ရုရှားက နေတိုးအဖွဲ့ကို ကြောက်ရွံ့သင့်ကြောင်း ပိုလန်အစိုးရ ထုတ်ဖော်ပြောဆို

 620

Pika (NP News) - ဧပြီ ၂၇

ရုရှားနိုင်ငံဟာ နေတိုးအဖွဲ့နဲ့ စစ်ပွဲဖြစ်ပွားလာမှာကို ကြောက်ရွံ့သင့်တယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလောစီကော်စကီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒီလိုမျိုးစစ်ပွဲဟာ ရုရှားအတွက် ရှုံးနိမ့်မှုနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ့်လို့ ၎င်းက ထပ်မံပြောခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့နေတိုးအဖွဲ့မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့အရင်းအမြစ်တွေဟာ ရုရှားထက် ပိုများတယ်လို့ ၎င်းက ပြောခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်လာနိုင်ခြေရှိတယ်လို့ ဥရောပခေါင်းဆောင်အများအပြားက သတိပေးပြောဆိုပြီးတဲ့နောက်မှာတော့ ရာဒိုစလောစီကော်စကီရဲ့မှတ်ချက် တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရာဒိုစလောစီကော်စကီက “နေတိုးအဖွဲ့နဲ့ စစ်ပွဲဖြစ်ပွားလာမှာကို ရုရှားသမ္မတပူတင်က ကြောက်ရွံ့သင့်ပါတယ်။ ဒီလိုစစ်ပွဲဖြစ်ပွားလာခဲ့မယ်ဆိုရင် ရုရှားက ရှုံးနိမ့်မှုနဲ့ပဲ အဆုံးသတ်သွားပါလိမ့်မယ်။ ပူတင်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ကျွန်တော်တို့က အဲဒီလိုမျိုး ဆုံးဖြတ်ချက် မချမှတ်လိုက်ဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် နေတိုးအဖွဲ့ဟာ ရုရှားထက် တပ်ဖွဲ့ဝင် သုံးဆပိုများသလို အရင်းအမြစ်တွေလည်း သုံးဆပိုများပြီး စစ်သင်္ဘောတွေက လေးဆပိုများတယ်လို့ ရာဒိုစလောစီကော်စကီက ထပ်မံပြောဆိုခဲ့ပါတယ်။ နေတိုးအဖွဲ့၏ နျူကလီးယားခွဲဝေပေးရေးအစီအစဉ်အရ အမေရိကန်ရဲ့နျူကလီးယားလက်နက်တွေကို လက်ခံသွားဖို့ အဆင်သင့် ရှိတယ်လို့ ပိုလန်သမ္မတ Andrzej Duda က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း အမေရိကန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်တွေကို ပိုလန်နိုင်ငံမှာ ဖြန့်ကျက်ချထားခဲ့မယ်ဆိုရင် လိုအပ်တဲ့လက်တုံ့ပြန်မှုအစီအစဉ်တွေ အားလုံးကို လုပ်ဆောင်သွားမယ်လို့ ရုရှားဘက်က ပြန်လည်သတိပေးပြောဆိုထားပါတယ်။ ပိုလန်သမ္မတရဲ့ပြောဆိုချက်တွေဟာ ရုရှားကို ရန်စမှုတစ်ခုအဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မာရီယာဇာခါရိုဗာက ပြစ်တင်ရှုတ်ချပြောခဲ့ပါတယ်။

Zawgyi Version;
႐ုရွားက ေနတိုးအဖြဲ႕ကို ေၾကာက္႐ြံ႕သင့္ေၾကာင္း ပိုလန္အစိုးရ ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ဧၿပီ ၂၇

