တပ်မတော်နေ့အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေသူ(၂)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ နေပြည်တော်၌ ဖမ်းဆီးရမိ

 8443

NP News - မတ် ၂၈
တပ်မတော်နေ့အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်နေသူ(၂)ဦးကို နေပြည်တော်၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖမ်းဆီးရမိမှုဖြစ်စဉ်နှင့်ပတ်သက်၍ နစကမှ မတ်လ ၂၇ရက်(တပ်မတော်နေ့) ညပိုင်းက အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ နေပြည်တော် PDF အဖွဲ့သည် (၇၈)နှစ်မြောက်တပ်မတော်နေ့၌ နေပြည်တော် ကောင်စီနယ်မြေအတွင်း ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများနှင့် စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်နေသည့် စစ် ရေးပြကွင်း(ရှမ်းစု)နေရာတို့ကို ဖောက်ခွဲဖျက်ဆီးခြင်းများ၊ ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်ရန် စီစဉ်လျက်ရှိ ကြောင်း ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိခဲ့ရသည်ဟု နစကမှ ဆိုသည်။

ထိုသို့ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ကွက်ပြည့်နင်း နယ်မြေ လုံခြုံရေးဆောင်ရွက်ခြင်း၊ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းကဲ့သို့ဆောင်ရွက်စဉ် မတ်လ ၂၄ ရက် နံနက်ပိုင်း၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများ ဖြင့် အဝေးမှ နှောင့်ယှက်ပစ်ခတ်ရန် စီစဉ်လျက်ရှိသည့် နေပြည်တော် PDF အဖွဲ့မှ စိန်လွင်(ခ)မောင်စိန်(ခ)ခရေကို ပျဉ်းမ နားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ၊ အဝေရာဆည်အနီးရှိ သရက်ခြံအတွင်း၌ ၁၀၇ မမရှော့တိုက်ဒုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သော စိန်လွင်(ခ)မောင်စိန်(ခ)ခရေ၏ ထွက်ဆိုချက်အရ မတ်လ ၂၄ ရက် နေ့လည်ပိုင်းတွင် ဇီးဖြူပင် ကျေးရွာအဝင်လမ်း အရှေ့ဘက်ရှိ တောင်ယာတဲ၌ ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလားအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလား၏ ထွက်ဆိုချက်အရ ၎င်း၏ယောက်ဖဖြစ်သူ NLD ပါတီဝင် အုပ်ချုပ်ရေး မှူးဟောင်း ဟန်ဇော်မင်းနှင့် ခင်မျိုးသက်တို့ လင်မယားပိုင်ဆိုင်သည့် ဇီးဖြူပင်ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း၌ မြေမြှုပ် သိမ်းဆည်းထားသော ၁၀၇ မမရှော့တိုက်ဒုံး (၁)လုံးကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု နစကမှ ဆိုသည်။

ထို့ပြင် ၎င်းကဲ့သို့ ဖမ်းဆီးရမိခဲ့သူများ၏ ထွက်ဆိုချက်များအရ အဝေရာဆည်အနီး ခြုံပုတ်အတွင်းမှ ၁၀၇ မမရှော့တိုက်ဒုံး ထိပ်ဖူး (၂)ခု၊ ဆားကစ်ပြား (၂)ခုနှင့် Remote (၁)ခုတို့ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇီးဖြူပင်ကျေးရွာနေ ထွက်ပြေးတိမ်းရှောင်နေသူ သန်းထွန်း(ခ)ချင်းတွင်း၏ နေအိမ်အတွင်းမှလည်း MG-1 လက်ပစ်ဗုံး (၁) လုံး၊ လက်ပစ်ဗုံးစနက်တံ (၄)ခု၊ လျှပ်စစ်ဒီတိုနေတာ (၁၆)ခု၊ ယမ်းပျော့ (၄)ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကို ဆက်လက် သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

