တစ်ရက်တည်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး သေဆုံး

 967

Pearl (NP News) - မတ် ၂၂

မြို့နယ်အချို့၌ တစ်ရက်တည်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး သေဆုံး သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၁၉)ရက်၊ နံနက် (၈)နာရီ၊ (၁၅)မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာရှိ ဦးချစ်စန်း ၏ လက်ဖက်ရည်ဆိုင်တွင် ကျောက်ကုန်းကျေးရွာတွင်နေထိုင်သော ဦးစိန်လင်းသည်မှ လက်ဖက်ရည်သောက်နေစဉ် အကြမ်းဖက်အမျိုးသား (၁) ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဦးစိန်လင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရသည်။
အလားတူ အဆိုပါနေ့ ည (၇) နာရီ (၅) မိနစ်အချိန်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ နဝရတ်လမ်းနှင့် ဧရာဝဏ်လမ်းထောင့်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက် ထုတ်ပြန်ထား သည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ဦးမောင်ဇော်သည် ၎င်း၏ မိတ်ဆွေဖြစ်သူ ၁ဝ/တောင်ရပ်ကွက်နေ ဦးဖြိုးဝေအောင် နှင့်အတူ အခင်းဖြစ်နေရာရှိ ၎င်း၏ ကြံရည်ဆိုင်၌ရှိနေစဉ် နဝရတ်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာ သည့် Probox အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဖြင့် အကြမ်းဖက်အမျိုးသား (၃) ဦးက သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ၎င်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရန်အတွက် ဆေးရုံသို့ ပို့ဆောင် စဉ် လမ်း၌ ဦးမောင်ဇော်မှာ ရရှိထားသော ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ထိုနေ့ နံနက် (၉) နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရွှေဇလုပ်ကျေးရွာ နှင့် ရွာတုံကျေးရွာကြား ရှိ ဆေးဆိုးပန်းရိုက်စက်ရုံအနီး မုံရွာ-အရာတော်သွားကားလမ်း ယာဘက်ဘေး၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးနှစ်ဦး သေဆုံးနေကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါ သေဆုံးသူ (၂)ဦးသည် အသက်(၂၇)နှစ်ခန့် နှင့် အသက် (၂၅)နှစ်ခန့် အမျိုးသမီးတို့ဖြစ်ပြီး ၎င်းတို့အား မုံရွာ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Version;
တစ္ရက္တည္းတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရမႈေၾကာင့္ အမ်ိဳးသားႏွစ္ဦး၊ အမ်ိဳးသမီးႏွစ္ဦး ေသဆုံး
Pearl (NP News) - မတ္ ၂၂

ၿမိဳ႕နယ္အခ်ိဳ႕၌ တစ္ရက္တည္းတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရမႈေၾကာင့္ အမ်ိဳးသားႏွစ္ဦး၊ အမ်ိဳးသမီးႏွစ္ဦး ေသဆုံး သြားေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၁၉)ရက္၊ နံနက္ (၈)နာရီ၊ (၁၅)မိနစ္ အခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ ႐ြာရွည္ေက်း႐ြာ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာရွိ ဦးခ်စ္စန္း ၏ လက္ဖက္ရည္ဆိုင္တြင္ ေက်ာက္ကုန္းေက်း႐ြာတြင္ေနထိုင္ေသာ ဦးစိန္လင္းသည္မွ လက္ဖက္ရည္ေသာက္ေနစဥ္ အၾကမ္းဖက္အမ်ိဳးသား (၁) ဦးက ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ဆိုင္အတြင္း ဝင္ေရာက္လာကာ ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္မႈေၾကာင့္ ဦးစိန္လင္းတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိ၍ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ ထံမွ သိရသည္။
အလားတူ အဆိုပါေန႔ ည (၇) နာရီ (၅) မိနစ္အခ်ိန္တြင္ ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ နဝရတ္လမ္းႏွင့္ ဧရာဝဏ္လမ္းေထာင့္၌ ေသနတ္ပစ္ခတ္မႈျဖစ္ပြားေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ ထုတ္ျပန္ထား သည္။

ျဖစ္စဥ္မွာ အဆိုပါရပ္ကြက္ေန ဦးေမာင္ေဇာ္သည္ ၎၏ မိတ္ေဆြျဖစ္သူ ၁ဝ/ေတာင္ရပ္ကြက္ေန ဦးၿဖိဳးေဝေအာင္ ႏွင့္အတူ အခင္းျဖစ္ေနရာရွိ ၎၏ ႀကံရည္ဆိုင္၌ရွိေနစဥ္ နဝရတ္လမ္းအတိုင္း ေျမာက္မွေတာင္သို႔ ေမာင္းႏွင္လာ သည့္ Probox အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္ျဖင့္ အၾကမ္းဖက္အမ်ိဳးသား (၃) ဦးက ေသနတ္ျဖင့္ ပစ္ခတ္ ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထိုသို႔ ပစ္ခတ္မႈေၾကာင့္ ၎တို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့၍ ေဆးကုသႏိုင္ရန္အတြက္ ေဆး႐ုံသို႔ ပို႔ေဆာင္ စဥ္ လမ္း၌ ဦးေမာင္ေဇာ္မွာ ရရွိထားေသာ က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ ထိုေန႔ နံနက္ (၉) နာရီအခ်ိန္တြင္ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္၊ ေ႐ႊဇလုပ္ေက်း႐ြာ ႏွင့္ ႐ြာတုံေက်း႐ြာၾကား ရွိ ေဆးဆိုးပန္း႐ိုက္စက္႐ုံအနီး မုံ႐ြာ-အရာေတာ္သြားကားလမ္း ယာဘက္ေဘး၌ က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ အမ်ိဳးသမီးႏွစ္ဦး ေသဆုံးေနေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။
အဆိုပါ ေသဆုံးသူ (၂)ဦးသည္ အသက္(၂၇)ႏွစ္ခန႔္ ႏွင့္ အသက္ (၂၅)ႏွစ္ခန႔္ အမ်ိဳးသမီးတို႔ျဖစ္ၿပီး ၎တို႔အား မုံ႐ြာ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္ ။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.