သံရုံးနှင့်ပတ်သက်သည့် သတင်းမှားများ ရေးသားဖြန့်ဝေသူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ကွာလာလမ်ပူရှိ မြန်မာသံရုံးအသိပေး

 1671

ယွန်း (NP News) - မတ် ၂၇

လူမှုကွန်ယက်စာမျက်နှာ(Facebook) တွင် သံရုံးနှင့် ပတ်သက်သည့် သတင်းမှားများ ရေးသားဖြန့်ဝေသူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ပြီးခဲ့သည့်ရက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာသံရုံးအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ မလေးရှားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် သာမန်နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်းနှင့် အသစ်လျှောက်ထားခြင်းများကို ရက်ချိန်းရယူပြီးသူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သံရုံးအနေဖြင့် နေထိုင်ခွင့်ကုန်ဆုံးသူများနှင့် နိုင်ငံကူးလက် မှတ်အား သတ်မှတ်ထားသည့်ရက်များတွင် ထုတ်ယူခြင်းမရှိဘဲ ရက်ကျော်လွန်လာရောက်ထုတ်ယူသူများကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် လိမ်လည်အမြတ်ထုတ်လိုသူများသည် မသိနားမလည်သည့် အချို့မြန်မာနိုင်ငံသားများအပေါ်တွင် နိုင်ငံကူးလက်မှတ်ကိစ္စနှင့်ပတ်သက်၍ ငွေကြေးမသာမှုများ တောင်းခံပြုလုပ်နေသည်ကို တွေ့ရကြောင်း သံရုံးကဆိုသည်။

ထိုသို့ မသမာသောနည်းလမ်းဖြင့် လိမ်လည်ရန် ဆောင်ရွက်နေသူများသည် လူမှုကွန်ယက်စာမျက်နှာ(Facebook)များကို သုံးပြီး မြန်မာသံရုံးနှင့်ပတ်သက်သည့် သတင်းအမှားများကို ရေးသားဖြန့်ဝေမှုများရှိနေကြောင်း သံရုံးမှ ဆိုသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်ကိစ္စနှင့်ပတ်သက်ပြီး သတင်းအမှားများ ဖြန့်‌ဝေနေသူများကို မြန်မာသံရုံးမှ ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် သံရုံးအနေဖြင့် မြန်မာနိုင်ငံသားများအား သတ်မှတ်ထားသည့်ရက်တွင် နိုင်ငံကူးလက်မှတ်ကိစ္စများ လာရောက် ဆောင်ရွက်ရန် ထုတ်ပြန်ထားပြီး သတ်မှတ်ရက်အတွင်း လာရောက်ဆောင်ရွက်နိုင်ခြင်း မရှိသူများကိုလည်း ပြန်လည်စိစစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version;
သံ႐ုံးႏွင့္ပတ္သက္သည့္ သတင္းမွားမ်ား ေရးသားျဖန႔္ေဝသူမ်ားကို ဥပေဒႏွင့္အညီ အေရးယူသြားမည္ဟု ကြာလာလမ္ပူရွိ ျမန္မာသံ႐ုံးအသိေပး

ယြန္း (NP News) - မတ္ ၂၇

လူမႈကြန္ယက္စာမ်က္ႏွာ(Facebook) တြင္ သံ႐ုံးႏွင့္ ပတ္သက္သည့္ သတင္းမွားမ်ား ေရးသားျဖန႔္ေဝသူမ်ားကို ဥပေဒႏွင့္အညီ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာသံ႐ုံးအေနျဖင့္ ျပည္ပတြင္ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ား မေလးရွားႏိုင္ငံတြင္ တရားဝင္အလုပ္လုပ္ကိုင္ႏိုင္ရန္ သာမန္ႏိုင္ငံကူးလက္မွတ္မ်ား သက္တမ္းတိုးျခင္းႏွင့္ အသစ္ေလွ်ာက္ထားျခင္းမ်ားကို ရက္ခ်ိန္းရယူၿပီးသူမ်ားအား ေန႔ခ်င္းၿပီး ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ သံ႐ုံးအေနျဖင့္ ေနထိုင္ခြင့္ကုန္ဆုံးသူမ်ားႏွင့္ ႏိုင္ငံကူးလက္ မွတ္အား သတ္မွတ္ထားသည့္ရက္မ်ားတြင္ ထုတ္ယူျခင္းမရွိဘဲ ရက္ေက်ာ္လြန္လာေရာက္ထုတ္ယူသူမ်ားကိုလည္း အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးေနေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

သို႔ေသာ္ လိမ္လည္အျမတ္ထုတ္လိုသူမ်ားသည္ မသိနားမလည္သည့္ အခ်ိဳ႕ျမန္မာႏိုင္ငံသားမ်ားအေပၚတြင္ ႏိုင္ငံကူးလက္မွတ္ကိစၥႏွင့္ပတ္သက္၍ ေငြေၾကးမသာမႈမ်ား ေတာင္းခံျပဳလုပ္ေနသည္ကို ေတြ႕ရေၾကာင္း သံ႐ုံးကဆိုသည္။

ထိုသို႔ မသမာေသာနည္းလမ္းျဖင့္ လိမ္လည္ရန္ ေဆာင္႐ြက္ေနသူမ်ားသည္ လူမႈကြန္ယက္စာမ်က္ႏွာ(Facebook)မ်ားကို သုံးၿပီး ျမန္မာသံ႐ုံးႏွင့္ပတ္သက္သည့္ သတင္းအမွားမ်ားကို ေရးသားျဖန႔္ေဝမႈမ်ားရွိေနေၾကာင္း သံ႐ုံးမွ ဆိုသည္။

ထို႔ေၾကာင့္ ႏိုင္ငံကူးလက္မွတ္ကိစၥႏွင့္ပတ္သက္ၿပီး သတင္းအမွားမ်ား ျဖန႔္‌ေဝေနသူမ်ားကို ျမန္မာသံ႐ုံးမွ ဥပေဒႏွင့္အညီ စုံစမ္းေဖာ္ထုတ္အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ကြာလာလမ္ပူၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။

ထို႔ျပင္ သံ႐ုံးအေနျဖင့္ ျမန္မာႏိုင္ငံသားမ်ားအား သတ္မွတ္ထားသည့္ရက္တြင္ ႏိုင္ငံကူးလက္မွတ္ကိစၥမ်ား လာေရာက္ ေဆာင္႐ြက္ရန္ ထုတ္ျပန္ထားၿပီး သတ္မွတ္ရက္အတြင္း လာေရာက္ေဆာင္႐ြက္ႏိုင္ျခင္း မရွိသူမ်ားကိုလည္း ျပန္လည္စိစစ္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Picture

L Mone

27/03/2023 19:54

သံရုံးချင်း ပညာပြ ရန်ဖြစ်ပ့ကြသင့်တယ်ဗျာ

Related news

© 2021. All rights reserved.