KNU ညီလာခံကို ဧပြီ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီ ဥက္ကဋ္ဌစောမူတူးစေးဖိုး ကိုယ်တိုင် တက်ရောက်မည်

 895

NP News - ဧပြီ ၂၁

ကရင်အမျိုးသားအစည်းအရုံးညီလာခံ(KNU Congress) ကို လာမည့် ဧပြီ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခု ကျင်းပမည့် KNU ညီလာခံသည် (၁၇)ကြိမ်မြောက် ညီလာခံတစ်ရပ်ဖြစ်ပြီး ၎င်းညီလာခံကို KNU တပ်မဟာ (၇)နယ် မြေအတွင်း၌ ကျင်းပရန် စီစဉ်ထားကြောင်း KNU နှင့်နီးစပ်သောသတင်းအရင်းအမြစ်က NP News ကို အတည်ပြုပြောဆို ထားသည်။

“ဧပြီ ၂၄ ရက်မှာ KNU Congress ကျင်းပပါမယ်။ တပ်မဟာ(၇)မှာ ရှိတဲ့ အများစုကတော့ လူကိုယ်တိုင် တက်ကြပါ မယ်။ အချို့ကတော့ အွန်လိုင်းကနေ တက်ပါမယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လာပြီဖြစ်၍ ဆေးရုံမှ ပြန်လည် ဆင်းလာပြီဖြစ်ကာ ဧပြီ ၂၄ ရက်တွင် ကျင်းပမည့် ညီလာခံသို့ ၎င်းကိုယ်တိုင် တက်ရောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဥက္ကဋ္ဌစောမူတူးစေးဖိုး သည် ပြီးခဲ့သော ဧပြီ ၁၈ ရက်တွင် သွေးတိုးကာ မူးဝေအော့အန်ပြီးနောက် ရုတ်တရက် သတိလစ်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန် လာပြီဖြစ်သည်။

ထို့ပြင် KNU တပ်မဟာ(၇)နယ်မြေ၌ ညီလာခံကျင်းပရေးအတွက် KNU အဖွဲ့အစည်းအတွင်းမှ သဘောထား တင်းမာသူ အချို့အား ပြောဆိုစည်းရုံးပြီးနောက် ယခုကဲ့သို့ ညီလာခံကျင်းပရန် ဖြစ်ပေါ်လာကြောင်းလည်း အထက်ပါသတင်းအရင်းအမြစ်က ဆိုထားသည်။

မကြာခင်တွင် ကျင်းပမည့် KNU ညီလာခံ၌ ထိပ်ပိုင်းခေါင်းဆောင်များကို ပြန်လည်ရွေးချယ်တင်မြှောက်သွားမည် ဖြစ်ပြီး လက်ရှိ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့် KNLA စစ်ဦးစီးချုပ်စောဂျော်နီတို့သည် အနားယူရဖွယ်ရှိကြောင်း သုံးသပ်မှုများနေရှိသည်ဟု ဆိုသည်။

ထို့ပြင် လက်ရှိ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းသည် KNU ဥက္ကဋ္ဌ ဖြစ်လာဖွယ်ရှိသကဲ့သို့ KNLA စစ်ဦးစီးချုပ် အဖြစ် လက်ရှိ ဒုစစ်ဦးစီးချုပ်ဘောကျော်ဟဲ ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။

(၁၇)ကြိမ်မြောက်ညီလာခံကို ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း ကျင်းပရန် အကြိမ်ကြိမ် ပြင်ဆင်စီစဉ်မှုများရှိခဲ့သော် လည်း ကရင်ပြည်နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားနေမှုနှင့် လုံခြုံရေးအခြေအနေတို့အရ မကျင်းပဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။

