ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး လူ(၁၇)ဦး သေဆုံး

 567

Pika (NP News) - မတ် ၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ လူစည်ကားသော ဈေးတစ်ခုတွင် မတ်လ(၇)ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁၇)ဦး သေဆုံးခဲ့ပြီး၊ လူ(၁ဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေး အဖွဲ့များက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဘာကြောင့် ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေး ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ လုံခြုံရေးတင်းကြပ်မှုများ လျော့ကျနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူအသေအပျောက်များသော အဆောက်အဦး မီးလောင်မှုနှင့် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ပေါက်ကွဲမှုသည် ဒါကာမြို့ရှိ ကုန်ပစ္စည်းများ လက်ကားရောင်းချသည့် အဓိကနေရာတစ်ခုဖြစ်သော Gulistan လမ်းရှိ ခုနစ်ထပ်တိုက်၏ မြေညီထပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် (၇)ထပ်တိုက် ၏ အထပ်များနှင့် ဘေးဘက်နံရံများပျက်စီးသွားခဲ့ပြီး လမ်းမပေါ်တွင် အပျက်အစီးများ ပြန့်ကျဲသွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့စစ်ဆေးရေးမှူး Bacchu Mia က "ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး အပါအဝင် အနည်းဆုံး လူ(၁၇)ဦး သေဆုံးခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိသူများ၊ ခြေ၊လက်ကျိုးသွားသူများ နှင့် အခြားဒဏ်ရာများ ရရှိခဲ့သော လူပေါင်း(၁၁၂)ဦးကျော်ကို ဒါကာမြို့ ဆေးကောလိပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးရုံဒါရိုက်တာ Nazmul Islam က ပြောကြားခဲ့သည်။

ဆေးရုံဒါရိုက်တာ Nazmul Islam က "ထိခိုက်ဒဏ်ရာရရှိသူတွေ ရရှိခဲ့တဲ့ ဒဏ်ရာတွေအရ ဒါဟာကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခုဆိုတာ သိသာပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြားလူတွေကိုလည်း တစ်ခြားဆေးရုံတစ်ခုကို ပို့ဆောင်ထားပါတယ်" ဟု ပြောဆိုခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ခုနစ်မိနစ်အတွင်းတွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့သော်လည်း အဆောက်အဦးအတွင်း ဝင်ရန်အတွက် လုံခြုံစိတ်ချရမှုမရှိသေးသောကြောင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း မီးသတ်ဌာနအကြီးအကဲ Main Uddin က ပြောကြားခဲ့သည်။

မီးသတ်ဌာနအကြီးအကဲ Main Uddin က "အခုအချိန်မှာ အဆောက်အဦးထဲကို ဝင်ရောက်ဖို့က အန္တရာယ်များပါ တယ်။ အဆောက်အဦးထဲမှာ ပိတ်မိနေတဲ့လူတွေ ရှိနေနိုင်ပါသေးတယ်၊၊ ဒီအဆောက်အဦးရဲ့အောက်မှာ ဂတ်စ်ပိုက်လိုင်းတွေလည်း မရှိပါဘူး။ ပေါက်ကွဲမှုဘာကြောင့်ဖြစ်ပွားရသလဲဆိုတဲ့အကြောင်းအရင်းကို ရှာဖွေဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ေပါက္ကြဲမႈျဖစ္ပြားၿပီး အနည္းဆုံး လူ(၁၇)ဦး ေသဆုံး
Pika (NP News) - မတ္ ၈

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕ရွိ လူစည္ကားေသာ ေဈးတစ္ခုတြင္ မတ္လ(၇)ရက္က ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ(၁၇)ဦး ေသဆုံးခဲ့ၿပီး၊ လူ(၁ဝဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မ်ားႏွင့္ ကယ္ဆယ္ေရး အဖြဲ႕မ်ားက ေျပာၾကားခဲ့သည္။

