မက္ကဆီကိုမှာ အမေရိကန်နိုင်ငံသား ၄ ဦး နယ်စပ်ဖြတ်ကျော် ပြန်ပေးဆွဲခံခဲ့ရပြီး ၂ ဦး သေဆုံး

 378

ရောင်နီ (NP News) - မတ် ၈

မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ပိုင်းသို့ နယ်စပ်ဖြတ်ကျော် ပြန်ပေးဆွဲခံရရတဲ့ အမေရိကန်နိုင်ငံသား ၄ ဦးအနက် ၂ ဦး သေဆုံးနေတာကို မတ်လ ၇ ရက်၊ အင်္ဂါနေ့က တွေ့ရှိခဲ့ကြောင်း အကြီးတန်း မက္ကဆီကိုအရာရှိတစ်ဦးက ပြောကြားခဲ့ ပါတယ်။

ပြန်ပေးဆွဲခံရသူ ၄ ဦးအနက် ၂ ဦးမှာ သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ကျန်တစ်ဦးမှာတော့ ဒဏ်ရာရရှိမှု မရှိခဲ့ ကြောင်း တာမာလီပက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး အမေရိကိုဗီလာရီရယ်လ်က မက္ကဆီကို သမ္မတကို မတ်လ ၇ ရက်၊ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်က ပြန်ပေးဆွဲမှုကို ရှုတ်ချပြီး မတ်လ ၇ ရက်၊ အင်္ဂါနေ့က သေဆုံးသူတွေရဲ့မိသားစုများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီကိစ္စမှာ တရားမျှတမှုရှိစေဖို့ မက္ကဆီကို အစိုးရနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ အိမ်ဖြူ တော် အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန် ရှေ့နေချုပ် မာရစ်ဂါလန် က “အမေရိကန်တွေ သေဆုံးမှုအတွက် ဂိုဏ်းတွေက တာဝန်ရှိတယ်” ဟု ပြောကြားခဲ့ပါ တယ်။

အမှုကိုခြေရာခံဖို့အတွက် “DEA [အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံခန့်ခွဲရေး] နဲ့ FBI (ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို) တို့က တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်နေပြီး ဂိုဏ်းခေါင်းဆောင်များနဲ့ ၎င်းတို့ မှီခိုနေတဲ့ ကွန်ရက်တစ်ခုလုံးကို တရားစွဲဆိုမယ်လို့ ကြေညာထားပါတယ်။ တာမာလီပက်စ် ရှေ့နေချုပ် အိုင်ဗင်းဘာရီစ်က ကျန်ရစ်သူ အမေရိကန်နှစ်ဦးကို တက္ကဆက်နယ်စပ်ရှိ အမေရိကန်အရာရှိများထံ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

မက္ကဆီကိုသမ္မတ အန်းဒရီးမာနျူရယ်လိုပက်ဇ်အိုဘရာဒေါက မက္ကဆီကိုနိုင်ငံမှာ ကာလကြာရှည်ရှိခဲ့တဲ့ အကြမ်း တမ်းဆုံးပြည်နယ်များမှာ ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုနဲ့ ဆက်နွယ်သူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြော ကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား လေးဦးဟာ တက္ကဆက်မှ မက္ကဆီကိုနိုင်ငံ မာတာမိုရော့စ်မြို့သို့ မတ်လ ၁ဝ ရက်၊ သောကြာနေ့က ဖြတ်ကျော်လာစဉ် ၎င်းတို့ရဲ့အဖြူရောင်မီနီဗန်ကို ပြိုင်ဘက်ဂိုဏ်းများ ပစ်ခတ်ခဲ့ခြင်းဖြစ် မယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။ မက္ကဆီကိုနိုင်ငံရှိ အမေရိကန်သံရုံးကလည်း ယင်းသတင်းကြောင့် မာတာမိုရော့စ်အတွက် လုံခြုံရေးသတိပေးချက်ကို “အဆင့် ၄" အထိ သတ်မှတ်ကာ ခရီးမသွားကြဖို့ မတ်လ ၁ဝ ရက်၊ သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မာတာမိုရော့စ်မြို့မှာ အချင်းချင်းတိုက်ခိုက်လေ့ရှိတဲ့ အင်အားကြီး ပင်လယ်ကွေ့ မူးယစ်ဂိုဏ်းအုပ်စုများက ကြီးစိုး နေပြီး အကြမ်းဖက်မှုများကြား မက္ကဆီကိုနိုင်ငံသား ထောင်ပေါင်းများစွာဟာ တာမာလီပက်စ် ပြည်နယ်တစ်ခု တည်းမှာ ပျောက်ကွယ်သွားခဲ့ပြီး မကြာသေးမီဆယ်စုနှစ်များအတွင်း နိုင်ငံအတွင်း ပျောက်ဆုံးနေတဲ့ လူပေါင်း တစ်သိန်းကျော်အထိ တိုးလာခဲ့တယ်လို့ သိရပါတယ်။ ပျောက်ဆုံးမှုအများစုဟာ မက္ကဆီကိုအစိုးရ မူးယစ်ဆေးဝါး ဂိုဏ်းများကို စစ်ရေးအရ ဖြိုခွဲခဲ့တဲ့ ၂ဝဝ၇ ခုနှစ် နောက်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
မကၠဆီကိုမွာ အေမရိကန္ႏိုင္ငံသား ၄ ဦး နယ္စပ္ျဖတ္ေက်ာ္ ျပန္ေပးဆြဲခံခဲ့ရၿပီး ၂ ဦး ေသဆုံး
ေရာင္နီ (NP News) - မတ္ ၈

