လာမည့်နှစ်၌ လင်ချန်းနှင့် ချင်းရွှေဟော်မြို့ကြားတွင် ရထားလမ်း တည်ဆောက်နိုင်ရန် တရုတ်မြို့တော်ဝန် မျှော်မှန်းနေ

 455

ယွန်း (NP News)- မတ် ၂၄

လာမည့်နှစ်(၂ဝ၂၄) ခုနှစ်တွင် တရုတ်နိုင်ငံရှိ လင်ချန်းမြို့နှင့် မြန်မာနိုင်ငံရှိ ချင်းရွှေဟော်မြို့ကြားတွင် ရထားလမ်း တည်ဆောက်ရန် တရုတ်မြို့တော်ဝန်မှ မျှော်မှန်းထားကြောင်း သိရသည်။

လင်ချန်းမြို့၊ လင်ချန်းမြူနီစပယ် ပြည်သူ့အစိုးရအဖွဲ့ မြို့တော်ဝန် Mr. Du Jianhui က မတ်လ(၂၃)ရက်တွင် မြန်မာ နိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ဆိုထားခြင်း ဖြစ်သည်။

Mr. Du Jianhui အနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်စည်စီးဆင်းမှုပိုကောင်းစေရန်အတွက် လင်ချန်းမြို့နှင့် ရှမ်းပြည်နယ် ရှိ ချင်းရွှေဟော်မြို့တို့ အကြား ရထားလမ်းတည်ဆောက်ရန် ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနကို တိုက်တွန်းထားကြောင်း သိရသည်။

အဆိုပါရထားလမ်းကို လာမည့်နှစ် (၂ဝ၂၄)တွင် စတင်တည်ဆောက်နိုင်ရန် မျှော်မှန်းထားကြောင်း Mr. Du Jianhui က ဆိုသည်။

ထို့ပြင် နယ်စပ်ဂိတ်ပေါက်များတွင်လည်း ‌အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်နေပြီး နိုင်ငံတကာ ကုန်သွယ်မှုဇုန်တည်ဆောက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အလားတူ ချင်းရွှေဟော်နယ်စပ်တွင် Free Trade Zoom စတင်ဆောင်ရွက်နေကြောင်း Mr. Du Jianhui မှ ဆက်လက်ပြောဆိုထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ကိုဗစ်(၁၉)ကာလအတွင်း တရုတ်နိုင်ငံနှင် နယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်မှုများ အကြောင်းအမျိုးမျိုးကြောင့် လျော့ကျသွားခဲ့ပြီး ယခုအချိန်သည် နယ်စပ်မှ တစ်ဆင့် ကုန်သွယ်မှုပြန်လည်တိုးမြှင့်ရန် အချိန်ကောင်းဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ဆွေးနွေးပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အလားတူ ကုန်သွယ်မှုချော့မွေ့စေရေးနှင့် ငွေပေးချေမှု ဘဏ်စနစ်ပေါ်တွင် တရုတ်ယွမ်ငွေနှင့် မြန်မာကျပ်ငွေ တို့အား တိုက်ရိုက်ပေးချေမှုတို့ကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်လည်း အသင်းချုပ်မှ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအေးဝင်းမှ အသိပေးပြောဆိုထားသည်။

Zawgyi Version;
လာမည့္ႏွစ္၌ လင္ခ်န္းႏွင့္ ခ်င္းေ႐ႊေဟာ္ၿမိဳ႕ၾကားတြင္ ရထားလမ္း တည္ေဆာက္ႏိုင္ရန္ တ႐ုတ္ၿမိဳ႕ေတာ္ဝန္ ေမွ်ာ္မွန္းေန
ယြန္း (NP News)- မတ္ ၂၄

လာမည့္ႏွစ္(၂ဝ၂၄) ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံရွိ လင္ခ်န္းၿမိဳ႕ႏွင့္ ျမန္မာႏိုင္ငံရွိ ခ်င္းေ႐ႊေဟာ္ၿမိဳ႕ၾကားတြင္ ရထားလမ္း တည္ေဆာက္ရန္ တ႐ုတ္ၿမိဳ႕ေတာ္ဝန္မွ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

လင္ခ်န္းၿမိဳ႕၊ လင္ခ်န္းျမဴနီစပယ္ ျပည္သူ႔အစိုးရအဖြဲ႕ ၿမိဳ႕ေတာ္ဝန္ Mr. Du Jianhui က မတ္လ(၂၃)ရက္တြင္ ျမန္မာ ႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) တြင္ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ဆိုထားျခင္း ျဖစ္သည္။

Mr. Du Jianhui အေနျဖင့္ ျမန္မာႏိုင္ငံႏွင့္ ကုန္စည္စီးဆင္းမႈပိုေကာင္းေစရန္အတြက္ လင္ခ်န္းၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္ ရွိ ခ်င္းေ႐ႊေဟာ္ၿမိဳ႕တို႔ အၾကား ရထားလမ္းတည္ေဆာက္ရန္ ယူနန္ျပည္နယ္ရွိ သက္ဆိုင္ရာဝန္ႀကီးဌာနကို တိုက္တြန္းထားေၾကာင္း သိရသည္။

အဆိုပါရထားလမ္းကို လာမည့္ႏွစ္ (၂ဝ၂၄)တြင္ စတင္တည္ေဆာက္ႏိုင္ရန္ ေမွ်ာ္မွန္းထားေၾကာင္း Mr. Du Jianhui က ဆိုသည္။

ထို႔ျပင္ နယ္စပ္ဂိတ္ေပါက္မ်ားတြင္လည္း ‌အေျခခံအေဆာက္အအုံမ်ား အဆင့္ျမႇင့္တင္ေနၿပီး ႏိုင္ငံတကာ ကုန္သြယ္မႈဇုန္တည္ေဆာက္ႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္း သိရသည္။

အလားတူ ခ်င္းေ႐ႊေဟာ္နယ္စပ္တြင္ Free Trade Zoom စတင္ေဆာင္႐ြက္ေနေၾကာင္း Mr. Du Jianhui မွ ဆက္လက္ေျပာဆိုထားသည္။

တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ ကုန္သြယ္ဖက္ႏိုင္ငံျဖစ္ၿပီး ကိုဗစ္(၁၉)ကာလအတြင္း တ႐ုတ္ႏိုင္ငံႏွင္ နယ္စပ္ ကုန္သြယ္ေရးတြင္ ကုန္သြယ္မႈမ်ား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေလ်ာ့က်သြားခဲ့ၿပီး ယခုအခ်ိန္သည္ နယ္စပ္မွ တစ္ဆင့္ ကုန္သြယ္မႈျပန္လည္တိုးျမႇင့္ရန္ အခ်ိန္ေကာင္းျဖစ္ေၾကာင္း UMFCCI ဥကၠ႒ ဦးေအးဝင္းက ေဆြးေႏြးပြဲတြင္ ထည့္သြင္းေျပာဆိုခဲ့သည္။

အလားတူ ကုန္သြယ္မႈေခ်ာ့ေမြ႕ေစေရးႏွင့္ ေငြေပးေခ်မႈ ဘဏ္စနစ္ေပၚတြင္ တ႐ုတ္ယြမ္ေငြႏွင့္ ျမန္မာက်ပ္ေငြ တို႔အား တိုက္႐ိုက္ေပးေခ်မႈတို႔ကို အဆင္ေျပစြာ ေဆာင္႐ြက္ႏိုင္ရန္လည္း အသင္းခ်ဳပ္မွ ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ဥကၠ႒ ဦးေအးဝင္းမွ အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.