ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် လူပေါင်း ၅၃ ဦး သေဆုံးခဲ့ကြောင်း တရုတ်အာဏာပိုင်များ အတည်ပြု

 352

ဂျန်ဇက် (NP News) - မတ် ၈

တရုတ်ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်း ပြိုကျပျက်စီးမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ရှာဖွေကယ်ဆယ်မှုများကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း၊ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် အနည်းဆုံး ၅၃ ဦးသေဆုံး၊ ပျောက်ဆုံးခဲ့ရကြောင်း တရုတ်အာဏာပိုင်များ က ပြောပါတယ်။

တရုတ်နိုင်ငံ Inner Mongolia ဒေသရှိ Alxa Left Banner မှာ အနက် ၁၈ဝ မီတာရှိ ကျောက်မီးသွေးတွင်းပြိုကျခဲ့ရာ လူဒါဇင်ချီနဲ့ကားများ ပြိုကျခဲ့တဲ့ပြီး၊ တွင်းအောက် ပိတ်မိသွားခဲ့ကြောင်း သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်ပွားချိန်မှာ အသက်ရှင်လျက် လူ ၆ ဦးကို ကနဦးကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် လူ ၆ ဦးရဲ့ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ကျန်ရှိနေတဲ့ အလုပ်သမား ၄၇ ဦးကို ရှာဖွေကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း၊ သီတင်းပတ်နှစ်ပတ်ကျော်ကြာရှာဖွေခဲ့ပေမယ့်လည်း ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေခဲ့သူ အလုပ်သမား ၄၇ ဦးကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း တရုတ်အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာန က ဆိုပါတယ်။

တရုတ်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Wang Xiangxi က "ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် အနည်းဆုံး လူပေါင်း ၅၃ ဦးသေဆုံး၊ ပျောက်ဆုံးခဲ့ရတယ်။ ဒီသင်ခန်းစာက အရမ်းကို လေးနက်တယ်။ ကျွန်တော်တို့ဟာ ဒီလိုမျိုးဆိုးရွားတဲ့ အဖြစ်အပျက်တွေ ထပ်မံမဖြစ်ပွားအောင် ဦးစားပေးလုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။

Alxa Left Banner မြို့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာ ကျောက်မီးသွေး တွင်းလုပ်ငန်းများကို အဓိက မှီခိုအားထားနေရတယ်လို့ သိရပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ကျောက်မီးသွေးတွင်း ပြိုကျချိန်အတွင်း ပျောက်ဆုံးနေသူများကို အခက်အခဲများကြားကနေ ရှာဖွေခဲ့ပေမယ့်လည်း သီတင်းပတ်နှစ်ပတ်ကျော်ကြာချိန်အထိ တွေ့ရှိခဲ့ခြင်းမရှိကြောင်း တရုတ်အစိုးရတာဝန်ရှိသူများ က ပြောပါတယ်။

Zawgyi Version;
ေက်ာက္မီးေသြးတြင္း ၿပိဳက်မႈေၾကာင့္ လူေပါင္း ၅၃ ဦး ေသဆုံးခဲ့ေၾကာင္း တ႐ုတ္အာဏာပိုင္မ်ား အတည္ျပဳ
ဂ်န္ဇက္ (NP News) - မတ္ ၈

တ႐ုတ္ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ ၿပီးခဲ့တဲ့လက ျဖစ္ပြားခဲ့တဲ့ ေက်ာက္မီးေသြးတြင္း ၿပိဳက်ပ်က္စီးမႈနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ေနတဲ့ ရွာေဖြကယ္ဆယ္မႈမ်ားကို အဆုံးသတ္လိုက္ၿပီျဖစ္ေၾကာင္း၊ ေက်ာက္မီးေသြးတြင္း ၿပိဳက်မႈေၾကာင့္ အနည္းဆုံး ၅၃ ဦးေသဆုံး၊ ေပ်ာက္ဆုံးခဲ့ရေၾကာင္း တ႐ုတ္အာဏာပိုင္မ်ား က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ Inner Mongolia ေဒသရွိ Alxa Left Banner မွာ အနက္ ၁၈ဝ မီတာရွိ ေက်ာက္မီးေသြးတြင္းၿပိဳက်ခဲ့ရာ လူဒါဇင္ခ်ီနဲ႔ကားမ်ား ၿပိဳက်ခဲ့တဲ့ၿပီး၊ တြင္းေအာက္ ပိတ္မိသြားခဲ့ေၾကာင္း သိရပါတယ္။

ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ ေက်ာက္မီးေသြးတြင္း ၿပိဳက်မႈျဖစ္ပြားခ်ိန္မွာ အသက္ရွင္လ်က္ လူ ၆ ဦးကို ကနဦးကယ္တင္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ လူ ၆ ဦးရဲ႕႐ုပ္အေလာင္းမ်ားကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရပါတယ္။ ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ က်န္ရွိေနတဲ့ အလုပ္သမား ၄၇ ဦးကို ရွာေဖြကယ္ဆယ္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ေၾကာင္း၊ သီတင္းပတ္ႏွစ္ပတ္ေက်ာ္ၾကာရွာေဖြခဲ့ေပမယ့္လည္း ေက်ာက္မီးေသြးတြင္းထဲ ပိတ္မိေနခဲ့သူ အလုပ္သမား ၄၇ ဦးကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ျခင္းမရွိေၾကာင္း တ႐ုတ္အေရးေပၚ စီမံခန႔္ခြဲေရးဝန္ႀကီးဌာန က ဆိုပါတယ္။

တ႐ုတ္အစိုးရတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Wang Xiangxi က "ေက်ာက္မီးေသြးတြင္း ၿပိဳက်မႈေၾကာင့္ အနည္းဆုံး လူေပါင္း ၅၃ ဦးေသဆုံး၊ ေပ်ာက္ဆုံးခဲ့ရတယ္။ ဒီသင္ခန္းစာက အရမ္းကို ေလးနက္တယ္။ ကြၽန္ေတာ္တို႔ဟာ ဒီလိုမ်ိဳးဆိုး႐ြားတဲ့ အျဖစ္အပ်က္ေတြ ထပ္မံမျဖစ္ပြားေအာင္ ဦးစားေပးလုပ္ေဆာင္ရမယ္" လို႔ ေျပာပါတယ္။

Alxa Left Banner ၿမိဳ႕ရဲ႕စီးပြားေရးလုပ္ငန္းေတြဟာ ေက်ာက္မီးေသြး တြင္းလုပ္ငန္းမ်ားကို အဓိက မွီခိုအားထားေနရတယ္လို႔ သိရပါတယ္။ ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ ေက်ာက္မီးေသြးတြင္း ၿပိဳက်ခ်ိန္အတြင္း ေပ်ာက္ဆုံးေနသူမ်ားကို အခက္အခဲမ်ားၾကားကေန ရွာေဖြခဲ့ေပမယ့္လည္း သီတင္းပတ္ႏွစ္ပတ္ေက်ာ္ၾကာခ်ိန္အထိ ေတြ႕ရွိခဲ့ျခင္းမရွိေၾကာင္း တ႐ုတ္အစိုးရတာဝန္ရွိသူမ်ား က ေျပာပါတယ္။

Related news

© 2021. All rights reserved.