ဆူဒန်မှာတိုက်ပွဲအရှိန်မြင့်တက်နေခြင်းကြောင့် အမေရိကန်အစိုးရက သံရုံးဝန်ထမ်းများ နဲ့ နိုင်ငံသားများကို ပြန်လည်ကယ်ထုတ်ဖို့ စီစဉ်နေ
494
ဂျန်ဇက် (NP News) - ဧပြီ ၂၂
အမေရိကန်နိုင်ငံဟာ ဆူဒန်နိုင်ငံရှိ အမေရိကန်သံရုံး ဝန်ထမ်းများနဲ့ အမေရိကန်နိုင်ငံသားများကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေပြီဖြစ်ကြောင်းသိရပါတယ်။
အမေရိကန်ဗိုလ်ချုပ်ကြီးမက်မီလေးဟာ ဧပြီလ ၂၁ ရက်မှာ ဆူဒန်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan နဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ပြီး ဆူဒန်နိုင်ငံရှိ အမေရိကန်နိုင်ငံသားများ ဘေးကင်းရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
အမေရိကန်ဗိုလ်ချုပ်ကြီးမက်မီလေးက "ဆူဒန်ဗိုလ်ချုပ်ကြီး နဲ့ဆွေးနွေးချိန်မှာ အမေရိကန်နိုင်ငံသားတွေဘေးကင်းဖို့ နဲ့ ဆူဒန်အခြေနေတွေကို ဆွေးနွေးခဲ့တယ်"လို့ပြောပါတယ်။
ဆူဒန်နိုင်ငံရဲ့လက်ရှိအခြေအနေတွေဟာ ဘေးကင်းလုံခြုံမှုနဲ့တည်ငြိမ်မှု မရှိတဲ့အတွက် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဆူဒန်နိုင်ငံရောက် အမေရိကန်နိုင်ငံသားတွေကို ပြန်ခေါ်ယူဖို့ စဉ်းစားနေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်က ပြောပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူနှစ်ဦးကလည်း သံရုံးဝန်ထမ်းတွေကို ကယ်ထုတ်ဖို့ မကြာမီဆုံးဖြတ်သွားမှာဖြစ်ပေမယ့်လည်း ကြေညာချက်တွေကိုလူသိရှင်ကြားထုတ်ပြန်ခြင်း ရှိ၊မရှိဆိုတာကို မသိသေးကြောင်းသိရပါတယ်။
ဆူဒန်နိုင်ငံမှာ ဧပြီလ ၁၅ ရက်ကစတင်ပြီး ဆူဒန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan ဦးဆောင်တဲ့တပ်ဖွဲ့များနဲ့ ဆူဒန်ထောက်ပံ့ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ လူရာချီသေဆုံးကာ ထောင်ချီဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ပြီး လူ ၂ဝဝဝ ကျော်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ ဆူဒန်ထောက်ပံ့ရေးအဖွဲ့တွေဟာ ဆူဒန် စစ်တပ်နဲ့တိုက်ခိုက်မှုများကို ဧပြီလ ၂၁ ရက်မှစတင်ပြီး သုံးရက်ကြာ ရပ်နားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆူဒန်မှာတိုက်ပွဲများ အရှိန်မြင့်တက်နေခြင်းကြောင့် ထိုင်း၊ ဂျပန်၊ အင်ဒိုနီးရှား၊ အမေရိကန် အပါအဝင် နိုင်ငံအချို့ဟာ သံရုံးဝန်ထမ်းများ၊ နိုင်ငံသားများကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၂၁ ရက်မှာ တိုက်ပွဲများ ဖြစ်ပွားမှုအရှိန်မြင့်တက်နေခြင်းကြောင့် ဆူဒန်မြို့တော် Khartoum မှာနေထိုင်နေတဲ့ ဆူဒန်နိုင်ငံဆိုင်ရာအမေရိကန်သံရုံးတာဝန်ရှိသူများကို ပြန်လည်ခေါ်ထုတ်ဖို့ အန္တရာယ်ရှိတဲ့အခြေနေမျိုးရှိနေခဲ့ကြောင်း ဆိုပါတယ်။
zawgyi version
