ရွေးကောက်ပွဲကော်မရှင်၌ ပါတီမှတ်ပုံမတင်ရန် SNLD ပါတီဆုံးဖြတ်ထား

 1213

မျိုးကြီး (NP News) - မတ် ၁၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ပါတီမှတ်ပုံမတင်ရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(SNLD)က ဆုံးဖြတ်ထားကြောင်း သတင်းရရှိသည်။

SNLD ပါတီအနေဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို (၂)ရက်ကြာကျင်းပခဲ့ပြီးနောက် CEC တစ်ဖွဲ့လုံးအနေဖြင့် အထက်ပါကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူးဦးစိုင်းလိတ်က NP News ကိုအတည်ပြုပြောဆိုထားသည်။

“ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၂)ရက်ထိုင်တယ်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးတော့မှ CEC တစ်ဖွဲ့လုံးက ပါတီမှတ်ပုံ မတင်သင့်ဘူးလို့ ဆုံးဖြတ်ပါတယ်ဗျ” ဟု SNLD ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောသည်။

SNLD ပါတီဝင်များသည် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ်အနှံ့တွင် ရှိပြီး ပါတီဝင်များ၏ သဘောထားကောက်ယူရန် အချိန်နည်းခြင်း၊ လုံခြုံရေးအရ အကန့်အသတ်ရှိခြင်းတို့ကြောင်း ယင်းကဲ့သို့ဆုံးဖြတ်ခဲ့ရခြင်းလည်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အကြောင်းပြချက်၊ ကျွန်တော်တို့ဘက်က ရပ်ခံချက်ပေါ့နော် နဂိုကတည်းက ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးတဲ့ ပါတီအဖြစ် မှတ်ပုံတင်ထားတယ်။ ဆိုတော့ ကျွန်တော်တို့ ပါတီဝင်တွေက ကချင်ပြည် နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း နဲ့ ရှမ်းပြည်နယ်အနှံမှာ ရှိတယ်။ အဲဒီပါတီဝင်တွေကို ဆင်းပြီးတော့မှ သဘောထားကောက်ယူဖို့အတွက် အချိန်အင်မတန်နည်းတယ်။ နောက်တစ်ခု လုံခြုံရေးအရ အကန့်အ သတ်ရှိတယ်။ ဒါကြောင့်မိုလို့ လူထုနဲ့ လိုအပ်သလောက် ထိတွေ့မှု မရှိဘူး။ သဘောထားရယူနိုင်ခြင်းမရှိဘူး။ ဒါပထမတစ်ချက်ပေါ့။ ဒုတိယတစ်ချက်က UEC ဒါမှမဟုတ် နစကကိုယ်တိုင်က ရွေးကောက်ပွဲဘယ် တော့လုပ်မယ်ဆိုတာ အတိအကျအချိန်ကြေညာထားတာမရှိဘူး။ အဲဒီနှစ်ချက်အပေါ်မှာ မူတည်ပြီး တော့မှ ကျွန်တော်တို့အနေနဲ့ ပါတီဆက်လက် မှတ်ပုံတင်ရန် မသင့်သေးဘူးလို့ ဆုံးဖြတ်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ တန်းတူညီမျှအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိရေးအတွက် ဘက်ပေါင်းစုံမှ ပါဝင်ရန်လိုအပ်ပြီး ထိုသို့ဘက်ပေါင်းစုံပါဝင်နိုင်သည့် အခင်းအကျင်းဖြစ်ရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းကာ အားလုံးသဘောထားကြီးစွာဖြင့် ဆွေးနွေးနိုင်သည့်အခင်းအ ကျင်းတစ်ရပ် ပေါ်ပေါက်ရန်လိုအပ်ကြောင်းလည်း ဦးစိုင်းလိတ်က သုံးသပ်ထားသည်။

