အမေရိကန်သမ္မတဘိုင်ဒမ် က ဆေးဘက်ဆိုင်ရာအသုံးစရိတ်များကို ကာမိစေဖို့အတွက် နိုင်ငံရဲ့လူချမ်းသာသူများ အပေါ်ကျရောက်စေမယ့် အခွန်သစ်များ အဆိုပြု

 478

ရောင်နီ (NP News) - မတ် ၈

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Medicare ကို ရန်ပုံငွေထောက်ပံ့ရန်အတွက် အသုံးစရိတ်များ ကာမိစေဖို့ နိုင်ငံရဲ့ လူချမ်းသာများအပေါ် အခွန်အသစ်များ အဆိုပြုခဲ့ပြီး၊ အဆိုပါအစီအစဉ်ဟာ အာမခံအစီအစဉ်ရဲ့ကုန်ကျစရိတ်ကို ၂၅ နှစ်အထိ သက်တမ်းတိုးဖို့နဲ့ သက်ကြီးရွယ်အို သန်းပေါင်းများစွာကို လူလတ်တန်းစား တည်ငြိမ်မှု အတိုင်းအတာ တစ်ခုအထိ ပံ့ပိုးပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းရဲ့အစီအစဉ်မှာ ဘိုင်ဒမ်က ချမ်းသာသူများဟာ ပိုမိုလေးလံသော အခွန်ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်သင့်တယ် လို့ ပြတ်ပြတ်သားသား ကြေညာထားပါတယ်။ သူရဲ့ဘတ်ဂျက်ဟာ အဆိုပါအခွန်အသစ်များနဲ့ အသက် ၆၅ နှစ် အထက် လူများအတွက် ရေပန်းစားတဲ့ ကျန်းမာရေးအာမခံအစီအစဉ်ကြား တိုက်ရိုက်မျဉ်းဆွဲမှာဖြစ်ပြီး အဓိက အားဖြင့် စီးပွားရေးမှာ အကောင်းဆုံးလုပ်ကိုင်နေသူတွေကို ကျန်လူဦးရေကို ထောက်ပံ့ဖို့ တောင်းဆိုခြင်းဖြစ်တယ် လို့ ဆိုပါတယ်။

ဘိုင်ဒမ်ဟာ လစာနဲ့ အရင်းအနှီးအမြတ်များ အပါအဝင် တစ်နှစ်လျှင် ဒေါ်လာ ၄ သိန်းအထက် ဝင်ငွေရရှိသူများ အပေါ် အခွန် ၃.၈ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုပါတယ်။ ယင်းဟာ ၁ဝ နှစ်အတွင်း အခွန်ငွေ ဒေါ်လာ ၁၁၇ ဘီလျံကျော် တိုးလာဖွယ်ရှိကြောင်း အခွန်မူဝါဒစင်တာရဲ့ကြိုတင်ခန့်မှန်းချက်များအရ သိရပါတယ်။

"ဝင်ငွေအများဆုံး ရရှိသူများထံမှ Medicare ပံ့ပိုးမှုပမာဏ အနည်းငယ်တိုးလာခြင်းဟာ Medicare ပရိုဂရမ်ကို လာမယ့် ဆယ်စုနှစ်များအတွင်း ခိုင်မာစေဖို့ ကူညီပေးနိုင်မှာဖြစ်တယ်" လို့ ဘိုင်ဒမ်က ဆိုပါတယ်။

အဆိုပြုထားတဲ့ Medicare အပြောင်းအလဲများဟာ Philadelphia မှာ မတ်လ ၉ ရက်၊ ကြသပတေးနေ့အတွက် ထုတ်ဝေဖို့ စီစဉ်ထားတဲ့ ပိုမိုပြည့်စုံသော ဘတ်ဂျက်အဆိုပြုချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အဆိုပြုချက်ဟာ ၂ဝ၁၇ ခုနှစ် သမ္မတဒေါ်နယ်ထရန့် က တွန်းအားပေးခဲ့တဲ့ စီးပွားရေးတိုးတက်မှုမှ အခွန်ဖြတ်တောက်ခြင်းမှ ဆင်းသက်လာတယ်လို့ ဆိုကြသူများလည်း ရှိပါတယ်။

ဘိုင်ဒမ်က အဆိုပါအစီအစဉ်မှာ Medicare အကျိုးခံစားခွင့်များအတွက်လည်း အပြောင်းအလဲများ ပြုလုပ်မှာဖြစ်ပြီး အချို့သော ယေဘုယျဆေးဝါးတွေအတွက် ကုန်ကျစရိတ် ခွဲဝေမှုကို ၂ ဒေါ်လာသာ ကန့်သတ်လိုကာ သွေးတိုး ရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနဲ့ အခြားသော ဝေဒနာများကို ကုသဖို့အတွက် အိတ်ဆောင်စရိတ်များကို လည်း လျှော့ချပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi Version;
အေမရိကန္သမၼတဘိုင္ဒမ္ က ေဆးဘက္ဆိုင္ရာအသုံးစရိတ္မ်ားကို ကာမိေစဖို႔အတြက္ ႏိုင္ငံရဲ႕ လူခ်မ္းသာသူမ်ား အေပၚက်ေရာက္ေစမယ့္ အခြန္သစ္မ်ား အဆိုျပဳ
ေရာင္နီ (NP News) - မတ္ ၈

