ပြည်တွင်းထွက်ကုန်များ ရုရှားနိုင်ငံသို့ပိုမိုတင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေး နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေး

 524

ရဲပြည့် (NP News) - မတ် ၁၅

ပြည်တွင်းထွက်ကုန်များ ရုရှားနိုင်ငံသို့ပိုမိုတင်ပို့နိုင်ရေးနှင့် နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ ရင်နှီးမြှုပ်နှံမှုမြှင့်တင်ဆောင်ရွက်ရေး ကိစ္စများကို နစကဥက္ကဋ္ဌ နှင့် ရုရှားရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာအလက်ဇန်းဒါး ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။

၎င်းတို့သည် မတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၊ ရေထွက်ပစ္စည်းများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရန်နှင့် မြန်မာနိုင်ငံမှ တွင်းထွက်နှင့်သဘာဝသယံဇာတပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး၊ သဘာဝသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အလားတူ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများကို နည်းပညာအသုံးပြု၍ အဆင့်မြင့်ပရိဘောဂပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်နေပြီး စက္ကူပျော့ဖတ်များထုတ်လုပ်နိုင်မှုကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

မြန်မာနှင့်ရုရှားနိုင်ငံကြား တိုက်ရိုက်လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ခြင်းကြောင့် ရုရှားနိုင်ငံအနေဖြင့် သုတေသနပြုလုပ် ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ျပည္တြင္းထြက္ကုန္မ်ား ႐ုရွားႏိုင္ငံသို႔ပိုမိုတင္ပို႔ႏိုင္ေရးႏွင့္ ကုန္သြယ္မႈျမႇင့္တင္ေရး ႏွစ္ႏိုင္ငံၾကား ေတြ႕ဆုံေဆြးေႏြး
ရဲျပည့္ (NP News) - မတ္ ၁၅

ျပည္တြင္းထြက္ကုန္မ်ား ႐ုရွားႏိုင္ငံသို႔ပိုမိုတင္ပို႔ႏိုင္ေရးႏွင့္ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္မႈ၊ ရင္ႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေဆာင္႐ြက္ေရး ကိစၥမ်ားကို နစကဥကၠ႒ ႏွင့္ ႐ုရွားေရာ့စ္ကြန္ဂရက္ရင္းႏွီးျမႇဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕မွ ၫႊန္ၾကားေရးမႉး မစၥတာအလက္ဇန္းဒါး ဆာဂီးအ္ဗစ္ရွ္ ရွာတီေရာ့ဗ္တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရသိရသည္။

၎တို႔သည္ မတ္လ ၁၄ ရက္တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး၌ ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံမွထြက္ရွိသည့္ စိုက္ပ်ိဳးေမြးျမဴေရး ထုတ္ကုန္မ်ား၊ ေရထြက္ပစၥည္းမ်ားကို ႐ုရွားႏိုင္ငံသို႔ တင္ပို႔ႏိုင္ရန္ႏွင့္ ျမန္မာႏိုင္ငံမွ တြင္းထြက္ႏွင့္သဘာဝသယံဇာတပစၥည္းမ်ားအား တန္ဖိုးျမႇင့္ထုတ္ကုန္မ်ားအျဖစ္ ထုတ္လုပ္ႏိုင္ေရး၊ သဘာဝသယံဇာတမ်ား ထိန္းသိမ္းႏိုင္ေရးအတြက္ သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္မည့္ကိစၥရပ္မ်ားကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

အလားတူ ျမန္မာႏိုင္ငံမွထြက္ရွိသည့္ သစ္ေတာထြက္ပစၥည္းမ်ားကို နည္းပညာအသုံးျပဳ၍ အဆင့္ျမင့္ပရိေဘာဂပစၥည္းမ်ား၊ အသုံးအေဆာင္ပစၥည္းမ်ား ထုတ္လုပ္ေနၿပီး စကၠဴေပ်ာ့ဖတ္မ်ားထုတ္လုပ္ႏိုင္မႈကိစၥရပ္မ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

ျမန္မာႏွင့္႐ုရွားႏိုင္ငံၾကား တိုက္႐ိုက္ေလေၾကာင္း ပို႔ေဆာင္ေရးလုပ္ငန္းမ်ားႏွင့္ ခရီးသြားက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ျခင္းေၾကာင့္ ႐ုရွားႏိုင္ငံအေနျဖင့္ သုေတသနျပဳလုပ္ ငန္းမ်ား ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.