မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ (၁ ဒသမ ၇)သန်းကျော် အထိရှိလာဟုဆို

 577

ယွန်း (NP News) - မတ် ၂၁

မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေသည် (၁ ဒသမ ၇)သန်းကျော်အထိ ရှိလာကြောင်း UNOCHA MYANMAR မှ သိရသည်။

UNOCHA MYANMAR မှ ယနေ့(မတ်လ ၂၁ ရက်) နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်တွင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေသည် တိုးလာခဲ့ကြောင်း UNOCHA မှ ဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကချင်၊ ကယား၊ ရှမ်းနှင့် ပဲခူး(အရှေ့ပိုင်း)တို့တွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူနှင့် အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂ဝ၂၃ ခုနှစ်၊ မတ်လ(၁၃)ရက်အထိ ကုလသမဂ္ဂ၏နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူဦးရေသည် (၁ ဒသမ ၇)သန်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း UNOCHA မှ ထုတ်ပြန်ထားသည်။

အဆိုပါ နေရပ်စွန့်ခွာသူများအနက်မှ လူဦးရေ(၁ ဒသမ ၄ )သန်း နီးပါးသည် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ခဲ့သည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူများဖြစ်ကြောင်း သိရသည်။

အများဆုံး နေရပ်စွန့်ခွာသူများသည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှ (၉၄၃၁ဝဝ)ဦးနှင့် အရှေ့တောင်ပိုင်းဒေသများမှ (၄ဝ၉၄ဝဝ)ဦး ရှိကြောင်း UNOCHA MYANMAR မှ ထုတ်ပြန်ထားသည်။

zawgyi version
ျမန္မာႏိုင္ငံတြင္ ပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးေနရသူ (၁ ဒသမ ၇)သန္းေက်ာ္ အထိရွိလာဟုဆို

ယြန္း (NP News) - မတ္ ၂၁

ျမန္မာႏိုင္ငံတြင္ ပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးသူဦးေရသည္ (၁ ဒသမ ၇)သန္းေက်ာ္အထိ ရွိလာေၾကာင္း UNOCHA MYANMAR မွ သိရသည္။

UNOCHA MYANMAR မွ ယေန႔(မတ္လ ၂၁ ရက္) ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျပည္တြင္းတြင္ ဆက္လက္ျဖစ္ပြားေနသည့္ ပဋိပကၡမ်ားေၾကာင့္ ျမန္မာႏိုင္ငံတြင္ ေနရပ္စြန႔္ခြာထြက္ေျပးသူဦးေရသည္ တိုးလာခဲ့ေၾကာင္း UNOCHA မွ ဆိုထားသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ကခ်င္၊ ကယား၊ ရွမ္းႏွင့္ ပဲခူး(အေရွ႕ပိုင္း)တို႔တြင္ လက္နက္ႀကီးပစ္ခတ္မႈမ်ားေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးသူႏွင့္ အရပ္သားပိုင္ပစၥည္းပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

၂ဝ၂၃ ခုႏွစ္၊ မတ္လ(၁၃)ရက္အထိ ကုလသမဂၢ၏ေနာက္ဆုံးကိန္းဂဏန္းမ်ားအရ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ ျပည္တြင္းေနရပ္စြန႔္ခြာထြက္ေျပးသူဦးေရသည္ (၁ ဒသမ ၇)သန္းေက်ာ္အထိ ရွိေနၿပီျဖစ္ေၾကာင္း UNOCHA မွ ထုတ္ျပန္ထားသည္။

အဆိုပါ ေနရပ္စြန႔္ခြာသူမ်ားအနက္မွ လူဦးေရ(၁ ဒသမ ၄ )သန္း နီးပါးသည္ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ စတင္ခဲ့သည့္ ပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးသူမ်ားျဖစ္ေၾကာင္း သိရသည္။

အမ်ားဆုံး ေနရပ္စြန႔္ခြာသူမ်ားသည္ ျမန္မာႏိုင္ငံအေနာက္ေျမာက္ပိုင္းမွ (၉၄၃၁ဝဝ)ဦးႏွင့္ အေရွ႕ေတာင္ပိုင္းေဒသမ်ားမွ (၄ဝ၉၄ဝဝ)ဦး ရွိေၾကာင္း UNOCHA MYANMAR မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.