အသက်(၃၅)နှစ်အောက် ဘွဲ့ရများအတွက် မူလတန်းဆရာအတတ်ပညာသင်တန်းများခေါ်ယူ

 857

စော (NP News) - မတ် ၂ဝ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း(PPTT)အတွက် သင်တန်းသားများခေါ်ယူနေကြောင်း သိရသည်။

အဆိုပါသင်တန်းကို ပညာရေးဒီဂရီကောလိပ်များ၌ ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

လျှောက်ထားသူများသည် ရေးဖြေစာမေးပွဲတွင် အင်္ဂလိပ်စာ အပါအဝင် ပညာရေးနှင့်ပတ်သက်သော ဗဟုသုတများကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဒီဂရီကောလိပ်အသီးသီးတွင် ရေဖြေအောင်မြင်သူများစာရင်း နှင့် လူတွေ့ဖြေဆိုရမည့်ရက်အား သက်ဆိုင်ရာပညာရေးဒီဂရီကောလိပ်များ၌ ၂ဝ၂၃ ခုနှစ် မေလတွင်ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ် ကြောင်းသိရသည်။

လျှောက်ထားသူများသည် လျှောက်လွှာကို ဧပြီလ (၇)ရက်ထက်မနောက်ကျဘဲ လျှောက်လွှာတင်သွင်းရမည့် ပညာရေးဒီဂရီကောလိပ်တည်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ်တစ်ခုကို ကိုယ်စားပြု၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများအနေဖြင့် မေလ (၃၁)တွင် အသက် (၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုပြီး ဝန်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းဖြစ်ပြီး အသက် (၄ဝ)နှစ်ထက် မကြီးသူဖြစ်ရမည်ဟု ထုတ်ပြန်ချက်အရသိရသည်။

လူတွေ့ဖြေဆိုအောင်မြင်သူများသာ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး မူလတန်းဆရာအတတ်ပညာလက် မှတ်ရရှိပြီးနောက် လက်ထောက်မူလတန်းပြအဖြစ် အနည်းဆုံး (၅)နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဆရာအတတ်ပညာဦးစီးဌာနက အသိပေးထားသည်။

zawgyi version
အသက္(၃၅)ႏွစ္ေအာက္ ဘြဲ႕ရမ်ားအတြက္ မူလတန္းဆရာအတတ္ပညာသင္တန္းမ်ားေခၚယူ

ေစာ (NP News) - မတ္ ၂ဝ

ပညာေရးဝန္ႀကီးဌာန၊ ဆရာအတတ္ပညာဦးစီးဌာနတြင္ လုပ္ငန္းခြင္အႀကိဳ မူလတန္းဆရာအတတ္ ပညာသင္တန္း(PPTT)အတြက္ သင္တန္းသားမ်ားေခၚယူေနေၾကာင္း သိရသည္။

အဆိုပါသင္တန္းကို ပညာေရးဒီဂရီေကာလိပ္မ်ား၌ ဇြန္လ ၁ ရက္တြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ေလွ်ာက္ထားသူမ်ားသည္ ေရးေျဖစာေမးပြဲတြင္ အဂၤလိပ္စာ အပါအဝင္ ပညာေရးႏွင့္ပတ္သက္ေသာ ဗဟုသုတမ်ားကို ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။

ပညာေရးဒီဂရီေကာလိပ္အသီးသီးတြင္ ေရေျဖေအာင္ျမင္သူမ်ားစာရင္း ႏွင့္ လူေတြ႕ေျဖဆိုရမည့္ရက္အား သက္ဆိုင္ရာပညာေရးဒီဂရီေကာလိပ္မ်ား၌ ၂ဝ၂၃ ခုႏွစ္ ေမလတြင္ထုတ္ျပန္ေၾကညာေပးသြားမည္ ျဖစ္ ေၾကာင္းသိရသည္။

ေလွ်ာက္ထားသူမ်ားသည္ ေလွ်ာက္လႊာကို ဧၿပီလ (၇)ရက္ထက္မေနာက္က်ဘဲ ေလွ်ာက္လႊာတင္သြင္းရမည့္ ပညာေရးဒီဂရီေကာလိပ္တည္ရွိရာ တိုင္းေဒသႀကီး/ျပည္နယ္ရွိ ၿမိဳ႕နယ္တစ္ခုကို ကိုယ္စားျပဳ၍ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားသူမ်ားအေနျဖင့္ ေမလ (၃၁)တြင္ အသက္ (၃၅)ႏွစ္ထက္မေက်ာ္လြန္သူျဖစ္ရန္လိုၿပီး ဝန္ထမ္းျဖစ္ပါက အၿမဲတမ္းဝန္ထမ္းျဖစ္ၿပီး အသက္ (၄ဝ)ႏွစ္ထက္ မႀကီးသူျဖစ္ရမည္ဟု ထုတ္ျပန္ခ်က္အရသိရသည္။

လူေတြ႕ေျဖဆိုေအာင္ျမင္သူမ်ားသာ တက္ေရာက္ခြင့္ရမည္ျဖစ္ၿပီး မူလတန္းဆရာအတတ္ပညာလက္ မွတ္ရရွိၿပီးေနာက္ လက္ေထာက္မူလတန္းျပအျဖစ္ အနည္းဆုံး (၅)ႏွစ္တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း ဆရာအတတ္ပညာဦးစီးဌာနက အသိေပးထားသည္။

Related news

© 2021. All rights reserved.