႐ုရွားႏိုင္ငံဟာ ေနတိုးအဖြဲ႕နဲ႔ စစ္ပြဲျဖစ္ပြားလာမွာကို ေၾကာက္႐ြံ႕သင့္တယ္လို႔ ပိုလန္ႏိုင္ငံျခားေရးဝန္ႀကီး ရာဒိုစေလာစီေကာ္စကီက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဒါ့အျပင္ ဒီလိုမ်ိဳးစစ္ပြဲဟာ ႐ုရွားအတြက္ ရႈံးနိမ့္မႈနဲ႔ပဲ အဆုံးသတ္သြားလိမ့္မယ့္လို႔ ၎က ထပ္မံေျပာခဲ့ပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ေနတိုးအဖြဲ႕မွာရွိတဲ့ တပ္ဖြဲ႕ဝင္ေတြနဲ႔အရင္းအျမစ္ေတြဟာ ႐ုရွားထက္ ပိုမ်ားတယ္လို႔ ၎က ေျပာခဲ့ပါတယ္။
႐ုရွားဟာ ယူကရိန္းကို အႏိုင္ရရွိခဲ့မယ္ဆိုရင္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြကို တိုက္ခိုက္လာႏိုင္ေျခရွိတယ္လို႔ ဥေရာပေခါင္းေဆာင္အမ်ားအျပားက သတိေပးေျပာဆိုၿပီးတဲ့ေနာက္မွာေတာ့ ရာဒိုစေလာစီေကာ္စကီရဲ႕မွတ္ခ်က္ ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

ရာဒိုစေလာစီေကာ္စကီက “ေနတိုးအဖြဲ႕နဲ႔ စစ္ပြဲျဖစ္ပြားလာမွာကို ႐ုရွားသမၼတပူတင္က ေၾကာက္႐ြံ႕သင့္ပါတယ္။ ဒီလိုစစ္ပြဲျဖစ္ပြားလာခဲ့မယ္ဆိုရင္ ႐ုရွားက ရႈံးနိမ့္မႈနဲ႔ပဲ အဆုံးသတ္သြားပါလိမ့္မယ္။ ပူတင္ရဲ႕ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္က ကြၽန္ေတာ္တို႔က အဲဒီလိုမ်ိဳး ဆုံးျဖတ္ခ်က္ မခ်မွတ္လိုက္ဖို႔ပါပဲ” လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ေနတိုးအဖြဲ႕ဟာ ႐ုရွားထက္ တပ္ဖြဲ႕ဝင္ သုံးဆပိုမ်ားသလို အရင္းအျမစ္ေတြလည္း သုံးဆပိုမ်ားၿပီး စစ္သေဘၤာေတြက ေလးဆပိုမ်ားတယ္လို႔ ရာဒိုစေလာစီေကာ္စကီက ထပ္မံေျပာဆိုခဲ့ပါတယ္။ ေနတိုးအဖြဲ႕၏ န်ဴကလီးယားခြဲေဝေပးေရးအစီအစဥ္အရ အေမရိကန္ရဲ႕န်ဴကလီးယားလက္နက္ေတြကို လက္ခံသြားဖို႔ အဆင္သင့္ ရွိတယ္လို႔ ပိုလန္သမၼတ Andrzej Duda က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။

ဒါေပမယ့္လည္း အေမရိကန္ႏိုင္ငံအေနနဲ႔ န်ဴကလီးယားလက္နက္ေတြကို ပိုလန္ႏိုင္ငံမွာ ျဖန႔္က်က္ခ်ထားခဲ့မယ္ဆိုရင္ လိုအပ္တဲ့လက္တုံ႔ျပန္မႈအစီအစဥ္ေတြ အားလုံးကို လုပ္ေဆာင္သြားမယ္လို႔ ႐ုရွားဘက္က ျပန္လည္သတိေပးေျပာဆိုထားပါတယ္။ ပိုလန္သမၼတရဲ႕ေျပာဆိုခ်က္ေတြဟာ ႐ုရွားကို ရန္စမႈတစ္ခုအျဖစ္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူအမ်ိဳးသမီး မာရီယာဇာခါ႐ိုဗာက ျပစ္တင္ရႈတ္ခ်ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.