၎င်းအပြင် ပျဉ်းမနားမြို့နယ်၊ မရမ်းတောင်(အထက်)ကျေးရွာအနီး၌ သိုဝှက်သိမ်းဆည်းထားသော ပစ္စတိုအပစ်လက်ကိုင် (၁)ခု၊ စနိုက်ပါမှန်ပြောင်း (၁)ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း (၁)လုံး၊ (၁၂)ဗို့ကျည် (၁၄၆)တောင့်၊ ယမ်း ပျော့ (၁)ချောင်း၊ ယမ်းမှုန့် (၅၀)ကျပ်သား၊ အစိမ်းရောင်ကျောပိုးအိတ် (၁)လုံး၊ ပြောက်ကျားပုခက် (၄)ခု၊ သေနတ်လွယ် ကြိုး (၁)ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိခဲ့သော စိန်လွင်(ခ)မောင်စိန်(ခ)ခရေနှင့် ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလားတို့ (၂)ဦးသည် တိမ်း ရှောင်နေသည့် NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း ဟန်ဇော်မင်း၏ ချိတ်ဆက်ပေးမှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ် ခုံမြို့ဝန်းကျင်၌ လှုပ်ရှားနေသော ဗိုလ်တေဇ(ခ)ဟန်မင်းထွန်း ခေါင်းဆောင်သည့် နေပြည်တော် PDF အဖွဲ့သို့ ဝင်ရောက်ခဲ့ ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိမ်းဆည်းရမိခဲ့သော ၁၀၇ မမရှော့တိုက်ဒုံး (၂)လုံးနှင့် ဖောက်ခွဲရေးပစ္စည်းများကို ဆိုင်ကယ်(၂)စီးဖြင့် ဖယ်ခုံမြို့ဝန်းကျင် မှ ပျဉ်းမနားမြို့နယ်၊ မရမ်းတောင်(အထက်)ကျေးရွာသို့ သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၀၇ မမရှော့တိုက်ဒုံး တပ်ဆင်ပုံနှင့် ပစ်ခတ်နည်းအဆင့်ဆင့်ကို နေပြည်တော် PDF အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇ(ခ)ဟန် မင်းထွန်းက ၎င်းတို့(၂)ဦးအား လေ့ကျင့်သင်ကြားပေးခဲ့ပြီး စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိန်လွင်(ခ)မောင်စိန်(ခ)ခရေ၊ ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလားတို့နှင့်သက်ဆိုင်သည့် ဆက်စပ်သူများကိုလည်း ဆက် လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကာ ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဟု နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version

တပ္မေတာ္ေန႔အခမ္းအနားကို ၁၀၇ မမေရွာ့တိုက္ဒုံးျဖင့္ တိုက္ခိုက္ရန္ ျပင္ဆင္ေနသူ(၂)ဦးကို သက္ေသခံပစၥည္းမ်ားႏွင့္အတူ ေနျပည္ေတာ္၌ ဖမ္းဆီးရမိ

NP News - မတ္ ၂၈
တပ္မေတာ္ေန႔အခမ္းအနားကို ၁၀၇ မမေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ရန္ ျပင္ဆင္ေနသူ(၂)ဦးကို ေနျပည္ေတာ္၌ သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

အဆိုပါဖမ္းဆီးရမိမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ နစကမွ မတ္လ ၂၇ရက္(တပ္မေတာ္ေန႔) ညပိုင္းက အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

CRPH၊ NUG ႏွင့္ ၎တို႔၏ လက္ေဝခံ ေနျပည္ေတာ္ PDF အဖြဲ႕သည္ (၇၈)ႏွစ္ေျမာက္တပ္မေတာ္ေန႔၌ ေနျပည္ေတာ္ ေကာင္စီနယ္ေျမအတြင္း ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား ျပဳလုပ္ေနသည့္ ေနရာမ်ားႏွင့္ စစ္ေရးျပအခမ္းအနားက်င္းပျပဳလုပ္ေနသည့္ စစ္ ေရးျပကြင္း(ရွမ္းစု)ေနရာတို႔ကို ေဖာက္ခြဲဖ်က္ဆီးျခင္းမ်ား၊ ၁၀၇ မမေရွာ့တိုက္ဒုံးမ်ားျဖင့္ အေဝးမွပစ္ခတ္ရန္ စီစဥ္လ်က္ရွိ ေၾကာင္း ျပည္သူမ်ား၏ သတင္းေပးပို႔ခ်က္အရ သိခဲ့ရသည္ဟု နစကမွ ဆိုသည္။

