ကန့်ကွက်မှုနဲ့ သပိတ်မှောက်မှုများ တစ်ပြည်လုံးပျံ့နှံ့နေဆဲ ပြင်သစ်သို့ ဗြိတိန်ဘုရင် လာရောက်လည်ပတ်မယ့်ကိစ္စ ဝေဖန်ခံရ

 463

Htay Oung (NP News) - မတ် ၂၅

ဗြိတိန်ဧကရာဇ်အဖြစ် ဆက်ခံပြီးနောက် ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်အဖြစ် လာမယ့်ရက်သတ္တပတ် ပြင်သစ်နိုင်ငံ ကို သွားရောက်လည်ပတ်မယ့် တတိယမြောက် ချားလ်ဘုရင်ဟာ ပါရီသယ်ယူပို့ဆောင်ရေးလုပ်သားများ သပိတ် မှောက်မှုနဲ့ အမှိုက်များ စုပုံညစ်ပတ်နေတဲ့လမ်းများကို မျက်မြင်တွေ့ရဖွယ်ရှိတယ်လို့ AFP က မတ်လ ၂၂ ရက်က ရေးသားပါတယ်။

ဒါပေမဲ့ ဗြိတိန်ဘုရင်ရဲ့ခရီးစဉ်အတွက် အချိန်ဇယား အတိအကျမသတ်မှတ်ရသေးဘဲ နှစ်ဖက်စလုံးက စီစဉ်နေဆဲ ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်_မက်ခွန်ရဲ့အမည်မဖော်လိုသူ လက်ထောက်တစ်ဦးက မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

လန်ဒန်နဲ့ ပါရီတို့အကြား နှစ်ပေါင်းများစွာ အငြင်းအခုံဖြစ်ပြီးနောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးနေဆဲဖြစ်ကြောင်း ပြသဖို့ ရည်ရွယ်တဲ့အနေနဲ့ ဗြိတိန်ဥသျှောင်ရဲ့ အလည်အပတ်ခရီးစဉ်ဟာ ပင်စင်ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ပြင်သစ်တစ်နိုင်ငံလုံး အုံကြွကန့်ကွက်နေချိန်နဲ တိုက်ဆိုင်နေပါတယ်။

တနင်္ဂနွေနေ့ ဗြိတိန်ဘုရင်နဲ့ မိဖုရား ကမ်မီလာတို့ ရောက်ရှိလာမယ့် ပါရီမြို့တော် လမ်းများဟာ အမှိုက်များ တန်ချိန် ထောင်ချီအောင် စုပုံနေပြီး “ဗော်ဒိုး” ရှေ့ဟောင်းမြို့တော်မှာ တစ်ထောက်နားဖို့ အစီအစဉ်ကိုလည်း တားဆီးရလိမ့် မယ်လို့ သပိတ်မှောက်သမဂ္ဂများက သတိပေးထားပါတယ်။

ချားလ်ဘုရင်ခရီးစဉ်ရဲ့ဒုတိယပိုင်းအဖြစ် အင်္ဂါနေ့မှာ ဝိုင်ထုတ်လုပ်ရာ အဲဒီရှေးဟောင်းမြို့သို့သွားရောက်ဖို့ ရှိနေပြီး အစီအစဉ်အရ ရထားလမ်းခရီးမှာ အခမ်းအနားတစ်ခုနဲ့ သီတင်းပတ်ကုန်တုန်းက ဆန္ဒပြအဓိကရုန်းများ ဖြစ်ပွားခဲ့ တဲ့ မြို့တော်ခန်းမကိုလည်း သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။

ချားလ်ဘုရင်အတွက် ရထားနဲ့ ခရီးသွားဖို့ဆိုတာ မဖြစ်နိုင်အောင် သေချာသလောက်ပဲလို့ ဗော်ဒိုး CFTC သမဂ္ဂ ဒေသခံခေါင်းဆောင်က ပြောပါတယ်။ ပင်စင်ပြုပြင်ပြောင်းလဲရေးကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြနေကြတာကြောင့် အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ ဗော်ဒိုးမြို့တော် သယ်ယူပို့ဆောင်ရေးအော်ပရေတာက ရှင်းပြပါတယ်။

