မှုခင်းများအား ကြန့်ကြာမှုမရှိစေဘဲ မှန်ကန် မြန်ဆန်စွာစစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်ထောင်စုတရားသူကြီးချုပ်ပြော

 585

ရဲပြည့် (NP News) - မတ် ၂၃

မြို့နယ်တရားရုံးများတွင် ရာဇဝတ်မှုပေါင်း (၁)သိန်းခွဲကျော်လက်ခံရရှိထားပြီး တရာမအမှုပေါင်း (၂)သောင်းနီးပါး လက်ခံရရှိထားကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် မတ်လ ၂၃ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ရာဇဝတ်အမှုပေါင်း ၁ဝ၇၆ မှု လက်ခံရရှိခဲ့ပြီး ၉၃၆ မှု စစ်ဆေးပြီးပြတ်ကြောင်းနှင့် တရားမအမှုပေါင်း ၁၈၄၄ မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၁၅၃ မှု အပါအဝင်) ၁၉၉၇ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များတွင် ရာဇဝတ်အမှုပေါင်း ၄၅ဝ၅ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၅၇ မှု အပါအဝင်) ၄၆၆၂ မှု စစ်ဆေးပြီးပြတ်ကြောင်းနှင့် တရားမအမှုပေါင်း ၄၃၅၅ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၇၇ မှု အပါအဝင်) ၅ဝ၃၂ မှု စစ်ဆေးပြီးပြတ်ကြောင်း၎င်းက ဆက်လက်ပြောသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများ သည် ရာဇဝတ်အမှုပေါင်း ၂၈၂၇၂ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁ဝ၄၉ မှု အပါအဝင်) ၂၉၃၂၁ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၂၇၄၂၈ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက် ကျန် ၄၃၈ မှု အပါအဝင်) ၂၇၈၆၆ မှု စစ်ဆေးပြီးပြတ်ကြောင်းသိရသည်။

မြို့နယ်တရားရုံးများသည် ရာဇဝတ်အမှုပေါင်း ၁၆၉၄၂၁ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၂ဝ၄၈၉ မှု အပါအဝင်) ၁၈၉၉၁ဝ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၁၉၅၁၄ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၂ဝဝ မှု အပါအဝင်) ၂၅၇၁၄ မှု စစ်ဆေးပြီးပြတ်ကြောင်းနှင့် ဥပဒေအရ တည်ထောင်သည့် အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန်နှင့် မန္တလေး) တွင် ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၃၈၅ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁ဝ မှု အပါအဝင်) ၃၉၅ မှု စစ်ဆေးပြီးပြတ်ကြောင်း သိရသည်။

စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် စည်ပင်သာယာ ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၅၉၄၂ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၂၃၃ မှု အပါအဝင်) ၆၁၇၅ မှု စစ်ဆေး ပြီးပြတ်ကြောင်းနှင့် မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး)တို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း ၄၅၅၄၇ မှုကို စစ်ဆေးစီရင်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် မှုခင်းများအား ကြန့်ကြာမှုမရှိစေဘဲ မှန်ကန် မြန်ဆန်စွာစစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ပြောကြားခဲ့သည်။

zawgyi version
ရဲပြည့် (NP News) - မတ် ၂၃









Picture

Htoo Myat Thu

24/03/2023 00:08

ရဲစခန်းဖုန်းစက် မကိုင် သေမှရောက် မယ့်ရဲမြညွန့်အဖွဲ့လိုပဲ။ အမှုပြီးမှ ရောက်လာမယ်။ မကျေနပ် လို့ ဖြန်

Picture

Htoo Myat Thu

24/03/2023 00:10

ဖုန်းပေါင်းစုံဆက်ပြီး မှကိုင်တယ် အမှုမကြီးရင်းပြောရင်းတန်းလန်းဖုန်းချပစ်တယ်ဗျာ နောက်ဘယ်သူဆက်ဆက် မကိုင်ဘူး ဘယ်လိုလုပ်ရပါ့

Picture

L Mone

24/03/2023 01:50

Htoo Myat Thu ကပြောတဲ့ကိစ္စ စိတ်ဝင်စားတယ်ဗျာ..။အခု ရပ်ကွက်ထဲ ပြောနေကြတယ်ဗျာ ကြောက်လို့မလာပါဘူးတဲ့ ဘယ်လိုပြောရပါ့..။ပြောင်မဟုတ်ရင် အသွင်ယူလာပေါ့ဗျာ..ပြောချင်တယ်ဗျာ...မြန်မာပြည်မှာ ဦးသိန်းစိန်ပျော့ခဲ့လို့ ကျွန်တော်ဝေဖန်ခဲ့တာ များပီ။ရာထူး တိုးပေးဖို့ လက်မရွံ့ကြပါနဲ့ အထက်နဲ့အောက်ကို အပြိုင်ခိုင်း အပြိုင်ရာထူးတိုးကြသင့်ပြီဗျာ..။ကြီးသူကို ရိုသေဆိုတာ လူကြားသူကြား ကိစ္စပါ။လာဘ်ယူနေသူ မတရားသဖြင့် ဝန်ထမ်းသိက္ခာချနေသူကို ဘဲယ့်နဲ့ ရိုသေနိုင်ကြပါ့မလဲ?အဆင့်အတန်းတွေကို တန်ဖိုးထားချင်းထက် ရာထူးမပေးနိုင်လျှင် တိုက်တာအိမ်ခြံ ပေးရပါ့မယ်..။ပြောရင်းနဲ့ပြည်တွင်းစစ်ကိစ္စပါလာရပြန်တော့၏။

Picture

L Mone

24/03/2023 01:56

စွန့်စားရကြိုးမနပ်ပဲ အချိူ့လူကြီးက သောက်မြင်ကပ်ပုဒ်မမျိူးနဲ့ ရာထူးမရ ဆုမရ ကိစ္စတွေကိုတော့ အမှုံအမွှားမကျန်မီးပုံရှိူ့ကြသင့်ပြီ..။ဒေါင့်မကြိုး အကြွားသန် ပျက်ဆီးနေသော အိမ်ထောင်ဖက် သားသမီးများကို ပိုင်ဆိုင်သည့်ဝန်ထမ်းမျိူးကို ရာထူးချသင့်ပါတယ်..လို့လည်း အကြံပြုအပ်ပါတယ်ဗျာ..။တချိူ့က ဒီလောက်စစ်တပ်ကို အတိုက်ခံပြော မနာလို ဖျက်ဆီးချင်သူတွေများနေပါတယ်ဆို ဘာလုပ်ကြလဲဆိုတော့ အိမ်ထောင်ဖက်နဲ့ သားသမီး တွေက ပျက်ဆီးနေကြတယ်..။သွားပြီ ဒီဝန်ထမ်း ခွေးဖြစ်ပြံပေါ့။

Related news

© 2021. All rights reserved.