ထိုသို႔ သတင္းေပးပို႔ခ်က္အရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း ကြက္ျပည့္နင္း နယ္ေျမ လုံၿခဳံေရးေဆာင္႐ြက္ျခင္း၊ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးျခင္းမ်ားကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

၎ကဲ့သို႔ေဆာင္႐ြက္စဥ္ မတ္လ ၂၄ ရက္ နံနက္ပိုင္း၌ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းသို႔ ၁၀၇ မမေရွာ့တိုက္ဒုံးမ်ား ျဖင့္ အေဝးမွ ေႏွာင့္ယွက္ပစ္ခတ္ရန္ စီစဥ္လ်က္ရွိသည့္ ေနျပည္ေတာ္ PDF အဖြဲ႕မွ စိန္လြင္(ခ)ေမာင္စိန္(ခ)ခေရကို ပ်ဥ္းမ နားၿမိဳ႕နယ္၊ ဇီးျဖဴပင္ေက်း႐ြာ၊ အေဝရာဆည္အနီးရွိ သရက္ၿခံအတြင္း၌ ၁၀၇ မမေရွာ့တိုက္ဒုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္ဟု နစကမွ ထုတ္ျပန္ထားသည္။

ထိုသို႔ ဖမ္းဆီးရမိခဲ့ေသာ စိန္လြင္(ခ)ေမာင္စိန္(ခ)ခေရ၏ ထြက္ဆိုခ်က္အရ မတ္လ ၂၄ ရက္ ေန႔လည္ပိုင္းတြင္ ဇီးျဖဴပင္ ေက်း႐ြာအဝင္လမ္း အေရွ႕ဘက္ရွိ ေတာင္ယာတဲ၌ ဝင္းမ်ိဳးထက္(ခ)ဝင္းႏိုး(ခ)ဘီလားအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ဝင္းမ်ိဳးထက္(ခ)ဝင္းႏိုး(ခ)ဘီလား၏ ထြက္ဆိုခ်က္အရ ၎၏ေယာက္ဖျဖစ္သူ NLD ပါတီဝင္ အုပ္ခ်ဳပ္ေရး မႉးေဟာင္း ဟန္ေဇာ္မင္းႏွင့္ ခင္မ်ိဳးသက္တို႔ လင္မယားပိုင္ဆိုင္သည့္ ဇီးျဖဴပင္ေက်း႐ြာရွိ ေနအိမ္ၿခံဝင္းအတြင္း၌ ေျမျမႇဳပ္ သိမ္းဆည္းထားေသာ ၁၀၇ မမေရွာ့တိုက္ဒုံး (၁)လုံးကို ထပ္မံသိမ္းဆည္းရမိခဲ့သည္ဟု နစကမွ ဆိုသည္။

ထို႔ျပင္ ၎ကဲ့သို႔ ဖမ္းဆီးရမိခဲ့သူမ်ား၏ ထြက္ဆိုခ်က္မ်ားအရ အေဝရာဆည္အနီး ၿခဳံပုတ္အတြင္းမွ ၁၀၇ မမေရွာ့တိုက္ဒုံး ထိပ္ဖူး (၂)ခု၊ ဆားကစ္ျပား (၂)ခုႏွင့္ Remote (၁)ခုတို႔ကိုလည္း ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဇီးျဖဴပင္ေက်း႐ြာေန ထြက္ေျပးတိမ္းေရွာင္ေနသူ သန္းထြန္း(ခ)ခ်င္းတြင္း၏ ေနအိမ္အတြင္းမွလည္း MG-1 လက္ပစ္ဗုံး (၁) လုံး၊ လက္ပစ္ဗုံးစနက္တံ (၄)ခု၊ လွ်ပ္စစ္ဒီတိုေနတာ (၁၆)ခု၊ ယမ္းေပ်ာ့ (၄)ေခ်ာင္းႏွင့္ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားကို ဆက္လက္ သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

