ်ား နဲ႔ အြန္လိုင္းေတြ႕ဆုံေဆြးေႏြးမႈ၊ offline ေတြ႕ဆုံေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း၊ ၿမိဳ႕မက်ဆုံးေအာင္ အျပင္းအထန္ခုခံ ကာကြယ္ဖို႔ ေဆြးေႏြးခဲ့ေၾကာင္း သတင္းေတြ က ဆိုပါတယ္။ ယူကရိန္းသမၼတ က "ကြၽန္ေတာ္တို႔ လုပ္ႏိုင္စြမ္းရွိသမွ် အရာအားလုံးလုပ္ေဆာင္သြားရမွာျဖစ္ပါတယ္။ ၿမိဳ႕အတြင္းမွာရွိေနတဲ့ တပ္ဖြဲ႕ေတြအတြက္ လက္နက္မ်ားနဲ႔ အျခားေထာက္ပံ့ေရးမ်ား အရွိန္ျမင့္လုပ္ေဆာင္သြားမွာပါ။ တန္ျပန္ထိုးစစ္ဆင္ဖို႔လည္း အဆင့္သင့္ ရွိထားရမွာျဖစ္တယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.