အလုပ်သမားသမဂ္ဂတွေဟာ အခုကြသပတေးနေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သပိတ်မှောက်ကြဖို့ တောင်းဆိုထားပေမယ့် နောက်လာမယ့် ရက်သတ္တပတ်အတွက် ဘယ်လိုစီစဉ်ထားတယ်ဆိုတာ မသိရသေးပါဘူး။

သဘောထားတင်းမာသူ CGT သမဂ္ဂရဲ့ ရထားလမ်းဆိုင်ရာ သတင်းရင်းမြစ်အဆိုအရ ချားလ်ဘုရင်အလည်အပတ် လာရောက်မယ့်နေရာများမှာ လှုပ်ရှားမှုများ ရှိနေမှာဖြစ်ကြောင်း၊ ပါရီမှ ဗော်ဒိုးတစ်လျောက်မှာလည်း ရှိနေနိုင် တယ်လို့ ထင်ကြေးပေးပါတယ်။

သံတမန်ရေးအရနဲ့ အများပြည်သူတွေပါ စိတ်ဝင်စားတဲ့ ရှားရှားပါးပါး တော်ဝင်ခရီးစဉ်အတွက် ပြင်သစ်ဂျာနယ် လစ်များ သတင်းရယူနိုင်ဖို့ ကိစ္စမှာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သတင်းရယူနိုင်တဲ့အဖွဲ့အစည်းဖြစ် ကြောင်း အသိအမှတ်ပြုအစီအစဉ်ထုတ်ပြန်မှာကိုလည်း စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။

မြို့တော်အပြင်ဘက် ဗာဆိုင်းနန်းတော်မှာ တတ်ိယမြောက် ချားလ်ဘုရင်ကို နိုင်ငံတော်ဧည့်ခံပွဲ လက်ခံကျင်းပပေး မယ့် အသက် ၄၅ နှစ်အရွယ် (လူရွယ်) သမ္မတမက်ခရွန်အတွက်လည်း အတော်ကသိကအောက်ဖြစ်စရာ ရှိပါတယ်။ ဗြိတိန်ဧကရစ်ကို ဧည့်ခံရမယ့်နေရာဟာ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးအတွင်း ပါရီမြို့ကို အကျယ်ချုပ် ပို့ဆောင်ခံရပြီး လေးနှစ်အကြာမှာ ေ-ါင်းဖြတ်စက်နဲ့ ကွပ်မျက်ခံခဲ့ရသူ နောက်ဆုံးဘုရင် လူဝီ ၁၆ နန်းစိုက်ခဲ့ရာ အဖြစ် ပြင်သစ်တို့ စိတ်မှာ စွဲထင်နေကြလို့ဖြစ်ပါတယ်။