၎အျပင္ ပ်ဥ္းမနားၿမိဳ႕နယ္၊ မရမ္းေတာင္(အထက္)ေက်း႐ြာအနီး၌ သိုဝွက္သိမ္းဆည္းထားေသာ ပစၥတိုအပစ္လက္ကိုင္ (၁)ခု၊ စႏိုက္ပါမွန္ေျပာင္း (၁)ခု၊ PVC ပိုက္ျဖင့္ ျပဳလုပ္ထားသည့္ လက္လုပ္မိုင္း (၁)လုံး၊ (၁၂)ဗို႔က်ည္ (၁၄၆)ေတာင့္၊ ယမ္း ေပ်ာ့ (၁)ေခ်ာင္း၊ ယမ္းမႈန႔္ (၅၀)က်ပ္သား၊ အစိမ္းေရာင္ေက်ာပိုးအိတ္ (၁)လုံး၊ ေျပာက္က်ားပုခက္ (၄)ခု၊ ေသနတ္လြယ္ ႀကိဳး (၁)ေခ်ာင္းႏွင့္ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

လက္ရွိတြင္ ဖမ္းဆီးရမိခဲ့ေသာ စိန္လြင္(ခ)ေမာင္စိန္(ခ)ခေရႏွင့္ ဝင္းမ်ိဳးထက္(ခ)ဝင္းႏိုး(ခ)ဘီလားတို႔ (၂)ဦးသည္ တိမ္း ေရွာင္ေနသည့္ NLD ပါတီဝင္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဟန္ေဇာ္မင္း၏ ခ်ိတ္ဆက္ေပးမႈျဖင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဖယ္ ခုံၿမိဳ႕ဝန္းက်င္၌ လႈပ္ရွားေနေသာ ဗိုလ္ေတဇ(ခ)ဟန္မင္းထြန္း ေခါင္းေဆာင္သည့္ ေနျပည္ေတာ္ PDF အဖြဲ႕သို႔ ဝင္ေရာက္ခဲ့ ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သိမ္းဆည္းရမိခဲ့ေသာ ၁၀၇ မမေရွာ့တိုက္ဒုံး (၂)လုံးႏွင့္ ေဖာက္ခြဲေရးပစၥည္းမ်ားကို ဆိုင္ကယ္(၂)စီးျဖင့္ ဖယ္ခုံၿမိဳ႕ဝန္းက်င္ မွ ပ်ဥ္းမနားၿမိဳ႕နယ္၊ မရမ္းေတာင္(အထက္)ေက်း႐ြာသို႔ သယ္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၁၀၇ မမေရွာ့တိုက္ဒုံး တပ္ဆင္ပုံႏွင့္ ပစ္ခတ္နည္းအဆင့္ဆင့္ကို ေနျပည္ေတာ္ PDF အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ေတဇ(ခ)ဟန္ မင္းထြန္းက ၎တို႔(၂)ဦးအား ေလ့က်င့္သင္ၾကားေပးခဲ့ၿပီး ေစခိုင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စိန္လြင္(ခ)ေမာင္စိန္(ခ)ခေရ၊ ဝင္းမ်ိဳးထက္(ခ)ဝင္းႏိုး(ခ)ဘီလားတို႔ႏွင့္သက္ဆိုင္သည့္ ဆက္စပ္သူမ်ားကိုလည္း ဆက္ လက္ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ကာ ဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္ ႐ြက္သြားမည္ဟု နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.