ရင်းနှီးမြှုပ်နှံမှုနည်းလမ်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေ‌ဟုဆို

 913

ယွန်း (NP News) - ဧပြီ ၂ဝ

နိုင်ငံတွင်း လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးရန် ရင်းနှီးမြှုပ်နှံမှုနည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဧပြီလ(၁၉)ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၏ရုံးအမှတ်(၂၇) ရဲရွာခန်းမတွင်ကျင်းပခဲ့သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ရရှိနိုင်သမျှ စွမ်းအင်အရင်းအမြစ် မျိုးစုံကိုသုံးကာ ရင်းနှီးမြှုပ်နှံမှုနည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံး တိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတခြင်းကြောင့် ဓာတ်အားကို ထိန်းညှိ၍ ဖြန့်ဖြူးပေးနေရကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုထားသည်။

ထို့ပြင် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် လာမည့် (၂ဝ၂၅)ခုနှစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် မြန်မာ-တရုတ် အပြန်အလှန်လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင်မည့် နယ်စပ်ဖြတ်ကျော် ဓာတ်အားသွယ်တန်းခြင်း စီမံကိန်းကို ၂ဝ၂၄ ခုနှစ်တွင် အပြီးတည်ဆောက်သွားရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးဌာနဘက်က ပြီးခဲ့သည့် လပိုင်းက ထုတ်ပြန်ထားသည်။

zawgyi version
ရင္းႏွီးျမႇဳပ္ႏွံမႈနည္းလမ္းမ်ိဳးစုံျဖင့္ လွ်ပ္စစ္ဓာတ္အား အျမန္ဆုံးတိုးတက္ထုတ္လုပ္ႏိုင္ရန္ ေဆာင္႐ြက္ေန‌ဟုဆို

ယြန္း (NP News) - ဧၿပီ ၂ဝ

ႏိုင္ငံတြင္း လိုအပ္ေနသည့္ လွ်ပ္စစ္ဓာတ္အားကို ျဖည့္ဆည္းေပးရန္ ရင္းႏွီးျမႇဳပ္ႏွံမႈနည္းမ်ိဳးစုံျဖင့္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းဟန္က ဧၿပီလ(၁၉)ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၏႐ုံးအမွတ္(၂၇) ရဲ႐ြာခန္းမတြင္က်င္းပခဲ့ေသာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးရန္အတြက္ ရရွိႏိုင္သမွ် စြမ္းအင္အရင္းအျမစ္ မ်ိဳးစုံကိုသုံးကာ ရင္းႏွီးျမႇဳပ္ႏွံမႈနည္းမ်ိဳးစုံျဖင့္ လွ်ပ္စစ္ဓာတ္အားအျမန္ဆုံး တိုးတက္ထုတ္လုပ္ႏိုင္ေရးကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈႏွင့္ သုံးစြဲမႈမမွ်တျခင္းေၾကာင့္ ဓာတ္အားကို ထိန္းညႇိ၍ ျဖန႔္ျဖဴးေပးေနရေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုထားသည္။

ထို႔ျပင္ လွ်ပ္စစ္ဝန္ႀကီးဌာနအေနျဖင့္ လာမည့္ (၂ဝ၂၅)ခုႏွစ္တြင္ လွ်ပ္စစ္ဓာတ္အား အျပည့္အဝရရွိႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ လွ်ပ္စစ္ဓာတ္အားလုံေလာက္စြာရရွိေရးအတြက္ ျမန္မာ-တ႐ုတ္ အျပန္အလွန္လွ်ပ္စစ္ဓာတ္အား ဝယ္ယူႏိုင္မည့္ နယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားသြယ္တန္းျခင္း စီမံကိန္းကို ၂ဝ၂၄ ခုႏွစ္တြင္ အၿပီးတည္ေဆာက္သြားရန္ ႀကိဳးပမ္းေနေၾကာင္း ဝန္ႀကီးဌာနဘက္က ၿပီးခဲ့သည့္ လပိုင္းက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.