Iron Man ဇာတ်ကောင်နှင့်ပတ်သက်သော အမှတ်တရပစ္စည်းများကို စုဆောင်းပြီး ဂင်းနစ်စံချိန်တင်ခဲ့သူ

694

Pika (NP News) - ဧပြီ ၃ဝ
ပီရူးနိုင်ငံမှ Marvel ပရိသတ်တစ်ဦးဖြစ်သော Miguel Andrés Javier သည် သူရဲကောင်း Iron Man ဇာတ်ကောင် နှင့် ပတ်သက်သည့် အမှတ်ရစရာပစ္စည်း (၁၅၄၈) ခုကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
Miguel Andrés Javier သည် (၂ဝဝ၇) ခုနှစ်တွင် Iron Man ဇာတ်ကောင်နှင့်ပတ်သက်သည့်အရုပ်တစ်ခုကို ပထမဆုံး ဝယ်ယူခဲ့ပြီး နောက်နှစ်တွင် ပထမဆုံး Iron Man ဇာတ်ကားထွက်လာခဲ့ပြီးနောက် နောက်ထပ်ပစ္စည်းများကို စုဆောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းတင်သည့်အဖွဲ့များကို ပြောကြားခဲ့သည်။
Miguel Andrés Javier ၏ စုဆောင်းမှုတွင် အက်ရှင်ရုပ်တုများ၊ စာအုပ်များ၊ DVD များ၊ အဝတ်အစားပစ္စည်းများ၊ ကျောပိုးအိတ်များ နှင့် အခြားအရာများ အပါအဝင် ဆက်စပ်ပစ္စည်းများ(၁၅၄၈)ခုထိ ရှိကြောင်း သိရသည်။ ၎င်းသည် Iron Man ၏ ဟာသဥာဏ်နှင့် ဥာဏ်ရည်ဥာဏ်သွေးအပြင် မာနကြီးခြင်းနှင့် အတ္တကြီးခြင်းတို့ကဲ့သို့သော အချက်များကို တန်ဖိုး ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် Iron Man နှင့်ဆက်စပ်သော ပစ္စည်းများစုဆောင်းခြင်းသည် အခြားပရိသတ်များနှင့်လည်း အဆက်အသွယ်ရစေ ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ၎င်းက "Iron Man ဇာတ်ကောင် နဲ့ သရုပ်ဆောင်တဲ့မင်းသား Robert Downey Jr. ကို သဘောကျတဲ့လူတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်ရှာဖွေတွေ့ရှိခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။
Marvel ပရိသတ် နောက်ထပ်တစ်ဦးဖြစ်သည့် အိုင်ယာလန်နိုင်ငံတွင်နေထိုင်သူ Gareth Peter Pahliney သည် Deadpool ဇာတ်ကောင်နှင့်ဆက်စပ်သော အမှတ်တရပစ္စည်း (၂၂၅ဝ) ကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ယခုလ အစောပိုင်းတွင် ရရှိခဲ့ကြောင်းသိရသည်။

Zawgyi Version;
Iron Man ဇာတ္ေကာင္ႏွင့္ပတ္သက္ေသာ အမွတ္တရပစၥည္းမ်ားကို စုေဆာင္းၿပီး ဂင္းနစ္စံခ်ိန္တင္ခဲ့သူ
Pika (NP News) - ဧၿပီ ၃ဝ
ပီ႐ူးႏိုင္ငံမွ Marvel ပရိသတ္တစ္ဦးျဖစ္ေသာ Miguel Andrés Javier သည္ သူရဲေကာင္း Iron Man ဇာတ္ေကာင္ ႏွင့္ ပတ္သက္သည့္ အမွတ္ရစရာပစၥည္း (၁၅၄၈) ခုကို စုေဆာင္းခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။
Miguel Andrés Javier သည္ (၂ဝဝ၇) ခုႏွစ္တြင္ Iron Man ဇာတ္ေကာင္ႏွင့္ပတ္သက္သည့္အ႐ုပ္တစ္ခုကို ပထမဆုံး ဝယ္ယူခဲ့ၿပီး ေနာက္ႏွစ္တြင္ ပထမဆုံး Iron Man ဇာတ္ကားထြက္လာခဲ့ၿပီးေနာက္ ေနာက္ထပ္ပစၥည္းမ်ားကို စုေဆာင္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းတင္သည့္အဖြဲ႕မ်ားကို ေျပာၾကားခဲ့သည္။
Miguel Andrés Javier ၏ စုေဆာင္းမႈတြင္ အက္ရွင္႐ုပ္တုမ်ား၊ စာအုပ္မ်ား၊ DVD မ်ား၊ အဝတ္အစားပစၥည္းမ်ား၊ ေက်ာပိုးအိတ္မ်ား ႏွင့္ အျခားအရာမ်ား အပါအဝင္ ဆက္စပ္ပစၥည္းမ်ား(၁၅၄၈)ခုထိ ရွိေၾကာင္း သိရသည္။ ၎သည္ Iron Man ၏ ဟာသဥာဏ္ႏွင့္ ဥာဏ္ရည္ဥာဏ္ေသြးအျပင္ မာနႀကီးျခင္းႏွင့္ အတၱႀကီးျခင္းတို႔ကဲ့သို႔ေသာ အခ်က္မ်ားကို တန္ဖိုး ထားေၾကာင္း ၎က ေျပာၾကားခဲ့သည္။
ထို႔အျပင္ Iron Man ႏွင့္ဆက္စပ္ေသာ ပစၥည္းမ်ားစုေဆာင္းျခင္းသည္ အျခားပရိသတ္မ်ားႏွင့္လည္း အဆက္အသြယ္ရေစ ေၾကာင္း ၎က ေျပာဆိုခဲ့သည္။ ၎က "Iron Man ဇာတ္ေကာင္ နဲ႔ သ႐ုပ္ေဆာင္တဲ့မင္းသား Robert Downey Jr. ကို သေဘာက်တဲ့လူေတြ အမ်ားႀကီးရွိတယ္ဆိုတာ ကြၽန္ေတာ္ရွာေဖြေတြ႕ရွိခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။
Marvel ပရိသတ္ ေနာက္ထပ္တစ္ဦးျဖစ္သည့္ အိုင္ယာလန္ႏိုင္ငံတြင္ေနထိုင္သူ Gareth Peter Pahliney သည္ Deadpool ဇာတ္ေကာင္ႏွင့္ဆက္စပ္ေသာ အမွတ္တရပစၥည္း (၂၂၅ဝ) ကို စုေဆာင္းခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ယခုလ အေစာပိုင္းတြင္ ရရွိခဲ့ေၾကာင္းသိရသည္။