မက်ခွန်ကိုယ်တိုင်မှာလည်း အာဏာရှင်အဖြစ် အတိုက်အခံများရဲ့ မကြာမကြာ စွပ်စွဲရလေ့ရှိသူဖြစ်ပြီး ယခင် ဆန္ဒပြ ပွဲများအတွင်း သူ့ပုံတူအရုပ်ဟာ လူမြင်ကွင်းမှာ အကြိမ်ကြိမ် ေ-ါင်းဖြတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက လွှတ်တော်မှာ ပင်စင်ဥပဒေကို မဲခွဲဆုံးဖြတ်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ သူ့မဟာမိတ် အချို့ကိုပင် တုန်လှုပ်သွားစေခဲ့ပါတယ်။ ဂရင်းပါတီမှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ လက်ဝဲယိမ်းပါလီမန် အမတ်တစ်ဦးကတော့ ဗြိတိန်ဘုရင်ကို လူပုံအလယ်မှာ "ပြင်သစ်သမ္မတနိုင်ငံတော်ရဲ့ဥသျှောင်" အဖြစ် ကြိုဆို ချင်တဲ့ မက်ခရွန်ရဲ့စိတ်တစ္ဆေခြောက်လှန်မှု စိတ်ကူးပဲလို့ ဝေဖန်ပါတယ်။ မက်ခရွန်အနေနဲ့ ဒီခရီးစဉ်ကို ဖျက်သိမ်း သင့်ကြောင်း၊ (ရှေးဟောင်း) ဗာဆိုင်းနန်းတော်မှာ (စည်းမျဉ်းခံ ဘုရင်အို) ချားလ်ဘုရင်ကို ကြိုဆိုဖို့ဆိုတာ တကယ် ဦးစားပေးအစီအစဉ်ဖြစ်ဖို့ လို-မလို စဉ်းစားသင့်ကြောင်း၊ ပြင်သစ်လူ့အဖွဲ့အစည်းမှာ တစ်ခုခုဖြစ်နေပြီး တိုးတက်နေ တဲ့ လူ့အဖွဲ့အစည်းနဲ့ ဦးစားပေး စကားပြောဆိုသင့်တယ်လို့ ဗုဒ္ဓဟူးနေ့ BFM သတင်းချန်နယ်ကို ပြောပြပါတယ်။

အငြိမ်းစားယူတဲ့ အသက်အရွယ်ကို ၆၄ နှစ်အထိ ၂ နှစ်တိုးမြှင့်ဖို့ လိုအပ်ကြောင်း မက်ခရွန်က ပြောပြီး ငွေကြေး စုဆာင်းနိုင်ကြဖို့နဲ့ သက်ကြီးရွယ်အိုများအတွက် နိုင်ငံမှာ ပြင်ဆင်ချိန် လိုအပ်ကြောင်း ဆင်ခြေပေးထားပါတယ်။ ဒီအတွက် ကန့်ကွက်ဆန္ဒပြမှုဟာ ပြင်သစ်နိုင်ငံတစ်ဝှန်း တဖြည်းဖြည်းပျံ့နှံ့လာပြီး သယ်ယူပို့ဆောင်ရေး လုပ်သား များ သပိတ်မှောက်မှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးရမှုဟာ ရက်ကြာရှည်လာပါတယ်။ အဲဒီလိုအချိန် မျိုးမှာ ပြင်သစ်နိုင်ငံကို ချားလ်ဘုရင်အလည်အပတ်ရောက်ရှိလာတာဖြစ်ပြီး ဂျာမနီနိုင်ငံကို ခရီးဆက်ဖို့ စီစဉ်ထားပါ တယ်။

အဲဒီဥရောပ နှစ်နိုင်ငံနဲ့ ရင်းနှီးတဲ့ မဟာမိတ်များအဖြစ် ရွေးချယ်ခြင်းဟာ ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ခြင်းနဲ့ နှစ်ပေါင်းများစွာကြာအောင် အဆက်အသွယ်ဖြတ်ခဲ့ပြီးနောက် လန်ဒန်နဲ့ အီးယူအကြား ဆက်သွယ်မှု တံတား တည်ဆောက်ခြင်းအဖြစ် ရှု့မြင်သူများပါတယ်။

ဘက်ကင်ဟမ်နန်းတော်မှ သိရှိရတဲ့အစီအစဉ်အရ တနင်္လာနေ့ ချားလ်ဘုရင်ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ ချားလ်ဒီဂေါ ရင်ပြင်အမျိုးသားမုခ်ဦးမှာ လွမ်းသူ့ပန်းခွေချအခမ်းအနားနဲ့ သမ္မတမက်ခွန်တက်ရောက်မယ့် ပြင်သစ်အထက် လွှတ်တော်မှာ လွှတ်တော်အမတ်များကို မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။

ဘော်ဒိုးဒေသမှာ ရှိစဉ် အော်ဂဲနစ်စပျစ်ခြံကို သွားရောက်လည်ပတ်မှာဖြစ်ပြီး လွန်ခဲ့တဲ့ နွေရာသီ ဥရောပ အနောက်ပိုင်းဒေသအများစုကို ထိခိုက်စေခဲ့တဲ့ မိုးခေါင်ရေရှားကာလအတွင်း တောမီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေရာများကို သွားရောက်ကြည့်ရှုဖို့ စီစဉ်ထားပါတယ်။

