ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီများအတွက် ကုလသမဂ္ဂစားနပ်ရိက္ခာဖြတ်တောက်မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေဟု ဆို

 518

ရောင်နီ (NP News) - မတ် ၈

ရန်ပုံငွေအကျပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှု လျှော့ချဖို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ဆုံးဖြတ်ချက်အပေါ် စိုးရိမ်မှုများ မြင့်တက်လာနေပါတယ်။

မတ် ၁ ရက်က WFP မှ ဘင်္ဂါလီဒုက္ခသည်များအတွက် လစဉ် စားနပ်ရိက္ခာဘောင်ချာများကို လူတစ်ဦးလျှင် ၁၂ ဒေါ်လာမှ ၁ဝ ဒေါ်လာအထိ ဖြတ်တောက်ခဲ့ပြီး ချက်ချင်းလက်ငင်း ငွေသားထိုးစရာမလိုဘဲ နောက်ထပ်ဖြတ် တောက်မှုများလည်း ရှိလာဦးမယ်လို့ သတိပေးထားပါတယ်။ ကော့ဘဇားရှိ စခန်းများမှာ ဘင်္ဂါလီဒုက္ခသည် တစ်သန်းကျော် နေထိုင်ကြပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲလာခဲ့တဲ့ ဘင်္ဂါလီစခန်းတွေ ကို ကူညီပေးဖို့ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့က နိုင်ငံတကာအကူအညီတွေကို အင်္ဂါနေ့က တောင်းဆို လိုက်ပါတယ်။

"ယနေ့စတင်လိုက်တဲ့ တုံ့ပြန်မှုအစီအစဉ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှဒေါ်လာ ၈၈၃ သန်းခန့်ထိ တောင်းခံရမှာဖြစ်တယ်" လို့ Dhaka's BRAC တက္ကသိုလ်မှပညာရှင် ရှာဟာရီရာ ဆာဒက် က ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည် တစ်သန်းနီးပါးအတွက် ၂ဝ၂၃ ခုနှစ်ဟာ ခက်ခဲတဲ့နှစ်ဖြစ်နိုင်တယ်လို့ ဆာဒက် က ပြောကြားပြီး နိုင်ငံတကာရန်ပုံငွေ ပိုမိုမျှတမှုရှိဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ နယူးယော့ခ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ထောက်ပံ့ကူညီမှု ဖြတ်တောက်မှုဟာ လူတစ် ဦးလျှင် ကယ်လိုရီအရေအတွက် တစ်နေ့လျှင် ကယ်လိုရီ ၂၁ဝဝ အောက်သို့ လျော့ကျသွားစေနိုင်ပြီး ဘင်္ဂါလီ ထောင်ပေါင်းများစွာ အာဟာရချို့တဲ့မှုအန္တရာယ်ကို ဆိုးရွားစွာ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

မတ်လ ၆ ရက်၊ တနင်္လာနေ့ကလည်း ဘင်္ဂါလီစခန်းမှာ မီးလောင်မှုကြောင့် ကယ်ဆယ်ရေးစခန်း ၂ဝဝဝ ကျော်၊ ဆေးရုံများနဲ့ သင်ကြားရေး စင်တာများ အပါအဝင် အဆောက်အဦး ၉ဝ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်ရတဲ့အကြောင်းရင်းကို ဘင်္ဂလားဒေ့ရှ်က စုံစမ်းစစ်ဆေးနေတယ်လို့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်နာ မိုဟာမတ်မီဇာနာရာမန် က ပြောပါတယ်။ ယာယီအဆောက်အဦများနဲ့ လူစည်ကား တဲ့ စခန်းများမှာ မကြာခဏ မီးလောင်ကျွမ်းမှုများဖြစ်ပွားလေ့ရှိပြီး ၂ဝ၂၁ ခုနှစ် မတ်လက ကြီးမားသော မီးလောင်မှု တစ်ခုမှာ အနည်းဆုံး ဒုက္ခသည် ၁၅ ဦး သေဆုံးပြီး နေအိမ် ၁ဝဝဝဝ ကျော် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version;
ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဘဂၤါလီမ်ားအတြက္ ကုလသမဂၢစားနပ္ရိကၡာျဖတ္ေတာက္မႈအေပၚ စိုးရိမ္မႈေတြ ျမင့္တက္ေနဟု ဆို
ေရာင္နီ (NP News) - မတ္ ၈

ရန္ပုံေငြအက်ပ္အတည္းေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ဘဂၤါလီဒုကၡသည္မ်ားအတြက္ စားနပ္ရိကၡာေထာက္ပံ့မႈ ေလွ်ာ့ခ်ဖို႔ ကမာၻ႔စားနပ္ရိကၡာ အစီအစဥ္ (WFP) ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ စိုးရိမ္မႈမ်ား ျမင့္တက္လာေနပါတယ္။