ထိုသို့ ညီလာခံ မကျင်းပဖြစ်သည့်အကြောင်းအရာများထဲတွင် တပ်မတော်မှ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက် မည်ကို စိုးရိမ်မှုသည် တစ်ခု အပါအဝင်ဖြစ်ပြီး မကြာခင် ကျင်းပမည့် KNU ညီလာခံသို့ ဥက္ကဋ္ဌစောမူတူးစေးဖိုး ကိုယ်တိုင်တက်ရောက်မည်ဖြစ်သည့်အတွက် လေယာဉ်ဖြင့် တိုက်ခိုက်ရန်မှာ လုံးဝမဖြစ်နိုင်ကြောင်း KNU နှင့် နီးစပ်သူက အသိပေးပြောဆိုထားသည်။

KNU ဥက္ကဋ္ဌစောမူတူးစေးဖိုးသည် ငြိမ်းချမ်းရေးလိုလားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သကဲ့သို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သူ တစ်ဦးဖြစ်သည်။

KNU ၏ (၁၆)ကြိမ်မြောက်ညီလာခံကို ပြီးခဲ့သော ၂ဝ၁၇ ခုနှစ်အတွင်းက ကျင်းပခဲ့ပြီး KNU ၏ဖွဲ့စည်းပုံစည်းမျဉ်း အရ (၄) နှစ်တစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားကြောင်း သိရသည်။

Zawgyi Version;
KNU ညီလာခံကို ဧၿပီ ၂၄ ရက္တြင္ က်င္းပမည္ျဖစ္ၿပီ ဥကၠ႒ေစာမူတူးေစးဖိုး ကိုယ္တိုင္ တက္ေရာက္မည္
NP News - ဧၿပီ ၂၁

ကရင္အမ်ိဳးသားအစည္းအ႐ုံးညီလာခံ(KNU Congress) ကို လာမည့္ ဧၿပီ ၂၄ ရက္တြင္ က်င္းပမည္ျဖစ္ကာ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး ကိုယ္တိုင္ တက္ေရာက္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ယခု က်င္းပမည့္ KNU ညီလာခံသည္ (၁၇)ႀကိမ္ေျမာက္ ညီလာခံတစ္ရပ္ျဖစ္ၿပီး ၎ညီလာခံကို KNU တပ္မဟာ (၇)နယ္ ေျမအတြင္း၌ က်င္းပရန္ စီစဥ္ထားေၾကာင္း KNU ႏွင့္နီးစပ္ေသာသတင္းအရင္းအျမစ္က NP News ကို အတည္ျပဳေျပာဆို ထားသည္။

“ဧၿပီ ၂၄ ရက္မွာ KNU Congress က်င္းပပါမယ္။ တပ္မဟာ(၇)မွာ ရွိတဲ့ အမ်ားစုကေတာ့ လူကိုယ္တိုင္ တက္ၾကပါ မယ္။ အခ်ိဳ႕ကေတာ့ အြန္လိုင္းကေန တက္ပါမယ္” ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

KNU ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးသည္ လက္ရွိတြင္ က်န္းမာေရးေကာင္းမြန္လာၿပီျဖစ္၍ ေဆး႐ုံမွ ျပန္လည္ ဆင္းလာၿပီျဖစ္ကာ ဧၿပီ ၂၄ ရက္တြင္ က်င္းပမည့္ ညီလာခံသို႔ ၎ကိုယ္တိုင္ တက္ေရာက္သြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ဥကၠ႒ေစာမူတူးေစးဖိုး သည္ ၿပီးခဲ့ေသာ ဧၿပီ ၁၈ ရက္တြင္ ေသြးတိုးကာ မူးေဝေအာ့အန္ၿပီးေနာက္ ႐ုတ္တရက္ သတိလစ္၍ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕ရွိ ေဆး႐ုံ၌ ေဆးကုသမႈခံယူခဲ့ရၿပီး လက္ရွိတြင္ က်န္းမာေရးေကာင္းမြန္ လာၿပီျဖစ္သည္။