#ဗြိတိန်ဘုရင်တတိယမြောက်ချားလ်၏ပြင်သစ်ခရီးစဉ် #ပင်စင်ပြုပြင်ပြောင်းလဲမှုကန့်ကွက်သပိတ်မှောက် #သမ္မတ_အီမန်နျုရယ်_မက်ခွန်

(France 24., 22 March 2023,” King Charles visit to France at risk of strikes, disruption” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ကန္႔ကြက္မႈနဲ႔ သပိတ္ေမွာက္မႈမ်ား တစ္ျပည္လုံးပ်ံ႕ႏွံ႔ေနဆဲ ျပင္သစ္သို႔ ၿဗိတိန္ဘုရင္ လာေရာက္လည္ပတ္မယ့္ ကိစၥ ေဝဖန္ခံရ
Htay Oung (NP News) - မတ္ ၂၅

ၿဗိတိန္ဧကရာဇ္အျဖစ္ ဆက္ခံၿပီးေနာက္ ပထမဆုံးႏိုင္ငံရပ္ျခားခရီးစဥ္အျဖစ္ လာမယ့္ရက္သတၱပတ္ ျပင္သစ္ႏိုင္ငံ ကို သြားေရာက္လည္ပတ္မယ့္ တတိယေျမာက္ ခ်ားလ္ဘုရင္ဟာ ပါရီသယ္ယူပို႔ေဆာင္ေရးလုပ္သားမ်ား သပိတ္ ေမွာက္မႈနဲ႔ အမႈိက္မ်ား စုပုံညစ္ပတ္ေနတဲ့လမ္းမ်ားကို မ်က္ျမင္ေတြ႕ရဖြယ္ရွိတယ္လို႔ AFP က မတ္လ ၂၂ ရက္က ေရးသားပါတယ္။

ဒါေပမဲ့ ၿဗိတိန္ဘုရင္ရဲ႕ခရီးစဥ္အတြက္ အခ်ိန္ဇယား အတိအက်မသတ္မွတ္ရေသးဘဲ ႏွစ္ဖက္စလုံးက စီစဥ္ေနဆဲ ျဖစ္ေၾကာင္း ျပင္သစ္သမၼတ အီမန္န်ဴရယ္_မက္ခြန္ရဲ႕အမည္မေဖာ္လိုသူ လက္ေထာက္တစ္ဦးက မတ္လ ၂၂ ရက္၊ ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

လန္ဒန္နဲ႔ ပါရီတို႔အၾကား ႏွစ္ေပါင္းမ်ားစြာ အျငင္းအခုံျဖစ္ၿပီးေနာက္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးေနဆဲျဖစ္ေၾကာင္း ျပသဖို႔ ရည္႐ြယ္တဲ့အေနနဲ႔ ၿဗိတိန္ဥေသွ်ာင္ရဲ႕ အလည္အပတ္ခရီးစဥ္ဟာ ပင္စင္ျပဳျပင္ေျပာင္းလဲမႈနဲ႔ပတ္သက္ၿပီး ျပင္သစ္တစ္ႏိုင္ငံလုံး အုံႂကြကန္႔ကြက္ေနခ်ိန္နဲ တိုက္ဆိုင္ေနပါတယ္။

တနဂၤေႏြေန႔ ၿဗိတိန္ဘုရင္နဲ႔ မိဖုရား ကမ္မီလာတို႔ ေရာက္ရွိလာမယ့္ ပါရီၿမိဳ႕ေတာ္ လမ္းမ်ားဟာ အမႈိက္မ်ား တန္ခ်ိန္ ေထာင္ခ်ီေအာင္ စုပုံေနၿပီး “ေဗာ္ဒိုး” ေရွ႕ေဟာင္းၿမိဳ႕ေတာ္မွာ တစ္ေထာက္နားဖို႔ အစီအစဥ္ကိုလည္း တားဆီးရလိမ့္ မယ္လို႔ သပိတ္ေမွာက္သမဂၢမ်ားက သတိေပးထားပါတယ္။