မတ္ ၁ ရက္က WFP မွ ဘဂၤါလီဒုကၡသည္မ်ားအတြက္ လစဥ္ စားနပ္ရိကၡာေဘာင္ခ်ာမ်ားကို လူတစ္ဦးလွ်င္ ၁၂ ေဒၚလာမွ ၁ဝ ေဒၚလာအထိ ျဖတ္ေတာက္ခဲ့ၿပီး ခ်က္ခ်င္းလက္ငင္း ေငြသားထိုးစရာမလိုဘဲ ေနာက္ထပ္ျဖတ္ ေတာက္မႈမ်ားလည္း ရွိလာဦးမယ္လို႔ သတိေပးထားပါတယ္။ ေကာ့ဘဇားရွိ စခန္းမ်ားမွာ ဘဂၤါလီဒုကၡသည္ တစ္သန္းေက်ာ္ ေနထိုင္ၾကပါတယ္။ ကမာၻ႔အႀကီးဆုံး ဒုကၡသည္စခန္းအျဖစ္ ေျပာင္းလဲလာခဲ့တဲ့ ဘဂၤါလီစခန္းေတြ ကို ကူညီေပးဖို႔ ကုလသမဂၢနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရတို႔က ႏိုင္ငံတကာအကူအညီေတြကို အဂၤါေန႔က ေတာင္းဆို လိုက္ပါတယ္။

"ယေန႔စတင္လိုက္တဲ့ တုံ႔ျပန္မႈအစီအစဥ္ေၾကာင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းထံမွေဒၚလာ ၈၈၃ သန္းခန္႔ထိ ေတာင္းခံရမွာျဖစ္တယ္" လို႔ Dhaka's BRAC တကၠသိုလ္မွပညာရွင္ ရွာဟာရီရာ ဆာဒက္ က ေျပာၾကားခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ဘဂၤါလီဒုကၡသည္ တစ္သန္းနီးပါးအတြက္ ၂ဝ၂၃ ခုႏွစ္ဟာ ခက္ခဲတဲ့ႏွစ္ျဖစ္ႏိုင္တယ္လို႔ ဆာဒက္ က ေျပာၾကားၿပီး ႏိုင္ငံတကာရန္ပုံေငြ ပိုမိုမွ်တမႈရွိဖို႔ လိုအပ္ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့ပါတယ္။ နယူးေယာ့ခ္အေျခစိုက္ နယ္စည္းမျခား ဆရာဝန္မ်ားအဖြဲ႕ (MSF) က ေထာက္ပံ့ကူညီမႈ ျဖတ္ေတာက္မႈဟာ လူတစ္ ဦးလွ်င္ ကယ္လိုရီအေရအတြက္ တစ္ေန႔လွ်င္ ကယ္လိုရီ ၂၁ဝဝ ေအာက္သို႔ ေလ်ာ့က်သြားေစႏိုင္ၿပီး ဘဂၤါလီ ေထာင္ေပါင္းမ်ားစြာ အာဟာရခ်ိဳ႕တဲ့မႈအႏၲရာယ္ကို ဆိုး႐ြားစြာ ရင္ဆိုင္ရႏိုင္ေၾကာင္း သတိေပးခဲ့ပါတယ္။

မတ္လ ၆ ရက္၊ တနလၤာေန႔ကလည္း ဘဂၤါလီစခန္းမွာ မီးေလာင္မႈေၾကာင့္ ကယ္ဆယ္ေရးစခန္း ၂ဝဝဝ ေက်ာ္၊ ေဆး႐ုံမ်ားနဲ႔ သင္ၾကားေရး စင္တာမ်ား အပါအဝင္ အေဆာက္အဦး ၉ဝ ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ မီးေလာင္ရတဲ့အေၾကာင္းရင္းကို ဘဂၤလားေဒ့ရွ္က စုံစမ္းစစ္ေဆးေနတယ္လို႔ ဒုကၡသည္ကယ္ဆယ္ေရးနဲ႔ ေနရပ္ျပန္ပို႔ေရး ေကာ္မရွင္နာ မိုဟာမတ္မီဇာနာရာမန္ က ေျပာပါတယ္။ ယာယီအေဆာက္အဦမ်ားနဲ႔ လူစည္ကား တဲ့ စခန္းမ်ားမွာ မၾကာခဏ မီးေလာင္ကြၽမ္းမႈမ်ားျဖစ္ပြားေလ့ရွိၿပီး ၂ဝ၂၁ ခုႏွစ္ မတ္လက ႀကီးမားေသာ မီးေလာင္မႈ တစ္ခုမွာ အနည္းဆုံး ဒုကၡသည္ ၁၅ ဦး ေသဆုံးၿပီး ေနအိမ္ ၁ဝဝဝဝ ေက်ာ္ ပ်က္စီးခဲ့ရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.