BRICS ထိပ်သီးအစည်းအဝေးပွဲကို ရုရှားသမ္မတပူတင် တက်ရောက်ခဲ့မယ်ဆိုရင် ဖမ်းဆီးခံရဖွယ်ရှိနေဟု တောင်အာဖရိက အစိုးရဆို
1190
Pika (NP News) - မေ ၂
ရုရှားသမ္မတပူတင်သည် တောင်အာဖရိကနိုင်ငံမှာ ဩဂုတ်လတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးပွဲကို မတက်ရောက်သင့်ကြောင်း နှင့် တက်ရောက်ခဲ့မည်ဆိုပါက ဖမ်းဆီးခံရလိမ့်မည်ဖြစ်ကြောင်း တောင်အာဖရိကအစိုးရက သတိပေးပြောဆိုခဲ့သည်။
တောင်အာဖရိကအစိုးရတာဝန်ရှိသူတစ်ဦး က "ရုရှားသမ္မတပူတင်ကို မဖမ်းဆီးဖို့ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ မရှိပါဘူး။ ရုရှားသမ္မတပူတင်သာ ဒီထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ သူ့ကို ဖမ်းဆီး ရပါလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သည် ယူကရိန်းကလေးငယ်များကို တရားမဝင်ခေါ်ဆောင်ထားမှုဖြင့် ရုရှားသမ္မတပူတင်ကို ပြီးခဲ့သည့် မတ်လ(၁၆)ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
တောင်အာဖရိကသို့ ရုရှားသမ္မတပူတင် လာရောက်လည်ပတ်နိုင်ရန်အတွက် တောင်အာဖရိကသမ္မတ ဆိုင်ရေးရာမာဖိုဆာ က ၎င်း၏နိုင်ငံသည် (ICC) အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော်လည်း အဆိုပါပြောဆိုချက်ကို အာဖရိကန်အမျိုးသားကွန်ဂရက် ANC က ပယ်ချခဲ့ပြီးနောက် (၂၄)နာရီအတွင်း တောင်အာဖရိကသမ္မတဆိုင်ရေးရာမာဖိုဆာ က ၎င်း၏ပြောဆိုချက်များမှာ အမှားအယွင်းများသာဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့ရသည်။ တောင်အာဖရိကနိုင်ငံသည် ရုရှား၏ အားအကောင်းဆုံး မိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံ လည်းဖြစ်သည်။
တောင်အာဖရိကနိုင်ငံသည် ဆိုးရွားလှသည့် စွမ်းအင်အကျပ်အတည်းကို ခံစားနေရပြီး ယင်းပြဿနာကိုဖြေရှင်းနိုင်ရန် အတွက် ရုရှားသည် တောင်အာဖရိကနိုင်ငံတွင် နျူကလီးယားဓါတ်အားပေးစက်ရုံအသစ် တည်ဆောက်ပေးလိမ့်မည်ဟု မျှော်လင့်နေကြောင်းလည်း သိရသည်။ ရုရှားသမ္မတပူတင်သည် တောင်အာဖရိကမြေပေါ်သို့ ခြေချသည်နှင့် ဖမ်းဆီးရုံ ကလွဲပြီး အခြားရွေးချယ်စရာမရှိကြောင်း တောင်အာဖရိကအစိုးရကော်မရှင် က ကောက်ချက်ချပြောဆိုခဲ့သည်။
ရုရှားသမ္မတပူတင်သည် BRICS ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ရန်အတွက် ကတိပြုထားခြင်းမျိုး မရှိကြောင်း နှင့် တက်ရောက်မည့်ကိစ္စနှင့်ပတ်သက်ပြီး တောင်အာဖရိကနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့် ရှိသူ ဒီမစ်ထရီပက်စကို့ဗ်က ပြောကြားခဲ့သည်။
၎င်းက "တောင်အာဖရိကမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးပွဲကို ကျွန်တော်တို့ ပါဝင်သွားမှာပါ။ ဒါဟာ တောင်အာဖရိကနဲ့ ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးကို ရှေ့ကိုရောက်သွားစေမှာဖြစ်ပြီး သူတို့ရဲ့ရပ်တည်ချက်တွေကို ဖြေရှင်းပေးသွားမှာပါ" ဟု ပြောဆိုခဲ့သည်။
Zawgyi Version;