ခ်ားလ္ဘုရင္ခရီးစဥ္ရဲ႕ဒုတိယပိုင္းအျဖစ္ အဂၤါေန႔မွာ ဝိုင္ထုတ္လုပ္ရာ အဲဒီေရွးေဟာင္းၿမိဳ႕သို႔သြားေရာက္ဖို႔ ရွိေနၿပီး အစီအစဥ္အရ ရထားလမ္းခရီးမွာ အခမ္းအနားတစ္ခုနဲ႔ သီတင္းပတ္ကုန္တုန္းက ဆႏၵျပအဓိက႐ုန္းမ်ား ျဖစ္ပြားခဲ့ တဲ့ ၿမိဳ႕ေတာ္ခန္းမကိုလည္း သြားေရာက္လည္ပတ္ဖို႔ ရွိေနပါတယ္။

ခ်ားလ္ဘုရင္အတြက္ ရထားနဲ႔ ခရီးသြားဖို႔ဆိုတာ မျဖစ္ႏိုင္ေအာင္ ေသခ်ာသေလာက္ပဲလို႔ ေဗာ္ဒိုး CFTC သမဂၢ ေဒသခံေခါင္းေဆာင္က ေျပာပါတယ္။ ပင္စင္ျပဳျပင္ေျပာင္းလဲေရးကိစၥအေပၚ ကန္႔ကြက္ဆႏၵျပေနၾကတာေၾကာင့္ အေႏွာင့္အယွက္ျဖစ္ႏိုင္တယ္လို႔ ေဗာ္ဒိုးၿမိဳ႕ေတာ္ သယ္ယူပို႔ေဆာင္ေရးေအာ္ပေရတာက ရွင္းျပပါတယ္။

အလုပ္သမားသမဂၢေတြဟာ အခုၾကသပေတးေန႔မွာ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ သပိတ္ေမွာက္ၾကဖို႔ ေတာင္းဆိုထားေပမယ့္ ေနာက္လာမယ့္ ရက္သတၱပတ္အတြက္ ဘယ္လိုစီစဥ္ထားတယ္ဆိုတာ မသိရေသးပါဘူး။

သေဘာထားတင္းမာသူ CGT သမဂၢရဲ႕ ရထားလမ္းဆိုင္ရာ သတင္းရင္းျမစ္အဆိုအရ ခ်ားလ္ဘုရင္အလည္အပတ္ လာေရာက္မယ့္ေနရာမ်ားမွာ လႈပ္ရွားမႈမ်ား ရွိေနမွာျဖစ္ေၾကာင္း၊ ပါရီမွ ေဗာ္ဒိုးတစ္ေလ်ာက္မွာလည္း ရွိေနႏိုင္ တယ္လို႔ ထင္ေၾကးေပးပါတယ္။

သံတမန္ေရးအရနဲ႔ အမ်ားျပည္သူေတြပါ စိတ္ဝင္စားတဲ့ ရွားရွားပါးပါး ေတာ္ဝင္ခရီးစဥ္အတြက္ ျပင္သစ္ဂ်ာနယ္ လစ္မ်ား သတင္းရယူႏိုင္ဖို႔ ကိစၥမွာလည္း ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ သတင္းရယူႏိုင္တဲ့အဖြဲ႕အစည္းျဖစ္ ေၾကာင္း အသိအမွတ္ျပဳအစီအစဥ္ထုတ္ျပန္မွာကိုလည္း ေစာင့္ဆိုင္းေနရဆဲျဖစ္ပါတယ္။

