အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို လိမ်လည်လှည့်ဖြားပြီး နိုင်ငံဖျက်ဆီးအောင်လုပ်ဖို့ ကြိုးပမ်းနေကြောင်း ရုရှားအစိုးရ ပြော

 1115

ဂျန်ဇက် (NP News) - မတ် ၂၃

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို လိမ်လည်လှည့်ဖြားပြီး နိုင်ငံဖျက်ဆီးအောင် လုပ်ဖို့ လိုလားနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

စစ်ပွဲအတွင်း အသုံးပြုဖို့ ယူရေနီယံ ကုန်ခမ်းနေတဲ့ ကျည်ဆံများပေးဖို့ ဗြိတိန်အစိုးရရဲ့အစီအစဉ်တွေဟာ ယူကရိန်း ငြိမ်းချမ်းရေးနဲ့ အနာဂတ်ကို လိမ်လည်နေတယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဝေဖန်လိုက်ပါတယ်။

၎င်းက "ဗြိတိန်အစိုးရရဲ့လုပ်တွေဟာ အဆင်ခြင်မဲ့လွန်းအားကြီးတယ်။ နိုင်ငံတကာရေးရာကိစ္စတွေ ဖြစ်လာပြီ ဆိုရင် ဗြတိန် နဲ့ အမေရိကန်တို့ဟာ ဖျက်လို့ဖျက်ဆီးလုပ်နေတယ်" လို့ပြောပါတယ်။

မာရီယာဇာခါရိုဗာက "ယူကရိန်းစစ်ပွဲနဲ့ဖြေရှင်းဖို့၊ ယူကရိန်းပြည်သူတွေရဲ့အနာဂတ်တွေနဲ့ပတ်သက်ပြီး ဗြိတိန် နဲ့ အမေရိကန်တို့ ပြောဆိုသံတွေကို ကျွန်မတို့ကြားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဗြိတိန် နဲ့ အမေရိက်တို့ ပြောဆိုမှုတွေက လိမ်ညာမှုတွေသာဖြစ်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် သဘောထားကွဲလွဲမှုတွေ ဖြစ်အောင် ဖန်တီးနေတာမျိုးဖြစ်တယ်။ ဗြိတိန် နဲ့ အမေရိကန်တို့ဦးဆောင်တဲ့ အနောက်အုပ်စုတွေဟာ ယူကရိန်း နိုင်ငံကို အလုံးစုံဖျက်ဆီးဖို့ ကြိုးပမ်းနေတာမျိုးဖြစ်နေတယ်" လို့ပြောပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Annabel Goldie က ဗြိတိန်အစိုးရဟာ ယူကရိန်းကို Challenger 2 အမည်ရှိ တိုက်ခိုက်ရေးသုံး တင့်ကားများအပြင် ယူရေနီယံကုန်ခမ်းနေတဲ့ အမြှောက်ကျည်ဆံများလည်း ပေးပို့ကူညီသွားမယ် လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲဟာ အချိန် ၁ နှစ်ကျော်ကြာပေမယ့်လည်း လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခြင်းမရှိဘဲ ရုရှားဟာ ယူကရိန်း အပြင် အမေရိကန်၊ ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ပါ တင်းမာမှုတွေရှိနေပါတယ်။ တရုတ်နိုင်ငံဟာ စစ်ပွဲအဆုံးသတ်နိုင်ဖို့ ယူကရိန်း နဲ့ ရုရှားကြား ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းနေပြီး အချက် ၁၂ ချက်ပါတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်များကို ထုတ်ပြန်ထားပါတယ်။

Zawgyi Version;
အေနာက္အုပ္စုႏိုင္ငံေတြက ယူကရိန္းကို လိမ္လည္လွည့္ျဖားၿပီး ႏိုင္ငံဖ်က္ဆီးေအာင္လုပ္ဖို႔ ႀကိဳးပမ္းေနေၾကာင္း ႐ုရွားအစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၃

အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို လိမ္လည္လွည့္ျဖားၿပီး ႏိုင္ငံဖ်က္ဆီးေအာင္ လုပ္ဖို႔ လိုလားေနေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဝဖန္ျပစ္တင္လိုက္ပါတယ္။

စစ္ပြဲအတြင္း အသုံးျပဳဖို႔ ယူေရနီယံ ကုန္ခမ္းေနတဲ့ က်ည္ဆံမ်ားေပးဖို႔ ၿဗိတိန္အစိုးရရဲ႕အစီအစဥ္ေတြဟာ ယူကရိန္း ၿငိမ္းခ်မ္းေရးနဲ႔ အနာဂတ္ကို လိမ္လည္ေနတယ္ဆိုတာကို ျပသလိုက္ျခင္းျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဌာနေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ေဝဖန္လိုက္ပါတယ္။

၎က "ၿဗိတိန္အစိုးရရဲ႕လုပ္ေတြဟာ အဆင္ျခင္မဲ့လြန္းအားႀကီးတယ္။ ႏိုင္ငံတကာေရးရာကိစၥေတြ ျဖစ္လာၿပီ ဆိုရင္ ျဗတိန္ နဲ႔ အေမရိကန္တို႔ဟာ ဖ်က္လို႔ဖ်က္ဆီးလုပ္ေနတယ္" လို႔ေျပာပါတယ္။

မာရီယာဇာခါ႐ိုဗာက "ယူကရိန္းစစ္ပြဲနဲ႔ေျဖရွင္းဖို႔၊ ယူကရိန္းျပည္သူေတြရဲ႕အနာဂတ္ေတြနဲ႔ပတ္သက္ၿပီး ၿဗိတိန္ နဲ႔ အေမရိကန္တို႔ ေျပာဆိုသံေတြကို ကြၽန္မတို႔ၾကားပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ၿဗိတိန္ နဲ႔ အေမရိက္တို႔ ေျပာဆိုမႈေတြက လိမ္ညာမႈေတြသာျဖစ္တယ္။ ႏိုင္ငံတကာအဖြဲ႕အစည္းေတြအေပၚ သေဘာထားကြဲလြဲမႈေတြ ျဖစ္ေအာင္ ဖန္တီးေနတာမ်ိဳးျဖစ္တယ္။ ၿဗိတိန္ နဲ႔ အေမရိကန္တို႔ဦးေဆာင္တဲ့ အေနာက္အုပ္စုေတြဟာ ယူကရိန္း ႏိုင္ငံကို အလုံးစုံဖ်က္ဆီးဖို႔ ႀကိဳးပမ္းေနတာမ်ိဳးျဖစ္ေနတယ္" လို႔ေျပာပါတယ္။

ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး Annabel Goldie က ၿဗိတိန္အစိုးရဟာ ယူကရိန္းကို Challenger 2 အမည္ရွိ တိုက္ခိုက္ေရးသုံး တင့္ကားမ်ားအျပင္ ယူေရနီယံကုန္ခမ္းေနတဲ့ အေျမႇာက္က်ည္ဆံမ်ားလည္း ေပးပို႔ကူညီသြားမယ္ လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲဟာ အခ်ိန္ ၁ ႏွစ္ေက်ာ္ၾကာေပမယ့္လည္း လက္ရွိအခ်ိန္အထိ ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္ျခင္းမရွိဘဲ ႐ုရွားဟာ ယူကရိန္း အျပင္ အေမရိကန္၊ ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ပါ တင္းမာမႈေတြရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံဟာ စစ္ပြဲအဆုံးသတ္ႏိုင္ဖို႔ ယူကရိန္း နဲ႔ ႐ုရွားၾကား ၾကားဝင္ေစ့စပ္ဖို႔ ႀကိဳးပမ္းေနၿပီး အခ်က္ ၁၂ ခ်က္ပါတဲ့ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္မ်ားကို ထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.