BRICS ထိပ္သီးအစည္းအေဝးပြဲကို ႐ုရွားသမၼတပူတင္ တက္ေရာက္ခဲ့မယ္ဆိုရင္ ဖမ္းဆီးခံရဖြယ္ရွိေနဟု ေတာင္အာဖရိက အစိုးရဆို
Pika (NP News) - ေမ ၂
႐ုရွားသမၼတပူတင္သည္ ေတာင္အာဖရိကႏိုင္ငံမွာ ဩဂုတ္လတြင္ က်င္းပမည့္ BRICS ထိပ္သီးအစည္းအေဝးပြဲကို မတက္ေရာက္သင့္ေၾကာင္း ႏွင့္ တက္ေရာက္ခဲ့မည္ဆိုပါက ဖမ္းဆီးခံရလိမ့္မည္ျဖစ္ေၾကာင္း ေတာင္အာဖရိကအစိုးရက သတိေပးေျပာဆိုခဲ့သည္။
ေတာင္အာဖရိကအစိုးရတာဝန္ရွိသူတစ္ဦး က "႐ုရွားသမၼတပူတင္ကို မဖမ္းဆီးဖို႔ ကြၽန္ေတာ္တို႔မွာ ေ႐ြးခ်ယ္စရာေတြ မရွိပါဘူး။ ႐ုရွားသမၼတပူတင္သာ ဒီထိပ္သီးအစည္းအေဝးပြဲကို တက္ေရာက္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔ သူ႔ကို ဖမ္းဆီး ရပါလိမ့္မယ္" ဟု ေျပာဆိုခဲ့သည္။
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) သည္ ယူကရိန္းကေလးငယ္မ်ားကို တရားမဝင္ေခၚေဆာင္ထားမႈျဖင့္ ႐ုရွားသမၼတပူတင္ကို ၿပီးခဲ့သည့္ မတ္လ(၁၆)ရက္တြင္ ဖမ္းဝရမ္းထုတ္ခဲ့ျခင္းျဖစ္သည္။
ေတာင္အာဖရိကသို႔ ႐ုရွားသမၼတပူတင္ လာေရာက္လည္ပတ္ႏိုင္ရန္အတြက္ ေတာင္အာဖရိကသမၼတ ဆိုင္ေရးရာမာဖိုဆာ က ၎၏ႏိုင္ငံသည္ (ICC) အဖြဲ႕၏ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္မွ ႏႈတ္ထြက္မည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ သီတင္းပတ္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
သို႔ေသာ္လည္း အဆိုပါေျပာဆိုခ်က္ကို အာဖရိကန္အမ်ိဳးသားကြန္ဂရက္ ANC က ပယ္ခ်ခဲ့ၿပီးေနာက္ (၂၄)နာရီအတြင္း ေတာင္အာဖရိကသမၼတဆိုင္ေရးရာမာဖိုဆာ က ၎၏ေျပာဆိုခ်က္မ်ားမွာ အမွားအယြင္းမ်ားသာျဖစ္ေၾကာင္း ျပန္လည္ ေျပာဆိုခဲ့ရသည္။ ေတာင္အာဖရိကႏိုင္ငံသည္ ႐ုရွား၏ အားအေကာင္းဆုံး မိတ္ဖက္ႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံ လည္းျဖစ္သည္။
ေတာင္အာဖရိကႏိုင္ငံသည္ ဆိုး႐ြားလွသည့္ စြမ္းအင္အက်ပ္အတည္းကို ခံစားေနရၿပီး ယင္းျပႆနာကိုေျဖရွင္းႏိုင္ရန္ အတြက္ ႐ုရွားသည္ ေတာင္အာဖရိကႏိုင္ငံတြင္ န်ဴကလီးယားဓါတ္အားေပးစက္႐ုံအသစ္ တည္ေဆာက္ေပးလိမ့္မည္ဟု ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။ ႐ုရွားသမၼတပူတင္သည္ ေတာင္အာဖရိကေျမေပၚသို႔ ေျခခ်သည္ႏွင့္ ဖမ္းဆီး႐ုံ ကလြဲၿပီး အျခားေ႐ြးခ်ယ္စရာမရွိေၾကာင္း ေတာင္အာဖရိကအစိုးရေကာ္မရွင္ က ေကာက္ခ်က္ခ်ေျပာဆိုခဲ့သည္။
႐ုရွားသမၼတပူတင္သည္ BRICS ထိပ္သီးအစည္းအေဝးပြဲကို တက္ေရာက္ရန္အတြက္ ကတိျပဳထားျခင္းမ်ိဳး မရွိေၾကာင္း ႏွင့္ တက္ေရာက္မည့္ကိစၥႏွင့္ပတ္သက္ၿပီး ေတာင္အာဖရိကႏွင့္ ေဆြးေႏြးေနဆဲျဖစ္ေၾကာင္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ ရွိသူ ဒီမစ္ထရီပက္စကို႔ဗ္က ေျပာၾကားခဲ့သည္။
၎က "ေတာင္အာဖရိကမွာ က်င္းပမယ့္ ထိပ္သီးအစည္းအေဝးပြဲကို ကြၽန္ေတာ္တို႔ ပါဝင္သြားမွာပါ။ ဒါဟာ ေတာင္အာဖရိကနဲ႔ ကြၽန္ေတာ္တို႔ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ေရွ႕ကိုေရာက္သြားေစမွာျဖစ္ၿပီး သူတို႔ရဲ႕ရပ္တည္ခ်က္ေတြကို ေျဖရွင္းေပးသြားမွာပါ" ဟု ေျပာဆိုခဲ့သည္။