ဆက်လက်ပြီး ဦးစိုင်းလိတ်က “အဲဒီအခြေအနေမျိုးမှာ နိုင်ငံရေးပါတီအဖြစ်သော်လည်းကောင်း၊ နိုင်ငံရေးပါတီအဖြစ် မဟုတ်ဘဲနဲ့ activist ပုံစံမျိုးပဲဖြစ်ဖြစ် stakeholder တစ်ရပ်အနေနဲ့ ပါဝင်နိုင်မယ့်အခင်းအ ကျင်း တခြားတစ်ရပ်ရပ်တော့ ပေါ်ပေါက်အုံးမယ်လို့ မျှော်လင့်ပါတယ်။ အဲဒါကြောင့်မိုလို့ ပါတီနိုင်ငံရေး၊ ရွေးကောက်ခံနိုင်ငံရေးမဟုတ်ဘဲနဲ့ တခြားသော ပုံစံမျိုးနဲ့လည်း လုပ်ဆောင်နိုင်ဖွယ်ရာရှိတယ်လို့ သုံးသပ်လို့ ဒီလိုမျိုးဆုံးဖြတ်ရခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

နစကဘက်မှ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများတွင် ရက်ပေါင်း(၆ဝ)အတွင်း နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံပြန်မတင်ပါက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟုပါရှိသည်ကို တွေ့ရသည်။

“တကယ်လို့ ရက်ပေါင်း(၆ဝ)အတွင်းမှာ မှတ်ပုံမတင်လို့ရှိရင် ပါတီအနေနဲ့ မှတ်ပုံတင်အလိုအလျောက်ပျက်ပြယ်တယ်ပေါ့နော်။ ဒါမှတ်ပုံတင်ကိစ္စပြောတာပါ။ သို့သော် ကျွန်တော်တို့ရဲ့စုဖွဲ့မှုကတော့ ပျက်ကောင်းမှ ပျက်မှာပေါ့ဗျာ။ ဒါက ကျွန်တော်တို့ ပါတီက မှတ်ပုံတင်အနေနဲ့ ရပ်တည်တာလား ဒါမှမဟုတ် လူထုရဲ့ထောက်ခံမှုနဲ့ ရပ်တည်တာလားဆိုတာမျိုးကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်ထဲမှာ ပါပါတယ်။ ဆိုတော့ လူထူထောက်ခံမှုရနေသေးရင်တော့ နိုင်ငံ့အရေးကိစ္စမှာ ထောင့်တစ်ခု၊ ဘက်တစ်ခုအနေနဲ့တော့ ပါနိုင်တဲ့အခင်းအကျင်းတော့ ကျန်အုံးမယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ဦးစိုင်းလိတ်က ဆက် လက်ပြောဆိုထားသည်။

SNLD ပါတီသည် အင်အားကြီးမားသည့် ရှမ်းပါတီတစ်ခုဖြစ်ပြီး ပြီးခဲ့သော ရွေးကောက်ပွဲများတွင်လည်း ရှမ်းပြည်နယ်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်နေရာအများအပြားရရှိခဲ့သည်ကို တွေ့ရှိရသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့် နိုင်ငံရေးပါတီမှာ (၃ဝ)နီးပါးရှိကြောင်း သိရသည်။

zawgyi version
ေ႐ြးေကာက္ပြဲေကာ္မရွင္၌ ပါတီမွတ္ပုံမတင္ရန္ SNLD ပါတီဆုံးျဖတ္ထား

မ်ိဳးႀကီး (NP News) - မတ္ ၁၈

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ ပါတီမွတ္ပုံမတင္ရန္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ(SNLD)က ဆုံးျဖတ္ထားေၾကာင္း သတင္းရရွိသည္။

SNLD ပါတီအေနျဖင့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအစည္းအေဝးကို (၂)ရက္ၾကာက်င္းပခဲ့ၿပီးေနာက္ CEC တစ္ဖြဲ႕လုံးအေနျဖင့္ အထက္ပါကဲ့သို႔ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ပါတီအေထြေထြအတြင္းေရးမႉးဦးစိုင္းလိတ္က NP News ကိုအတည္ျပဳေျပာဆိုထားသည္။