မကၠဆီကိုႏိုင္ငံ အေရွ႕ေျမာက္ပိုင္းသို႔ နယ္စပ္ျဖတ္ေက်ာ္ ျပန္ေပးဆြဲခံရရတဲ့ အေမရိကန္ႏိုင္ငံသား ၄ ဦးအနက္ ၂ ဦး ေသဆုံးေနတာကို မတ္လ ၇ ရက္၊ အဂၤါေန႔က ေတြ႕ရွိခဲ့ေၾကာင္း အႀကီးတန္း မကၠဆီကိုအရာရွိတစ္ဦးက ေျပာၾကားခဲ့ ပါတယ္။

ျပန္ေပးဆြဲခံရသူ ၄ ဦးအနက္ ၂ ဦးမွာ ေသဆုံးခဲ့ၿပီး ၁ ဦး ဒဏ္ရာရရွိခဲ့ကာ က်န္တစ္ဦးမွာေတာ့ ဒဏ္ရာရရွိမႈ မရွိခဲ့ ေၾကာင္း တာမာလီပက္စ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး အေမရိကိုဗီလာရီရယ္လ္က မကၠဆီကို သမၼတကို မတ္လ ၇ ရက္၊ အဂၤါေန႔ သတင္းစာရွင္းလင္းပြဲမွာ ဖုန္းနဲ႔ ေျပာၾကားခဲ့ပါတယ္။ အိမ္ျဖဴေတာ္က ျပန္ေပးဆြဲမႈကို ရႈတ္ခ်ၿပီး မတ္လ ၇ ရက္၊ အဂၤါေန႔က ေသဆုံးသူေတြရဲ႕မိသားစုမ်ားအတြက္ ဝမ္းနည္းေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“ဒီကိစၥမွာ တရားမွ်တမႈရွိေစဖို႔ မကၠဆီကို အစိုးရနဲ႔ အနီးကပ္ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္” လို႔ အိမ္ျဖဴ ေတာ္ အမ်ိဳးသားလုံၿခဳံေရးေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘီ က ေျပာၾကားခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အေမရိကန္ ေရွ႕ေနခ်ဳပ္ မာရစ္ဂါလန္ က “အေမရိကန္ေတြ ေသဆုံးမႈအတြက္ ဂိုဏ္းေတြက တာဝန္ရွိတယ္” ဟု ေျပာၾကားခဲ့ပါ တယ္။

