မလေးရှားဝန်ကြီးချုပ် အန်ဝါ က ၄င်းရဲ့ ၁၂ ယောက်မြောက် မြေးလေး မွေးဖွားမှုကို ကြိုဆိုကြောင်း ပြောကြား
527
ရောင်နီ (NP News) - ဧပြီ ၁၄
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ၎င်းအတွက် ရမ်ဇာန်လက်ဆောင် ရောက်ရှိလာကြောင်း ဆိုကာ ဧပြီလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ၎င်းရဲ့၁၂ ယောက်မြောက်မြေး မွေးဖွားမှုကို လူမှုကွန်ရက်ပေါ်တင်ကာ ကြိုဆိုကြောင်း ဖော်ပြခဲ့ပါတယ်။
"ရမ်ဇာန်လက်ဆောင် အဖြစ် အိုင်ဆန် နဲ့ လူမန်ဝါတာနာဘီမှ နူရယ်လ်အစ်ဆာမစ်ဆူကီ အမည်ရှိ မြေးကို မွေးဖွားခဲ့တယ်" လို့ဆိုကာ ကလေးငယ်ကို ပွေ့ပိုက်ထားတဲ့ဓာတ်ပုံနဲ့အတူ အန်ဝါက တွစ်တာမှာ တင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်အန်ဝါနဲ့ ၄င်းရဲ့ဇနီး ဒါတက်ဆီရီဒါဝမ်အစ်ဇက်ဝမ်အစ်မေးလ်ဟာ နူရယ်လ်အစ်ရာကို မွေးဖွားပြီးနောက် မြေး ၁၂ ဦးရဲ့ အဘိုးအဘွားများဖြစ်လာပြီဖြစ်ကြောင်း ကြေညာကာ
"ဒီအချိန်တွေက ပျော်ရွှင်စရာ အခိုက်အတံ့တွေ ဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက မစ္စတာ အန်ဝါရဲ့ပဉ္စမမြောက်သားဖြစ်သူ နူရယ်လ်အိုင်ဟမ် ဟာ မာမစ်ဆူရူလူမန်ဝါတာနာဘီ နဲ့ လက်ထပ်ခဲ့ပါတယ်။
၎င်းတို့စုံတွဲဟာ သားသမီးရတနာ ၄ ဦး ထွန်းကားခဲ့ပြီး နိုရယ်လ်အစ်ရာဟာ ၎င်းတို့တို့စုံတွဲရဲ့ စတုတ္ထမြောက်သားဖြစ်လာခဲ့ပါတယ်။
Zawgyi Version;
မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါ က ၄င္းရဲ႕ ၁၂ ေယာက္ေျမာက္ ေျမးေလး ေမြးဖြားမႈကို ႀကိဳဆိုေၾကာင္း ေျပာၾကား
ေရာင္နီ (NP News) - ဧၿပီ ၁၄
မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္ဟာ ၎အတြက္ ရမ္ဇာန္လက္ေဆာင္ ေရာက္ရွိလာေၾကာင္း ဆိုကာ ဧၿပီလ ၁၂ ရက္၊ ဗုဒၶဟူးေန႔မွာ ၎ရဲ႕၁၂ ေယာက္ေျမာက္ေျမး ေမြးဖြားမႈကို လူမႈကြန္ရက္ေပၚတင္ကာ ႀကိဳဆိုေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
"ရမ္ဇာန္လက္ေဆာင္ အျဖစ္ အိုင္ဆန္ နဲ႔ လူမန္ဝါတာနာဘီမွ ႏူရယ္လ္အစ္ဆာမစ္ဆူကီ အမည္ရွိ ေျမးကို ေမြးဖြားခဲ့တယ္" လို႔ဆိုကာ ကေလးငယ္ကို ေပြ႕ပိုက္ထားတဲ့ဓာတ္ပုံနဲ႔အတူ အန္ဝါက တြစ္တာမွာ တင္ခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္အန္ဝါနဲ႔ ၄င္းရဲ႕ဇနီး ဒါတက္ဆီရီဒါဝမ္အစ္ဇက္ဝမ္အစ္ေမးလ္ဟာ ႏူရယ္လ္အစ္ရာကို ေမြးဖြားၿပီးေနာက္ ေျမး ၁၂ ဦးရဲ႕ အဘိုးအဘြားမ်ားျဖစ္လာၿပီျဖစ္ေၾကာင္း ေၾကညာကာ
"ဒီအခ်ိန္ေတြက ေပ်ာ္႐ႊင္စရာ အခိုက္အတံ့ေတြ ျဖစ္တယ္" လို႔ ေျပာၾကားခဲ့ပါတယ္။
၂ဝ၁၈ ခုႏွစ္ ဒီဇင္ဘာလက မစၥတာ အန္ဝါရဲ႕ပၪၥမေျမာက္သားျဖစ္သူ ႏူရယ္လ္အိုင္ဟမ္ ဟာ မာမစ္ဆူ႐ူလူမန္ဝါတာနာဘီ နဲ႔ လက္ထပ္ခဲ့ပါတယ္။
၎တို႔စုံတြဲဟာ သားသမီးရတနာ ၄ ဦး ထြန္းကားခဲ့ၿပီး ႏိုရယ္လ္အစ္ရာဟာ ၎တို႔တို႔စုံတြဲရဲ႕ စတုတၳေျမာက္သားျဖစ္လာခဲ့ပါတယ္။