“ကြၽန္ေတာ္တို႔ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအစည္းအေဝး (၂)ရက္ထိုင္တယ္။ အေျခအေနအရပ္ရပ္ကို သုံးသပ္ၿပီးေတာ့မွ CEC တစ္ဖြဲ႕လုံးက ပါတီမွတ္ပုံ မတင္သင့္ဘူးလို႔ ဆုံးျဖတ္ပါတယ္ဗ်” ဟု SNLD ပါတီမွ အေထြေထြအတြင္းေရးမႉး ဦးစိုင္းလိတ္က ေျပာသည္။

SNLD ပါတီဝင္မ်ားသည္ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ မႏၲေလးတိုင္း ႏွင့္ ရွမ္းျပည္နယ္အႏွံ႔တြင္ ရွိၿပီး ပါတီဝင္မ်ား၏ သေဘာထားေကာက္ယူရန္ အခ်ိန္နည္းျခင္း၊ လုံၿခဳံေရးအရ အကန႔္အသတ္ရွိျခင္းတို႔ေၾကာင္း ယင္းကဲ့သို႔ဆုံးျဖတ္ခဲ့ရျခင္းလည္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“အေၾကာင္းျပခ်က္၊ ကြၽန္ေတာ္တို႔ဘက္က ရပ္ခံခ်က္ေပါ့ေနာ္ နဂိုကတည္းက ျပည္ေထာင္စုတစ္ဝန္းလုံးကို စည္း႐ုံးတဲ့ ပါတီအျဖစ္ မွတ္ပုံတင္ထားတယ္။ ဆိုေတာ့ ကြၽန္ေတာ္တို႔ ပါတီဝင္ေတြက ကခ်င္ျပည္ နယ္၊ ကယားျပည္နယ္၊ မႏၲေလးတိုင္း နဲ႔ ရွမ္းျပည္နယ္အႏွံမွာ ရွိတယ္။ အဲဒီပါတီဝင္ေတြကို ဆင္းၿပီးေတာ့မွ သေဘာထားေကာက္ယူဖို႔အတြက္ အခ်ိန္အင္မတန္နည္းတယ္။ ေနာက္တစ္ခု လုံၿခဳံေရးအရ အကန႔္အ သတ္ရွိတယ္။ ဒါေၾကာင့္မိုလို႔ လူထုနဲ႔ လိုအပ္သေလာက္ ထိေတြ႕မႈ မရွိဘူး။ သေဘာထားရယူႏိုင္ျခင္းမရွိဘူး။ ဒါပထမတစ္ခ်က္ေပါ့။ ဒုတိယတစ္ခ်က္က UEC ဒါမွမဟုတ္ နစကကိုယ္တိုင္က ေ႐ြးေကာက္ပြဲဘယ္ ေတာ့လုပ္မယ္ဆိုတာ အတိအက်အခ်ိန္ေၾကညာထားတာမရွိဘူး။ အဲဒီႏွစ္ခ်က္အေပၚမွာ မူတည္ၿပီး ေတာ့မွ ကြၽန္ေတာ္တို႔အေနနဲ႔ ပါတီဆက္လက္ မွတ္ပုံတင္ရန္ မသင့္ေသးဘူးလို႔ ဆုံးျဖတ္ပါတယ္” ဟု ဦးစိုင္းလိတ္က ေျပာသည္။

ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုေပၚေပါက္ေရး၊ တန္းတူညီမွ်အခြင့္အေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္မ်ား ရရွိေရးအတြက္ ဘက္ေပါင္းစုံမွ ပါဝင္ရန္လိုအပ္ၿပီး ထိုသို႔ဘက္ေပါင္းစုံပါဝင္ႏိုင္သည့္ အခင္းအက်င္းျဖစ္ေရးအတြက္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းကာ အားလုံးသေဘာထားႀကီးစြာျဖင့္ ေဆြးေႏြးႏိုင္သည့္အခင္းအ က်င္းတစ္ရပ္ ေပၚေပါက္ရန္လိုအပ္ေၾကာင္းလည္း ဦးစိုင္းလိတ္က သုံးသပ္ထားသည္။