ထို႔ျပင္ KNU တပ္မဟာ(၇)နယ္ေျမ၌ ညီလာခံက်င္းပေရးအတြက္ KNU အဖြဲ႕အစည္းအတြင္းမွ သေဘာထား တင္းမာသူ အခ်ိဳ႕အား ေျပာဆိုစည္း႐ုံးၿပီးေနာက္ ယခုကဲ့သို႔ ညီလာခံက်င္းပရန္ ျဖစ္ေပၚလာေၾကာင္းလည္း အထက္ပါသတင္းအရင္းအျမစ္က ဆိုထားသည္။

မၾကာခင္တြင္ က်င္းပမည့္ KNU ညီလာခံ၌ ထိပ္ပိုင္းေခါင္းေဆာင္မ်ားကို ျပန္လည္ေ႐ြးခ်ယ္တင္ေျမႇာက္သြားမည္ ျဖစ္ၿပီး လက္ရွိ KNU ဥကၠ႒ ေစာမူတူးေစးဖိုး ႏွင့္ KNLA စစ္ဦးစီးခ်ဳပ္ေစာေဂ်ာ္နီတို႔သည္ အနားယူရဖြယ္ရွိေၾကာင္း သုံးသပ္မႈမ်ားေနရွိသည္ဟု ဆိုသည္။

ထို႔ျပင္ လက္ရွိ KNU ဒုဥကၠ႒ ပဒိုေစာကြယ္ထူးဝင္းသည္ KNU ဥကၠ႒ ျဖစ္လာဖြယ္ရွိသကဲ့သို႔ KNLA စစ္ဦးစီးခ်ဳပ္ အျဖစ္ လက္ရွိ ဒုစစ္ဦးစီးခ်ဳပ္ေဘာေက်ာ္ဟဲ ျဖစ္လာဖြယ္ရွိေၾကာင္း သုံးသပ္မႈမ်ား ရွိေနသည္။

(၁၇)ႀကိမ္ေျမာက္ညီလာခံကို ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း က်င္းပရန္ အႀကိမ္ႀကိမ္ ျပင္ဆင္စီစဥ္မႈမ်ားရွိခဲ့ေသာ္ လည္း ကရင္ျပည္နယ္အတြင္း၌ တိုက္ပြဲမ်ားျဖစ္ပြားေနမႈႏွင့္ လုံၿခဳံေရးအေျခအေနတို႔အရ မက်င္းပျဖစ္ခဲ့သည္ကို ေတြ႕ရွိရသည္။

ထိုသို႔ ညီလာခံ မက်င္းပျဖစ္သည့္အေၾကာင္းအရာမ်ားထဲတြင္ တပ္မေတာ္မွ ေလယာဥ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ မည္ကို စိုးရိမ္မႈသည္ တစ္ခု အပါအဝင္ျဖစ္ၿပီး မၾကာခင္ က်င္းပမည့္ KNU ညီလာခံသို႔ ဥကၠ႒ေစာမူတူးေစးဖိုး ကိုယ္တိုင္တက္ေရာက္မည္ျဖစ္သည့္အတြက္ ေလယာဥ္ျဖင့္ တိုက္ခိုက္ရန္မွာ လုံးဝမျဖစ္ႏိုင္ေၾကာင္း KNU ႏွင့္ နီးစပ္သူက အသိေပးေျပာဆိုထားသည္။

KNU ဥကၠ႒ေစာမူတူးေစးဖိုးသည္ ၿငိမ္းခ်မ္းေရးလိုလားေသာ ပုဂၢိဳလ္တစ္ဦးျဖစ္သကဲ့သို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္လည္း ေကာင္းမြန္သည့္ ဆက္ဆံေရးရွိခဲ့သူ တစ္ဦးျဖစ္သည္။

KNU ၏ (၁၆)ႀကိမ္ေျမာက္ညီလာခံကို ၿပီးခဲ့ေသာ ၂ဝ၁၇ ခုႏွစ္အတြင္းက က်င္းပခဲ့ၿပီး KNU ၏ဖြဲ႕စည္းပုံစည္းမ်ဥ္း အရ (၄) ႏွစ္တစ္ႀကိမ္က်င္းပရန္ သတ္မွတ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.