ၿမိဳ႕ေတာ္အျပင္ဘက္ ဗာဆိုင္းနန္းေတာ္မွာ တတ္ိယေျမာက္ ခ်ားလ္ဘုရင္ကို ႏိုင္ငံေတာ္ဧည့္ခံပြဲ လက္ခံက်င္းပေပး မယ့္ အသက္ ၄၅ ႏွစ္အ႐ြယ္ (လူ႐ြယ္) သမၼတမက္ခ႐ြန္အတြက္လည္း အေတာ္ကသိကေအာက္ျဖစ္စရာ ရွိပါတယ္။ ၿဗိတိန္ဧကရစ္ကို ဧည့္ခံရမယ့္ေနရာဟာ ၁၇၈၉ ခုႏွစ္ ျပင္သစ္ေတာ္လွန္ေရးအတြင္း ပါရီၿမိဳ႕ကို အက်ယ္ခ်ဳပ္ ပို႔ေဆာင္ခံရၿပီး ေလးႏွစ္အၾကာမွာ ေ-ါင္းျဖတ္စက္နဲ႔ ကြပ္မ်က္ခံခဲ့ရသူ ေနာက္ဆုံးဘုရင္ လူဝီ ၁၆ နန္းစိုက္ခဲ့ရာ အျဖစ္ ျပင္သစ္တို႔ စိတ္မွာ စြဲထင္ေနၾကလို႔ျဖစ္ပါတယ္။

မက္ခြန္ကိုယ္တိုင္မွာလည္း အာဏာရွင္အျဖစ္ အတိုက္အခံမ်ားရဲ႕ မၾကာမၾကာ စြပ္စြဲရေလ့ရွိသူျဖစ္ၿပီး ယခင္ ဆႏၵျပ ပြဲမ်ားအတြင္း သူ႔ပုံတူအ႐ုပ္ဟာ လူျမင္ကြင္းမွာ အႀကိမ္ႀကိမ္ ေ-ါင္းျဖတ္ခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက လႊတ္ေတာ္မွာ ပင္စင္ဥပေဒကို မဲခြဲဆုံးျဖတ္ဖို႔ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ဟာ သူ႔မဟာမိတ္ အခ်ိဳ႕ကိုပင္ တုန္လႈပ္သြားေစခဲ့ပါတယ္။ ဂရင္းပါတီမွ အႀကီးတန္းအဖြဲ႕ဝင္တစ္ဦးျဖစ္သူ လက္ဝဲယိမ္းပါလီမန္ အမတ္တစ္ဦးကေတာ့ ၿဗိတိန္ဘုရင္ကို လူပုံအလယ္မွာ "ျပင္သစ္သမၼတႏိုင္ငံေတာ္ရဲ႕ဥေသွ်ာင္" အျဖစ္ ႀကိဳဆို ခ်င္တဲ့ မက္ခ႐ြန္ရဲ႕စိတ္တေစၦေျခာက္လွန္မႈ စိတ္ကူးပဲလို႔ ေဝဖန္ပါတယ္။ မက္ခ႐ြန္အေနနဲ႔ ဒီခရီးစဥ္ကို ဖ်က္သိမ္း သင့္ေၾကာင္း၊ (ေရွးေဟာင္း) ဗာဆိုင္းနန္းေတာ္မွာ (စည္းမ်ဥ္းခံ ဘုရင္အို) ခ်ားလ္ဘုရင္ကို ႀကိဳဆိုဖို႔ဆိုတာ တကယ္ ဦးစားေပးအစီအစဥ္ျဖစ္ဖို႔ လို-မလို စဥ္းစားသင့္ေၾကာင္း၊ ျပင္သစ္လူ႔အဖြဲ႕အစည္းမွာ တစ္ခုခုျဖစ္ေနၿပီး တိုးတက္ေန တဲ့ လူ႔အဖြဲ႕အစည္းနဲ႔ ဦးစားေပး စကားေျပာဆိုသင့္တယ္လို႔ ဗုဒၶဟူးေန႔ BFM သတင္းခ်န္နယ္ကို ေျပာျပပါတယ္။