ေပါက္ကြဲမႈဘာေၾကာင့္ ျဖစ္ပြားရသည္ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသး ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ လုံၿခဳံေရးတင္းၾကပ္မႈမ်ား ေလ်ာ့က်ေနသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ လူအေသအေပ်ာက္မ်ားေသာ အေဆာက္အဦး မီးေလာင္မႈႏွင့္ ေပါက္ကြဲမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။

ေပါက္ကြဲမႈသည္ ဒါကာၿမိဳ႕ရွိ ကုန္ပစၥည္းမ်ား လက္ကားေရာင္းခ်သည့္ အဓိကေနရာတစ္ခုျဖစ္ေသာ Gulistan လမ္းရွိ ခုနစ္ထပ္တိုက္၏ ေျမညီထပ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေပါက္ကြဲမႈေၾကာင့္ (၇)ထပ္တိုက္ ၏ အထပ္မ်ားႏွင့္ ေဘးဘက္နံရံမ်ားပ်က္စီးသြားခဲ့ၿပီး လမ္းမေပၚတြင္ အပ်က္အစီးမ်ား ျပန႔္က်ဲသြားခဲ့ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕စစ္ေဆးေရးမႉး Bacchu Mia က "ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသမီးႏွစ္ဦး အပါအဝင္ အနည္းဆုံး လူ(၁၇)ဦး ေသဆုံးခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ဦးေခါင္း ထိခိုက္ဒဏ္ရာရရွိသူမ်ား၊ ေျခ၊လက္က်ိဳးသြားသူမ်ား ႏွင့္ အျခားဒဏ္ရာမ်ား ရရွိခဲ့ေသာ လူေပါင္း(၁၁၂)ဦးေက်ာ္ကို ဒါကာၿမိဳ႕ ေဆးေကာလိပ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ေဆး႐ုံဒါ႐ိုက္တာ Nazmul Islam က ေျပာၾကားခဲ့သည္။

ေဆး႐ုံဒါ႐ိုက္တာ Nazmul Islam က "ထိခိုက္ဒဏ္ရာရရွိသူေတြ ရရွိခဲ့တဲ့ ဒဏ္ရာေတြအရ ဒါဟာႀကီးမားတဲ့ ေပါက္ကြဲမႈတစ္ခုဆိုတာ သိသာပါတယ္။ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ အျခားလူေတြကိုလည္း တစ္ျခားေဆး႐ုံတစ္ခုကို ပို႔ေဆာင္ထားပါတယ္" ဟု ေျပာဆိုခဲ့သည္။

ကယ္ဆယ္ေရးသမားမ်ားသည္ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ခုနစ္မိနစ္အတြင္းတြင္ အခင္းျဖစ္ပြားရာေနရာသို႔ ေရာက္ရွိလာခဲ့ေသာ္လည္း အေဆာက္အဦးအတြင္း ဝင္ရန္အတြက္ လုံၿခဳံစိတ္ခ်ရမႈမရွိေသးေသာေၾကာင့္ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရေၾကာင္း မီးသတ္ဌာနအႀကီးအကဲ Main Uddin က ေျပာၾကားခဲ့သည္။

မီးသတ္ဌာနအႀကီးအကဲ Main Uddin က "အခုအခ်ိန္မွာ အေဆာက္အဦးထဲကို ဝင္ေရာက္ဖို႔က အႏၲရာယ္မ်ားပါ တယ္။ အေဆာက္အဦးထဲမွာ ပိတ္မိေနတဲ့လူေတြ ရွိေနႏိုင္ပါေသးတယ္၊၊ ဒီအေဆာက္အဦးရဲ႕ေအာက္မွာ ဂတ္စ္ပိုက္လိုင္းေတြလည္း မရွိပါဘူး။ ေပါက္ကြဲမႈဘာေၾကာင့္ျဖစ္ပြားရသလဲဆိုတဲ့အေၾကာင္းအရင္းကို ရွာေဖြဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.