မုံရွာမြို့ရှိ Anonymous အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးစဉ် ဓားစာခံအဖြစ် အဖမ်းခံထားရသူများကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း နစကဆို

 2724

NP News - မတ် ၂၃

မုံရွာမြို့တွင် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေသည့် Anonymous အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ မတ်လ(၂၂)ရက်ညတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ Anonymous အကြမ်းဖက်အဖွဲ့ကို သတင်းအရ ပြီးခဲ့သည့် မတ်လ(၁၅)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီးရှိ ယာတဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုထားသည်။

ထိုသို့ ဖမ်းဆီးခဲ့ရာ Anonymous အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ကိုရဲရင့်ကျော်(၃၃)နှစ် အပါအဝင် အဖွဲ့ဝင်များဖြစ်ကြသည့် ကိုကျော်ဆန်းဦး (၂ဝ)နှစ်၊ ကိုကိုအောင်(၁၉)နှစ်၊ ကိုဝေယံထက်(၁၈)နှစ်၊ ကိုစိုးစိုး(၃၇)နှစ်၊ ကိုနေလင်းအောင်(၁၇)နှစ်၊ ကိုကောင်းခန့်ဇော်(၁၈)နှစ်၊ ကိုကျော်ရဲသူ(၁၇)နှစ်၊ ကိုအောင်ဇော်ထက်(၂၃)နှစ်၊ ကိုရာပြည့်(၁၈)နှစ်နှင့် ၎င်းတို့ကိုကူညီထောက်ပံ့ပေးနေသည့် ကိုကြည်မင်း(၄၈)နှစ်၊ ဒေါ်ခင်နှင်းစိုး(၄၅) နှစ်၊ ဦးကိုမြင့်(၅၅)နှစ်နှင့် ဦးစိုးစိုး(၄၅)နှစ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ အသိပေးထားသည်။

ဖမ်းဆီးရမိမှုများအရ အမျိုးသား(၁၃)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၁၄)ဦး ပါဝင်ပြီး ၎င်းတို့နှင့်အတူ လက်လုပ်သေနတ်မျိုးစုံ(၇)လက် အပါအဝင် လက်လုပ်စိန်ပြောင်း(၅) လက်၊ လက်လုပ်မိုင်း(၁၉)လုံး၊ ကျည်မျိုးစုံ(၁၇၆)တောင့်နှင့် အခြားဖောက်ခွဲရေးဆက် စပ်ပစ္စည်းများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါ Anonymous အကြမ်းဖက်အဖွဲ့ကို ဖမ်းဆီးစဉ် ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး နှင့် ကလေးငယ်(၁)ဦး စုစုပေါင်း(၄)ဦးကိုပါ လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓားစာခံအဖြစ်ဖမ်းဆီးခြင်းသည် ၎င်းတို့အဖွဲ့ထောင်ထားသည့် မိုင်းများကို အဆိုပါ ဓားစာခံအဖွဲ့မှ အမျိုးသားတစ်ဦးက ဖြုတ်ယူခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိသည့် အမျိုးသားတစ်ဦးသည်လည်း ၎င်းတို့ငွေကြေးတောင်းနိုင်ရန် ပြန်ပေးဆွဲထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်ဟု နစကမှ ဆိုထားသည်။

ဆက်လက်၍ Anonymous အဖွဲ့ဝင်များ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အကြမ်းဖက်ဖောက်ခွဲမှု(၄) ကြိမ်ကျူးလွန်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှု(၃)ကြိမ်ကိုလည်း ကျူးလွန်ထားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
မုံ႐ြာၿမိဳ႕ရွိ Anonymous အၾကမ္းဖက္အဖြဲ႕အား ဖမ္းဆီးစဥ္ ဓားစာခံအျဖစ္ အဖမ္းခံထားရသူမ်ားကို ျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း နစကဆို

NP News - မတ္ ၂၃

မုံ႐ြာၿမိဳ႕တြင္ အၾကမ္းဖက္လုပ္ရပ္မ်ားေဆာင္႐ြက္ေနသည့္ Anonymous အဖြဲ႕အား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ မတ္လ(၂၂)ရက္ညတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါ Anonymous အၾကမ္းဖက္အဖြဲ႕ကို သတင္းအရ ၿပီးခဲ့သည့္ မတ္လ(၁၅)ရက္၊ နံနက္ပိုင္းတြင္ မုံ႐ြာၿမိဳ႕၊ ေအးသာယာရပ္ကြက္၊ ခ်င္းတြင္းျမစ္ကမ္းအနီးရွိ ယာတဲတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။