အၿငိမ္းစားယူတဲ့ အသက္အ႐ြယ္ကို ၆၄ ႏွစ္အထိ ၂ ႏွစ္တိုးျမႇင့္ဖို႔ လိုအပ္ေၾကာင္း မက္ခ႐ြန္က ေျပာၿပီး ေငြေၾကး စုဆာင္းႏိုင္ၾကဖို႔နဲ႔ သက္ႀကီး႐ြယ္အိုမ်ားအတြက္ ႏိုင္ငံမွာ ျပင္ဆင္ခ်ိန္ လိုအပ္ေၾကာင္း ဆင္ေျခေပးထားပါတယ္။ ဒီအတြက္ ကန္႔ကြက္ဆႏၵျပမႈဟာ ျပင္သစ္ႏိုင္ငံတစ္ဝွန္း တျဖည္းျဖည္းပ်ံ႕ႏွံ႔လာၿပီး သယ္ယူပို႔ေဆာင္ေရး လုပ္သား မ်ား သပိတ္ေမွာက္မႈေၾကာင့္ ေလေၾကာင္းခရီးစဥ္မ်ား ေႏွာင့္ေႏွးရမႈဟာ ရက္ၾကာရွည္လာပါတယ္။ အဲဒီလိုအခ်ိန္ မ်ိဳးမွာ ျပင္သစ္ႏိုင္ငံကို ခ်ားလ္ဘုရင္အလည္အပတ္ေရာက္ရွိလာတာျဖစ္ၿပီး ဂ်ာမနီႏိုင္ငံကို ခရီးဆက္ဖို႔ စီစဥ္ထားပါ တယ္။

အဲဒီဥေရာပ ႏွစ္ႏိုင္ငံနဲ႔ ရင္းႏွီးတဲ့ မဟာမိတ္မ်ားအျဖစ္ ေ႐ြးခ်ယ္ျခင္းဟာ ဥေရာပသမဂၢမွ ၿဗိတိန္ႏႈတ္ထြက္ျခင္းနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အဆက္အသြယ္ျဖတ္ခဲ့ၿပီးေနာက္ လန္ဒန္နဲ႔ အီးယူအၾကား ဆက္သြယ္မႈ တံတား တည္ေဆာက္ျခင္းအျဖစ္ ရႈ႕ျမင္သူမ်ားပါတယ္။

ဘက္ကင္ဟမ္နန္းေတာ္မွ သိရွိရတဲ့အစီအစဥ္အရ တနလၤာေန႔ ခ်ားလ္ဘုရင္ဟာ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ ခ်ားလ္ဒီေဂါ ရင္ျပင္အမ်ိဳးသားမုခ္ဦးမွာ လြမ္းသူ႔ပန္းေခြခ်အခမ္းအနားနဲ႔ သမၼတမက္ခြန္တက္ေရာက္မယ့္ ျပင္သစ္အထက္ လႊတ္ေတာ္မွာ လႊတ္ေတာ္အမတ္မ်ားကို မိန႔္ခြန္းေျပာၾကားဖို႔ ရွိေနပါတယ္။

ေဘာ္ဒိုးေဒသမွာ ရွိစဥ္ ေအာ္ဂဲနစ္စပ်စ္ၿခံကို သြားေရာက္လည္ပတ္မွာျဖစ္ၿပီး လြန္ခဲ့တဲ့ ေႏြရာသီ ဥေရာပ အေနာက္ပိုင္းေဒသအမ်ားစုကို ထိခိုက္ေစခဲ့တဲ့ မိုးေခါင္ေရရွားကာလအတြင္း ေတာမီးေၾကာင့္ ပ်က္စီးဆုံးရႈံးခဲ့ရတဲ့ ေနရာမ်ားကို သြားေရာက္ၾကည့္ရႈဖို႔ စီစဥ္ထားပါတယ္။

#ၿဗိတိန္ဘုရင္တတိယေျမာက္ခ်ားလ္၏ျပင္သစ္ခရီးစဥ္ #ပင္စင္ျပဳျပင္ေျပာင္းလဲမႈကန္႔ကြက္သပိတ္ေမွာက္ #သမၼတ_အီမန္န်ဳရယ္_မက္ခြန္

(France 24., 22 March 2023,” King Charles visit to France at risk of strikes, disruption” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.