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က Medicare ကို ရန္ပုံေငြေထာက္ပံ့ရန္အတြက္ အသုံးစရိတ္မ်ား ကာမိေစဖို႔ ႏိုင္ငံရဲ႕ လူခ်မ္းသာမ်ားအေပၚ အခြန္အသစ္မ်ား အဆိုျပဳခဲ့ၿပီး၊ အဆိုပါအစီအစဥ္ဟာ အာမခံအစီအစဥ္ရဲ႕ကုန္က်စရိတ္ကို ၂၅ ႏွစ္အထိ သက္တမ္းတိုးဖို႔နဲ႔ သက္ႀကီး႐ြယ္အို သန္းေပါင္းမ်ားစြာကို လူလတ္တန္းစား တည္ၿငိမ္မႈ အတိုင္းအတာ တစ္ခုအထိ ပံ့ပိုးေပးမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

၎ရဲ႕အစီအစဥ္မွာ ဘိုင္ဒမ္က ခ်မ္းသာသူမ်ားဟာ ပိုမိုေလးလံေသာ အခြန္ဝန္ထုပ္ဝန္ပိုးကို ထမ္းေဆာင္သင့္တယ္ လို႔ ျပတ္ျပတ္သားသား ေၾကညာထားပါတယ္။ သူရဲ႕ဘတ္ဂ်က္ဟာ အဆိုပါအခြန္အသစ္မ်ားနဲ႔ အသက္ ၆၅ ႏွစ္ အထက္ လူမ်ားအတြက္ ေရပန္းစားတဲ့ က်န္းမာေရးအာမခံအစီအစဥ္ၾကား တိုက္႐ိုက္မ်ဥ္းဆြဲမွာျဖစ္ၿပီး အဓိက အားျဖင့္ စီးပြားေရးမွာ အေကာင္းဆုံးလုပ္ကိုင္ေနသူေတြကို က်န္လူဦးေရကို ေထာက္ပံ့ဖို႔ ေတာင္းဆိုျခင္းျဖစ္တယ္ လို႔ ဆိုပါတယ္။

ဘိုင္ဒမ္ဟာ လစာနဲ႔ အရင္းအႏွီးအျမတ္မ်ား အပါအဝင္ တစ္ႏွစ္လွ်င္ ေဒၚလာ ၄ သိန္းအထက္ ဝင္ေငြရရွိသူမ်ား အေပၚ အခြန္ ၃.၈ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္းသို႔ တိုးျမႇင့္လိုပါတယ္။ ယင္းဟာ ၁ဝ ႏွစ္အတြင္း အခြန္ေငြ ေဒၚလာ ၁၁၇ ဘီလ်ံေက်ာ္ တိုးလာဖြယ္ရွိေၾကာင္း အခြန္မူဝါဒစင္တာရဲ႕ႀကိဳတင္ခန႔္မွန္းခ်က္မ်ားအရ သိရပါတယ္။

"ဝင္ေငြအမ်ားဆုံး ရရွိသူမ်ားထံမွ Medicare ပံ့ပိုးမႈပမာဏ အနည္းငယ္တိုးလာျခင္းဟာ Medicare ပ႐ိုဂရမ္ကို လာမယ့္ ဆယ္စုႏွစ္မ်ားအတြင္း ခိုင္မာေစဖို႔ ကူညီေပးႏိုင္မွာျဖစ္တယ္" လို႔ ဘိုင္ဒမ္က ဆိုပါတယ္။

အဆိုျပဳထားတဲ့ Medicare အေျပာင္းအလဲမ်ားဟာ Philadelphia မွာ မတ္လ ၉ ရက္၊ ၾကသပေတးေန႔အတြက္ ထုတ္ေဝဖို႔ စီစဥ္ထားတဲ့ ပိုမိုျပည့္စုံေသာ ဘတ္ဂ်က္အဆိုျပဳခ်က္ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ပါတယ္။ အဆိုျပဳခ်က္ဟာ ၂ဝ၁၇ ခုႏွစ္ သမၼတေဒၚနယ္ထရန္႔ က တြန္းအားေပးခဲ့တဲ့ စီးပြားေရးတိုးတက္မႈမွ အခြန္ျဖတ္ေတာက္ျခင္းမွ ဆင္းသက္လာတယ္လို႔ ဆိုၾကသူမ်ားလည္း ရွိပါတယ္။

ဘိုင္ဒမ္က အဆိုပါအစီအစဥ္မွာ Medicare အက်ိဳးခံစားခြင့္မ်ားအတြက္လည္း အေျပာင္းအလဲမ်ား ျပဳလုပ္မွာျဖစ္ၿပီး အခ်ိဳ႕ေသာ ေယဘုယ်ေဆးဝါးေတြအတြက္ ကုန္က်စရိတ္ ခြဲေဝမႈကို ၂ ေဒၚလာသာ ကန႔္သတ္လိုကာ ေသြးတိုး ေရာဂါ၊ ကိုလက္စထေရာျမင့္မားျခင္းနဲ႔ အျခားေသာ ေဝဒနာမ်ားကို ကုသဖို႔အတြက္ အိတ္ေဆာင္စရိတ္မ်ားကို လည္း ေလွ်ာ့ခ်ေပးမွာျဖစ္တယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.