ထိုသို႔ ဖမ္းဆီးခဲ့ရာ Anonymous အၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္ ကိုရဲရင့္ေက်ာ္(၃၃)ႏွစ္ အပါအဝင္ အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ကိုေက်ာ္ဆန္းဦး (၂ဝ)ႏွစ္၊ ကိုကိုေအာင္(၁၉)ႏွစ္၊ ကိုေဝယံထက္(၁၈)ႏွစ္၊ ကိုစိုးစိုး(၃၇)ႏွစ္၊ ကိုေနလင္းေအာင္(၁၇)ႏွစ္၊ ကိုေကာင္းခန႔္ေဇာ္(၁၈)ႏွစ္၊ ကိုေက်ာ္ရဲသူ(၁၇)ႏွစ္၊ ကိုေအာင္ေဇာ္ထက္(၂၃)ႏွစ္၊ ကိုရာျပည့္(၁၈)ႏွစ္ႏွင့္ ၎တို႔ကိုကူညီေထာက္ပံ့ေပးေနသည့္ ကိုၾကည္မင္း(၄၈)ႏွစ္၊ ေဒၚခင္ႏွင္းစိုး(၄၅)ႏွစ္၊ ဦးကိုျမင့္(၅၅)ႏွစ္ႏွင့္ ဦးစိုးစိုး(၄၅)ႏွစ္တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ အသိေပးထားသည္။

ဖမ္းဆီးရမိမႈမ်ားအရ အမ်ိဳးသား(၁၃)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး စုစုေပါင္း(၁၄)ဦး ပါဝင္ၿပီး ၎တို႔ႏွင့္အတူ လက္လုပ္ေသနတ္မ်ိဳးစုံ(၇)လက္ အပါအဝင္ လက္လုပ္စိန္ေျပာင္း(၅)လက္၊ လက္လုပ္မိုင္း(၁၉)လုံး၊ က်ည္မ်ိဳးစုံ(၁၇၆)ေတာင့္ႏွင့္ အျခားေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားကိုပါ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ အဆိုပါ Anonymous အၾကမ္းဖက္အဖြဲ႕ကို ဖမ္းဆီးစဥ္ ဓားစာခံအျဖစ္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသည့္ အမ်ိဳးသား(၂)ဦး၊ အမ်ိဳးသမီး(၁)ဦး ႏွင့္ ကေလးငယ္(၁)ဦး စုစုေပါင္း(၄)ဦးကိုပါ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဓားစာခံအျဖစ္ဖမ္းဆီးျခင္းသည္ ၎တို႔အဖြဲ႕ေထာင္ထားသည့္ မိုင္းမ်ားကို အဆိုပါ မိသားစုမွ အမ်ိဳးသားတစ္ဦးက ျဖဳတ္ယူခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ က်န္ရွိသည့္ အမ်ိဳးသားတစ္ဦးသည္လည္း ၎တို႔ေငြေၾကးေတာင္းႏိုင္ရန္ ျပန္ေပးဆြဲထားျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု နစကမွ ဆိုထားသည္။

ဆက္လက္၍ Anonymous အဖြဲ႕ဝင္မ်ား၏ ထြက္ဆိုခ်က္အရ ၎တို႔သည္ အၾကမ္းဖက္ေဖာက္ခြဲမႈ(၄) ႀကိမ္က်ဴးလြန္ခဲ့ၿပီး လုပ္ႀကံသတ္ျဖတ္မႈ(၃)ႀကိမ္ကိုလည္း က်ဴးလြန္ထားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိခဲ့သူမ်ားအား ဥပေဒအရ ထိေရာက္စြာ အေရးယူႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Picture

Ye Htun

23/03/2023 12:16

သေဒဏ်စီရင်...

Picture

Htun Aung Kyaw

24/03/2023 08:51

အပြတ်သာရှင်းပစ်လိုက်ပါ၊ ဒီကောင်တွေ မရှိမှ အေးချမ်းမှာ အမုန်းစကားပြောတယ်ပဲထင်ထင် အပြတ်ရှင်းဖို့ အကြံပြုတယ်

Related news

© 2021. All rights reserved.