ရန်ကုန်-မန္တလေး အမြန်ရထား မိုင်းဆွဲတိုက်ခိုက်ခံရကာ ခရီးသည် (၂)ဦး ထိခိုက်ဒဏ်ရာရ

 3884

Pearl (NP News) - မတ် ၂၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ရန်ကုန်-မန္တလေး အမြန်ရထား မိုင်းဆွဲတိုက်ခိုက်ခံရကာ ခရီးသည် (၂)ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဖြစ်စဉ်သည် မတ်လ ၂၁ ရက်၊ နံနက် (၁)နာရီအချိန်ခန့်တွင် ဖြူးမြို့နယ်၊ ညောင်ခြေထောက်ရွာဝင်တွင် ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းရင်းမြစ်တစ်ဦးမှ NP News ကို ပြောသည်။

ရန်ကုန်-မန္တလေး အမှတ် (၃) အဆန်အမြန်ရထားသည် ရန်ကုန် မှ မန္တလေးသို့ မောင်းနှင်ထွက်ခွာစဉ်အချိန် ညောင် ခြေထောက်ရွာအဝင်၌ ရထားလမ်း၏ အရှေ့ဘက်ခြမ်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပေါက်ကွဲမှုကြောင့် ရထားစက်ခေါင်းမှန် နှင့် ရထားပထမတွဲရှိ မှန်ပြတင်း (၄)ချပ်တို့ ပျက်စီးသွားခဲ့ပြီး ခရီးသ ည် (၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ (၂)ဦးသည် ဖြူးမြို့နယ် နှင့် ကျောက်တံတားမြို့နယ်တွင် နေထိုင်သူများဖြစ်ကြပြီး ယာမျက်ခုံး နှင့် ဦးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၂ဝ) ရက်တွင်လည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်သမားများမှ ခရီးသည် ကြိုပို့ကား မိုင်းထောင်းပေါက်ကွဲခဲ့သဖြင့် အမျိုးသား(၂)ဦး၊ အမျိုးသမီး (၁)ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

Zawgyi Version;
ရန္ကုန္-မႏၲေလး အျမန္ရထား မိုင္းဆြဲတိုက္ခိုက္ခံရကာ ခရီးသည္ (၂)ဦး ထိခိုက္ဒဏ္ရာရ
Pearl (NP News) - မတ္ ၂၂

ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္တြင္ ရန္ကုန္-မႏၲေလး အျမန္ရထား မိုင္းဆြဲတိုက္ခိုက္ခံရကာ ခရီးသည္ (၂)ဦး ထိခိုက္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ယင္းျဖစ္စဥ္သည္ မတ္လ ၂၁ ရက္၊ နံနက္ (၁)နာရီအခ်ိန္ခန႔္တြင္ ျဖဴးၿမိဳ႕နယ္၊ ေညာင္ေျခေထာက္႐ြာဝင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းရင္းျမစ္တစ္ဦးမွ NP News ကို ေျပာသည္။

ရန္ကုန္-မႏၲေလး အမွတ္ (၃) အဆန္အျမန္ရထားသည္ ရန္ကုန္ မွ မႏၲေလးသို႔ ေမာင္းႏွင္ထြက္ခြာစဥ္အခ်ိန္ ေညာင္ ေျခေထာက္႐ြာအဝင္၌ ရထားလမ္း၏ အေရွ႕ဘက္ျခမ္းမွာ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေပါက္ကြဲမႈေၾကာင့္ ရထားစက္ေခါင္းမွန္ ႏွင့္ ရထားပထမတြဲရွိ မွန္ျပတင္း (၄)ခ်ပ္တို႔ ပ်က္စီးသြားခဲ့ၿပီး ခရီးသ ည္ (၂) ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ဒဏ္ရာရရွိသူ (၂)ဦးသည္ ျဖဴးၿမိဳ႕နယ္ ႏွင့္ ေက်ာက္တံတားၿမိဳ႕နယ္တြင္ ေနထိုင္သူမ်ားျဖစ္ၾကၿပီး ယာမ်က္ခုံး ႏွင့္ ဦးေခါင္းတို႔တြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ မတ္လ (၂ဝ) ရက္တြင္လည္း ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္တြင္ အၾကမ္းဖက္သမားမ်ားမွ ခရီးသည္ ႀကိဳပို႔ကား မိုင္းေထာင္းေပါက္ကြဲခဲ့သျဖင့္ အမ်ိဳးသား(၂)ဦး၊ အမ်ိဳးသမီး (၁)ဦး ေသဆုံးမႈျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.