ဆက္လက္ၿပီး ဦးစိုင္းလိတ္က “အဲဒီအေျခအေနမ်ိဳးမွာ ႏိုင္ငံေရးပါတီအျဖစ္ေသာ္လည္းေကာင္း၊ ႏိုင္ငံေရးပါတီအျဖစ္ မဟုတ္ဘဲနဲ႔ activist ပုံစံမ်ိဳးပဲျဖစ္ျဖစ္ stakeholder တစ္ရပ္အေနနဲ႔ ပါဝင္ႏိုင္မယ့္အခင္းအ က်င္း တျခားတစ္ရပ္ရပ္ေတာ့ ေပၚေပါက္အုံးမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အဲဒါေၾကာင့္မိုလို႔ ပါတီႏိုင္ငံေရး၊ ေ႐ြးေကာက္ခံႏိုင္ငံေရးမဟုတ္ဘဲနဲ႔ တျခားေသာ ပုံစံမ်ိဳးနဲ႔လည္း လုပ္ေဆာင္ႏိုင္ဖြယ္ရာရွိတယ္လို႔ သုံးသပ္လို႔ ဒီလိုမ်ိဳးဆုံးျဖတ္ရျခင္းျဖစ္ပါတယ္” ဟု ဆိုသည္။

နစကဘက္မွ ထုတ္ျပန္ျပ႒ာန္းထားသည့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ားတြင္ ရက္ေပါင္း(၆ဝ)အတြင္း ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မွတ္ပုံျပန္မတင္ပါက ပါတီအျဖစ္မွ အလိုအေလ်ာက္ ပ်က္ျပယ္သြားမည္ဟုပါရွိသည္ကို ေတြ႕ရသည္။

“တကယ္လို႔ ရက္ေပါင္း(၆ဝ)အတြင္းမွာ မွတ္ပုံမတင္လို႔ရွိရင္ ပါတီအေနနဲ႔ မွတ္ပုံတင္အလိုအေလ်ာက္ပ်က္ျပယ္တယ္ေပါ့ေနာ္။ ဒါမွတ္ပုံတင္ကိစၥေျပာတာပါ။ သို႔ေသာ္ ကြၽန္ေတာ္တို႔ရဲ႕စုဖြဲ႕မႈကေတာ့ ပ်က္ေကာင္းမွ ပ်က္မွာေပါ့ဗ်ာ။ ဒါက ကြၽန္ေတာ္တို႔ ပါတီက မွတ္ပုံတင္အေနနဲ႔ ရပ္တည္တာလား ဒါမွမဟုတ္ လူထုရဲ႕ေထာက္ခံမႈနဲ႔ ရပ္တည္တာလားဆိုတာမ်ိဳးကလည္း ထည့္သြင္းစဥ္းစားရမယ့္အခ်က္ထဲမွာ ပါပါတယ္။ ဆိုေတာ့ လူထူေထာက္ခံမႈရေနေသးရင္ေတာ့ ႏိုင္ငံ့အေရးကိစၥမွာ ေထာင့္တစ္ခု၊ ဘက္တစ္ခုအေနနဲ႔ေတာ့ ပါႏိုင္တဲ့အခင္းအက်င္းေတာ့ က်န္အုံးမယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္” ဟု ဦးစိုင္းလိတ္က ဆက္ လက္ေျပာဆိုထားသည္။

SNLD ပါတီသည္ အင္အားႀကီးမားသည့္ ရွမ္းပါတီတစ္ခုျဖစ္ၿပီး ၿပီးခဲ့ေသာ ေ႐ြးေကာက္ပြဲမ်ားတြင္လည္း ရွမ္းျပည္နယ္အတြင္း၌ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအမ်ားအျပားရရွိခဲ့သည္ကို ေတြ႕ရွိရသည္။

လက္ရွိတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားသည့္ ႏိုင္ငံေရးပါတီမွာ (၃ဝ)နီးပါးရွိေၾကာင္း သိရသည္။