အမႈကိုေျခရာခံဖို႔အတြက္ “DEA [အေမရိကန္ မူးယစ္ေဆးဝါး ႏွိမ္နင္းေရး စီမံခန႔္ခြဲေရး] နဲ႔ FBI (ဖက္ဒရယ္ စုံစမ္းစစ္ေဆးေရး ဗ်ဴ႐ို) တို႔က တတ္ႏိုင္သမွ် အရာအားလုံး လုပ္ေဆာင္ေနၿပီး ဂိုဏ္းေခါင္းေဆာင္မ်ားနဲ႔ ၎တို႔ မွီခိုေနတဲ့ ကြန္ရက္တစ္ခုလုံးကို တရားစြဲဆိုမယ္လို႔ ေၾကညာထားပါတယ္။ တာမာလီပက္စ္ ေရွ႕ေနခ်ဳပ္ အိုင္ဗင္းဘာရီစ္က က်န္ရစ္သူ အေမရိကန္ႏွစ္ဦးကို တကၠဆက္နယ္စပ္ရွိ အေမရိကန္အရာရွိမ်ားထံ လႊဲေျပာင္း ေပးအပ္လိုက္ေၾကာင္း တြစ္တာမွာ ေျပာၾကားခဲ့ပါတယ္။

မကၠဆီကိုသမၼတ အန္းဒရီးမာန်ဴရယ္လိုပက္ဇ္အိုဘရာေဒါက မကၠဆီကိုႏိုင္ငံမွာ ကာလၾကာရွည္ရွိခဲ့တဲ့ အၾကမ္း တမ္းဆုံးျပည္နယ္မ်ားမွာ ျဖစ္ပြားခဲ့တဲ့ ျပန္ေပးဆြဲမႈနဲ႔ ဆက္ႏြယ္သူတစ္ဦးကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ေျပာ ၾကားခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံသား ေလးဦးဟာ တကၠဆက္မွ မကၠဆီကိုႏိုင္ငံ မာတာမိုေရာ့စ္ၿမိဳ႕သို႔ မတ္လ ၁ဝ ရက္၊ ေသာၾကာေန႔က ျဖတ္ေက်ာ္လာစဥ္ ၎တို႔ရဲ႕အျဖဴေရာင္မီနီဗန္ကို ၿပိဳင္ဘက္ဂိုဏ္းမ်ား ပစ္ခတ္ခဲ့ျခင္းျဖစ္ မယ္လို႔ အာဏာပိုင္ေတြက ယူဆထားပါတယ္။ မကၠဆီကိုႏိုင္ငံရွိ အေမရိကန္သံ႐ုံးကလည္း ယင္းသတင္းေၾကာင့္ မာတာမိုေရာ့စ္အတြက္ လုံၿခဳံေရးသတိေပးခ်က္ကို “အဆင့္ ၄" အထိ သတ္မွတ္ကာ ခရီးမသြားၾကဖို႔ မတ္လ ၁ဝ ရက္၊ ေသာၾကာေန႔က ထုတ္ျပန္ခဲ့ပါတယ္။

မာတာမိုေရာ့စ္ၿမိဳ႕မွာ အခ်င္းခ်င္းတိုက္ခိုက္ေလ့ရွိတဲ့ အင္အားႀကီး ပင္လယ္ေကြ႕ မူးယစ္ဂိုဏ္းအုပ္စုမ်ားက ႀကီးစိုး ေနၿပီး အၾကမ္းဖက္မႈမ်ားၾကား မကၠဆီကိုႏိုင္ငံသား ေထာင္ေပါင္းမ်ားစြာဟာ တာမာလီပက္စ္ ျပည္နယ္တစ္ခု တည္းမွာ ေပ်ာက္ကြယ္သြားခဲ့ၿပီး မၾကာေသးမီဆယ္စုႏွစ္မ်ားအတြင္း ႏိုင္ငံအတြင္း ေပ်ာက္ဆုံးေနတဲ့ လူေပါင္း တစ္သိန္းေက်ာ္အထိ တိုးလာခဲ့တယ္လို႔ သိရပါတယ္။ ေပ်ာက္ဆုံးမႈအမ်ားစုဟာ မကၠဆီကိုအစိုးရ မူးယစ္ေဆးဝါး ဂိုဏ္းမ်ားကို စစ္ေရးအရ ၿဖိဳခြဲခဲ့တဲ့ ၂ဝဝ၇ ခုႏွစ္ ေနာက္ပိုင္းမွာ စတင္ျဖစ္ပြားခဲ့ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.