တစ်နာရီအတွင်း ဒိုက်အကြိမ်ရေ (၃၂၆၄)ကြိမ် ထိုးနိုင်ခဲ့တဲ့ အသက်(၆ဝ)အရွယ် အမျိုးသား

 479

Pika (NP News) - မတ် ၈

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော အသက်(၆ဝ)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သူ Rob Stirling သည် တစ်နာရီအတွင်း ဒိုက်အကြိမ်ရေ(၃၂၆၄)ကြိမ်ထိုးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

၂ဝ၂၂ ခုနှစ် ဧပြီလတွင် ဩစတြေးလျနိုင်ငံသား Daniel Scali သည် တစ်နာရီအတွင်း ဒိုက်အကြိမ်ရေ (၃၁၈၂)ကြိမ် ထိုးကာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပြီးနောက် အဆိုပါစံချိန်ကို ချိုးဖျက်ပြီး ဒိုက်အကြိမ်ရေ အများဆုံးထိုးနိုင်သူအဖြစ် ဂင်းနစ်စံချိန်တင်ရန် ဆုံးဖြတ်ခဲ့ကြောင်း Rob Stirling က ပြောကြားခဲ့သည်။

Rob Stirling သည် မိုင်ယာမီကမ်းခြေရှိ ပွဲတစ်ခုတွင် တရားဝင်မဟုတ်သော ဒိုက်ထိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် ၎င်း၏ကိုယ်ပိုင်ပန်းတိုင်ကို ဒိုက်အကြိမ်ရေ(၃၂ဝဝ)ထိုးကာ ဂင်းနစ်စံချိန်ချိုးဖျက်ရန် ကြိုးပမ်း မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ထို့နောက် Rob Stirling သည် တစ်နာရီအတွင်း ဒိုက်အကြိမ်ရေ (၃၂၆၄)ကြိမ်ထိုးကာ ၎င်းရည်မှန်းထားသော ပန်းတိုင်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိအချိန်တွင် Rob Stirling သည် တစ်နာရီအတွင်း ဒိုက်အကြိမ်ရေ (၃၂၆၄)ကြိမ် ထိုးနိုင်ခဲ့သော ရုပ်သံဖိုင်ကို တရားဝင် စိစစ်မှုများလုပ်ဆောင်ရန် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းသို့ တင်သွင်းထားကြောင်း ပြောကြားခဲ့သည်။

Rob Stirling က "တစ်မိနစ်အတွင်းမှာ ဒိုက်အကြိမ်ရေ (၁၄၄)ကြိမ်ထိုးပြနိုင်ခဲ့တဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်လည်း ရှိနေပါ တယ်။ အဲဒီ ဂင်းနစ်စံချိန်ကိုလည်း ချိုးဖျက်နိုင်အောင်လုပ်မယ်လို့ စိတ်ကူးထားပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
တစ္နာရီအတြင္း ဒိုက္အႀကိမ္ေရ (၃၂၆၄)ႀကိမ္ ထိုးႏိုင္ခဲ့တဲ့ အသက္(၆ဝ)အ႐ြယ္ အမ်ိဳးသား
Pika (NP News) - မတ္ ၈

အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္တြင္ ေနထိုင္ေသာ အသက္(၆ဝ)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္သူ Rob Stirling သည္ တစ္နာရီအတြင္း ဒိုက္အႀကိမ္ေရ(၃၂၆၄)ႀကိမ္ထိုးခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။

၂ဝ၂၂ ခုႏွစ္ ဧၿပီလတြင္ ဩစေၾတးလ်ႏိုင္ငံသား Daniel Scali သည္ တစ္နာရီအတြင္း ဒိုက္အႀကိမ္ေရ (၃၁၈၂)ႀကိမ္ ထိုးကာ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ၿပီးေနာက္ အဆိုပါစံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး ဒိုက္အႀကိမ္ေရ အမ်ားဆုံးထိုးႏိုင္သူအျဖစ္ ဂင္းနစ္စံခ်ိန္တင္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း Rob Stirling က ေျပာၾကားခဲ့သည္။

Rob Stirling သည္ မိုင္ယာမီကမ္းေျခရွိ ပြဲတစ္ခုတြင္ တရားဝင္မဟုတ္ေသာ ဒိုက္ထိုးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီ ျဖစ္ေသာေၾကာင့္ ၎၏ကိုယ္ပိုင္ပန္းတိုင္ကို ဒိုက္အႀကိမ္ေရ(၃၂ဝဝ)ထိုးကာ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ရန္ ႀကိဳးပမ္း မည္ဟု ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။ ထို႔ေနာက္ Rob Stirling သည္ တစ္နာရီအတြင္း ဒိုက္အႀကိမ္ေရ (၃၂၆၄)ႀကိမ္ထိုးကာ ၎ရည္မွန္းထားေသာ ပန္းတိုင္ကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ Rob Stirling သည္ တစ္နာရီအတြင္း ဒိုက္အႀကိမ္ေရ (၃၂၆၄)ႀကိမ္ ထိုးႏိုင္ခဲ့ေသာ ႐ုပ္သံဖိုင္ကို တရားဝင္ စိစစ္မႈမ်ားလုပ္ေဆာင္ရန္ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းသို႔ တင္သြင္းထားေၾကာင္း ေျပာၾကားခဲ့သည္။

Rob Stirling က "တစ္မိနစ္အတြင္းမွာ ဒိုက္အႀကိမ္ေရ (၁၄၄)ႀကိမ္ထိုးျပႏိုင္ခဲ့တဲ့ ကမာၻ႔ဂင္းနစ္စံခ်ိန္လည္း ရွိေနပါ တယ္။ အဲဒီ ဂင္းနစ္စံခ်ိန္ကိုလည္း ခ်ိဳးဖ်က္ႏိုင္ေအာင္လုပ္မယ္လို႔ စိတ္ကူးထားပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.