Picture

hla thein

19/03/2023 15:16

မှတ်ပုံမတင်ဘူးဆိုတော့ အကြမ်းဖက်မယ့်သဘောလား နိုင်ငံ ရေးကို နိိုင်ငံရေးအတိုင်းအရင်ဆွေးနွေးယှဥ််ပြိုင်ကြည့်လေ ဘာလုပ်လုပ် သူများကို ယုကြည်တာ မယုံကြည်တာထက် ငါ့ကိုငါရော လူမှန်မစ်ယောက်လို လိူလို လူ့ကျင့်ဝတ်ပြီးပြည့်စုတဲ့လူလို နေထိုင်ခဲ့လား ပထမ အရင် ကိုယ့် ကို ကိုယ် သံသယများများနှင့် သုံးသပ်ပါ ဟိုပါတီမတင်လို့ ငါလည်းမတင်ဘူးဆိုရင် ငါ့ကိုငါ ဆုံးဖြတ်ချက် ချနိုင်တဲ့လူစားမဟုတ်ဘူးဆိုတာသိမိရဲ့လား ပြိုင်ကြည့်မယ် နစက အမှန် အာဏာရူးတာလား NLD ကအမှန်် လိမ်ခိုးလား သိချင်ရင် ခုပွဲ နွဲသင်တယ် ​ကြားပြူရယ် sorry ကျားဖြူ ကျားဖြူး အဖဲ့များ သင်တို့ သိပ်ကိုမေ့တတ်လွန်းတယ် စုကြည်ခေါတ်တုန်းက တို့ရှမ််းမှာတို့ရှမ်းတွေပဲနိုင်ခဲ့တယ် ရခိုင်မှာ လည်းရခိုင်တွေပဲနိုင်ခဲ့တယ် စွင့်ခနဲ့ ဖလားတက်ယူတာ NLD ပထမ ခံရပြီးပြီ ခုထပ််စမ်းကြည့်မယ် nld ဗမာလူမျိုးကြီးဝါဒီလား စကစ ခူမျိုးကြီးအာဏာရူးဝါဒီလား လုပ်ကြည့်မှ့ ဗမာကောင်းမကောင်းသိရမယ် ကိုရှမ်းကြီး အခွင့်ရေးရတုန်းပွဲဆိုတာဝင်နွဲမှ အချိန်လွန်မှထွန်ချမိရင် ပျိုးမအောင်ဘူးဟေ့ အမျိုးတို့ စကစ ကို လုံးဝ မယုံမကြိုက်ရင် အိမ်မဲ့ အာဆိုးရ အာညှူးကျယ် ဆောရီး NUG နှင့်ပေါင်းပြီးချပါလား ဟိုလဲမဟုတ် ဒါဆိုလဲ မဟုတ်် ဒါဆိုလဲလက်မခံ ဟိုဆိုလဲလက်မခံရင် တို့ပြည်သူတွေကုန်းုပြီးခံနေရတာ မင်းတို့နိုင်ငံရေးသမားတွေ ဘယ််မှာခံကောင်းနေလို့ အတူတူမခံချင်တာလဲ သတ်တိရှိရင် ဝင်ပြိုင်စေချင်တယ် အခြေနေအမှန်သိမှ ပေါင်းလား ခွဲလား ရမ်းလား မိုက်လား လမ်းကြောင်း တွေ့မှာ ဆယ်တန်းအောင်ချင်ရင် ဝင်ပြိုင်မှ ဆုလိုချင်ရင် စင်ပေါ်တက််ပြိုင်မှဘာမှလုပ်ဆောင်ချက်မရှိပဲငါတို့လောက်မသိမတတ်လက်မခံအချိန်ဖြုန်းနေရင်တော့အပေါင်းလားအနုတ်လားဦးဆောင်လားနောက်လိုက်လားရွေးသင့်တယ် ဘေးလွယ်အိပ်လုပ်နေရင်ရှမ်းပြည်သူပဲခံရမှာမောတယ်

Related news

© 2021. All rights reserved.