ဆူဒန္မွာတိုက္ပြဲအရွိန္ျမင့္တက္ေနျခင္းေၾကာင့္ အေမရိကန္အစိုးရက သံ႐ုံးဝန္ထမ္းမ်ား နဲ႔ ႏိုင္ငံသားမ်ားကို ျပန္လည္ကယ္ထုတ္ဖို႔ စီစဥ္ေန
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၂
အေမရိကန္ႏိုင္ငံဟာ ဆူဒန္ႏိုင္ငံရွိ အေမရိကန္သံ႐ုံး ဝန္ထမ္းမ်ားနဲ႔ အေမရိကန္ႏိုင္ငံသားမ်ားကို ျပန္လည္ေခၚယူဖို႔ စီစဥ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။
အေမရိကန္ဗိုလ္ခ်ဳပ္ႀကီးမက္မီေလးဟာ ဧၿပီလ ၂၁ ရက္မွာ ဆူဒန္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Abdel Fattah al-Burhan နဲ႔ ဖုန္းဆက္ေဆြးေႏြးခဲ့ၿပီး ဆူဒန္ႏိုင္ငံရွိ အေမရိကန္ႏိုင္ငံသားမ်ား ေဘးကင္းေရးအတြက္ အဓိကထား ေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။
အေမရိကန္ဗိုလ္ခ်ဳပ္ႀကီးမက္မီေလးက "ဆူဒန္ဗိုလ္ခ်ဳပ္ႀကီး နဲ႔ေဆြးေႏြးခ်ိန္မွာ အေမရိကန္ႏိုင္ငံသားေတြေဘးကင္းဖို႔ နဲ႔ ဆူဒန္အေျခေနေတြကို ေဆြးေႏြးခဲ့တယ္"လို႔ေျပာပါတယ္။
ဆူဒန္ႏိုင္ငံရဲ႕လက္ရွိအေျခအေနေတြဟာ ေဘးကင္းလုံၿခဳံမႈနဲ႔တည္ၿငိမ္မႈ မရွိတဲ့အတြက္ သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ဆူဒန္ႏိုင္ငံေရာက္ အေမရိကန္ႏိုင္ငံသားေတြကို ျပန္ေခၚယူဖို႔ စဥ္းစားေနေၾကာင္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီးလြိဳင္ေအာ္စတင္က ေျပာပါတယ္။ အေမရိကန္အစိုးရ တာဝန္ရွိသူႏွစ္ဦးကလည္း သံ႐ုံးဝန္ထမ္းေတြကို ကယ္ထုတ္ဖို႔ မၾကာမီဆုံးျဖတ္သြားမွာျဖစ္ေပမယ့္လည္း ေၾကညာခ်က္ေတြကိုလူသိရွင္ၾကားထုတ္ျပန္ျခင္း ရွိ၊မရွိဆိုတာကို မသိေသးေၾကာင္းသိရပါတယ္။
ဆူဒန္ႏိုင္ငံမွာ ဧၿပီလ ၁၅ ရက္ကစတင္ၿပီး ဆူဒန္စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Abdel Fattah al-Burhan ဦးေဆာင္တဲ့တပ္ဖြဲ႕မ်ားနဲ႔ ဆူဒန္ေထာက္ပံ့ေရးတပ္ဖြဲ႕မ်ားၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ လူရာခ်ီေသဆုံးကာ ေထာင္ခ်ီေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းခဲ့ၿပီး လူ ၂ဝဝဝ ေက်ာ္ဒဏ္ရာရခဲ့ေၾကာင္းသိရပါတယ္။ ဆူဒန္ေထာက္ပံ့ေရးအဖြဲ႕ေတြဟာ ဆူဒန္ စစ္တပ္နဲ႔တိုက္ခိုက္မႈမ်ားကို ဧၿပီလ ၂၁ ရက္မွစတင္ၿပီး သုံးရက္ၾကာ ရပ္နားမွာျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဆူဒန္မွာတိုက္ပြဲမ်ား အရွိန္ျမင့္တက္ေနျခင္းေၾကာင့္ ထိုင္း၊ ဂ်ပန္၊ အင္ဒိုနီးရွား၊ အေမရိကန္ အပါအဝင္ ႏိုင္ငံအခ်ိဳ႕ဟာ သံ႐ုံးဝန္ထမ္းမ်ား၊ ႏိုင္ငံသားမ်ားကို ျပန္လည္ေခၚယူဖို႔ စီစဥ္ေနပါတယ္။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ဧၿပီလ ၂၁ ရက္မွာ တိုက္ပြဲမ်ား ျဖစ္ပြားမႈအရွိန္ျမင့္တက္ေနျခင္းေၾကာင့္ ဆူဒန္ၿမိဳ႕ေတာ္ Khartoum မွာေနထိုင္ေနတဲ့ ဆူဒန္ႏိုင္ငံဆိုင္ရာအေမရိကန္သံ႐ုံးတာဝန္ရွိသူမ်ားကို ျပန္လည္ေခၚထုတ္ဖို႔ အႏၲရာယ္ရွိတဲ့အေျခေနမ်ိဳးရွိေနခဲ့ေၾကာင္း ဆိုပါတယ္။