တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့၊ ဖိနှိပ်ဖို့ အမေရိကန်နိုင်ငံ ကြိုးပမ်းနေတယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင် လူသိရှင်ကြား ပထမဆုံးအကြိမ် ဝေဖန်

 624

ဂျန်ဇက် (NP News) - မတ် ၈

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး အမေရိကန်ရဲ့လုပ်ရပ်တွေက စိန်ခေါ်မှု အများအပြားဖြစ်လာစေခဲ့ကြောင်း၊ တရုတ်သမ္မတရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ကလည်း အမေရိကန်ရဲ့လုပ်ရပ်တွေက နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှု နဲ့ ပဋိပက္ခဖြစ်စေဖို့ အလားလာများစေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်သတိပေးခဲ့ပါတယ်။ တရုတ် သမ္မတ ရှီကျင့်ဖျင်က "အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ တရုတ်နိုင်ငံကို ဘက်စုံထိန်းချုပ်ဖို့၊ ဝန်းရံ ပိတ်ဆို့ဖို့ နဲ့ ဖိနှိပ်တာမျိုးတွေ လုပ်နေတယ်။ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုများအတွက် မျှော်လင့်မထားတဲ့ စိန်ခေါ်မှု အများအပြားနဲ့ရင်ဆိုင်နေရတယ်" လို့ပြောပါတယ်။

တရုတ်သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ စက်မှုနဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ တွေ့ဆုံပွဲမှာ အခုလိုမျိုး ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ အမေရိကန်နိုင်ငံကို ပစ်မှတ်ထား ပြီး ဝေဖန်မှုများလုပ်လေ့လုပ်ထမရှိဘဲ လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံကို ပစ်မှတ်ထားပြီး လူသိရှင်ကြား ဝေဖန်မှုများ ပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့ကြောင်း Quincy Institute for Responsible Statecraftရဲ့ သုတေသီ တစ်ဦးဖြစ်သူ Michael Swaine က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း "အမေရိကန်ဟာ တရုတ်နိုင်ငံနဲ့ယှဉ်ပြိုင်ဖို့သာကြိုးပမ်းမှာဖြစ်ပြီး ထိပ်တိုက် တွေ့ဆုံမှုတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောထားတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ အမေရိကန်ပြောဆိုတဲ့ ပြိုင်ဆိုင်မှုဆိုတာဟာ ကဏ္ဍစုံမှာ တရုတ်နိုင်ငံကို ဖိနှိပ်ဖို့၊ ထိန်းချုပ်ဖို့သာဖြစ်တယ်" လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ အမေရိကန် နိုင်ငံပိုင်နက်အတွင်းကို တရုတ်မိုးပျံပူဖောင်း ဝင်ရောက်ပျံသန်းချိန်မှာ အမေရိကန်စစ်ဘက်က ပစ်ချခဲ့ရာ နှစ်နိုင်ငံ ကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံကို ထိန္းခ်ဳပ္ဖို႔၊ ဖိႏွိပ္ဖို႔ အေမရိကန္ႏိုင္ငံ ႀကိဳးပမ္းေနတယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္ လူသိရွင္ၾကား ပထမဆုံးအႀကိမ္ ေဝဖန္
ဂ်န္ဇက္ (NP News) - မတ္ ၈

အေမရိကန္ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းေနၿပီး အေမရိကန္ရဲ႕လုပ္ရပ္ေတြက စိန္ေခၚမႈ အမ်ားအျပားျဖစ္လာေစခဲ့ေၾကာင္း၊ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Qin Gang ကလည္း အေမရိကန္ရဲ႕လုပ္ရပ္ေတြက ႏွစ္ႏိုင္ငံၾကား ထိပ္တိုက္ေတြ႕ဆုံမႈ နဲ႔ ပဋိပကၡျဖစ္ေစဖို႔ အလားလာမ်ားေစေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္သတိေပးခဲ့ပါတယ္။ တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္က "အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ တ႐ုတ္ႏိုင္ငံကို ဘက္စုံထိန္းခ်ဳပ္ဖို႔၊ ဝန္းရံ ပိတ္ဆို႔ဖို႔ နဲ႔ ဖိႏွိပ္တာမ်ိဳးေတြ လုပ္ေနတယ္။ တ႐ုတ္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားအတြက္ ေမွ်ာ္လင့္မထားတဲ့ စိန္ေခၚမႈ အမ်ားအျပားနဲ႔ရင္ဆိုင္ေနရတယ္" လို႔ေျပာပါတယ္။

တ႐ုတ္သမၼတဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ စက္မႈနဲ႔ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ေတြ႕ဆုံပြဲမွာ အခုလိုမ်ိဳး ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ တ႐ုတ္သမၼတရွီက်င့္ဖ်င္ဟာ အေမရိကန္ႏိုင္ငံကို ပစ္မွတ္ထား ၿပီး ေဝဖန္မႈမ်ားလုပ္ေလ့လုပ္ထမရွိဘဲ လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္ႏိုင္ငံကို ပစ္မွတ္ထားၿပီး လူသိရွင္ၾကား ေဝဖန္မႈမ်ား ပထမဆုံးအႀကိမ္လုပ္ေဆာင္ခဲ့ေၾကာင္း Quincy Institute for Responsible Statecraftရဲ႕ သုေတသီ တစ္ဦးျဖစ္သူ Michael Swaine က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးကလည္း "အေမရိကန္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ယွဥ္ၿပိဳင္ဖို႔သာႀကိဳးပမ္းမွာျဖစ္ၿပီး ထိပ္တိုက္ ေတြ႕ဆုံမႈေတြ လုပ္မွာမဟုတ္ဘူးလို႔ ေျပာထားတယ္။ ဒါေပမယ့္လည္း လက္ေတြ႕မွာေတာ့ အေမရိကန္ေျပာဆိုတဲ့ ၿပိဳင္ဆိုင္မႈဆိုတာဟာ က႑စုံမွာ တ႐ုတ္ႏိုင္ငံကို ဖိႏွိပ္ဖို႔၊ ထိန္းခ်ဳပ္ဖို႔သာျဖစ္တယ္" လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာခဲ့ ပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ အေမရိကန္ ႏိုင္ငံပိုင္နက္အတြင္းကို တ႐ုတ္မိုးပ်ံပူေဖာင္း ဝင္ေရာက္ပ်ံသန္းခ်ိန္မွာ အေမရိကန္စစ္ဘက္က ပစ္ခ်ခဲ့ရာ ႏွစ္ႏိုင္ငံ ၾကား တင္းမာမႈအရွိန္ ပိုမိုျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.