မြန်မာအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက် ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ရာထူးက နှုတ်ထွက်

 2481

ဂျန်ဇက် (NP News) - မေ ၈

ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ Mr. Sao Sokha ဟာ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးက နှုတ်ထွက်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာအမျိုးသားဘောလုံးအသင်းဟာ မေလ ၇ ရက်က ကစားခဲ့တဲ့ပွဲစဉ်မှာ ကမ္ဘောဒီးယားအသင်း ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး သုံးပွဲကစားပြီးချိန်မှာ နှစ်ပွဲနိုင်၊ တစ်ပွဲ ရှုံးနိမ့်ကာ ရမှတ် ၆ မှတ်နဲ့အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေ ပါတယ်။ မြန်မာဘောလုံးအသင်းဟာ အင်ဒိုနီးရှားအသင်းကို ၅ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပေမယ့် ကမ္ဘောဒီးယား၊ အရှေ့ တီမောအသင်းတို့ကို အနိုင်ရခဲ့ကြောင်း သိရပါတယ်။

ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ က "ဆီးဂိမ်းဘောလုံးပြိုင်ပွဲအုပ်စု ပွဲစဉ်တွေမှာ ရှုံးနိမ့်မှုတွေ ရရှိခဲ့သလို ကတိအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခဲ့တာပါ။ ကျွန်တော်ရဲ့ကတိတွေကို လေးစားမှုရှိပါတယ်။ ကျွန်တော် ဟာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးက နှုတ်ထွက်မှာဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ ဖြစ်သူကို ရာထူးလွှဲပြောင်းပေးသွားမှာ ပါ။ ကမ္ဘောဒီးယားအသင်းဟာ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန်မှာ ဘောလုံးပြိုင်ပွဲတွေကနေ နိုင်ငံဂုဏ်မဆောင်နိုင်လို့ တောင်းပန်ပါတယ်" လို့ ပြောပါတယ်။

ကမ္ဘောဒီးယားအသင်းဟာ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲမှာ အရှေ့တီမောအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး မြန်မာအသင်းကို ရှုံးနိမ့်ကာ ဖိလစ်ပိုင်အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ကမ္ဘောဒီးယားအသင်းဟာ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု (က) မှာ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ အရှေ့တီမောတို့နဲ့ တစ်အုပ်စုတည်းအတူ ရပ်တည်နေပြီး ရမှတ် ၄ မှတ်နဲ့အုပ်စု တတိယနေရာမှာရှိနေကာ၊ အင်ဒိုနီးရှားနဲ့ အုပ်စုနောက်ဆုံးပွဲကစားဖို့ ကျန်ရှိနေပါတယ်။

မြန်မာအသင်းဟာ အရှေ့တီမော၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့နဲ့ကစားခဲ့ပြီး ဖိလစ်ပိုင်နဲ့ အုပ်စုနောက်ဆုံးပွဲ ကစားရမှာဖြစ်ရာ အနိုင်ရခဲ့ပါက အကြိဗိုလ်လုပွဲကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ မေလ ၁ဝ ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့အုပ်စု နောက်ဆုံးပွဲကစားရမှာဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ျမန္မာအသင္းကို ၂ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ၿပီးေနာက္ ကေမာၻဒီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ျဖစ္သူ ရာထူးက ႏႈတ္ထြက္
ဂ်န္ဇက္ (NP News) - ေမ ၈

ကေမာၻဒီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ျဖစ္သူ Mr. Sao Sokha ဟာ ဆီးဂိမ္းအမ်ိဳးသားေဘာလုံးၿပိဳင္ပြဲမွာ ျမန္မာအသင္းကို ၂ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ရာထူးက ႏႈတ္ထြက္လိုက္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

ျမန္မာအမ်ိဳးသားေဘာလုံးအသင္းဟာ ေမလ ၇ ရက္က ကစားခဲ့တဲ့ပြဲစဥ္မွာ ကေမာၻဒီးယားအသင္း ကို ၂ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ၿပီး သုံးပြဲကစားၿပီးခ်ိန္မွာ ႏွစ္ပြဲႏိုင္၊ တစ္ပြဲ ရႈံးနိမ့္ကာ ရမွတ္ ၆ မွတ္နဲ႔အုပ္စု ဒုတိယေနရာမွာ ရပ္တည္ေန ပါတယ္။ ျမန္မာေဘာလုံးအသင္းဟာ အင္ဒိုနီးရွားအသင္းကို ၅ ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့ေပမယ့္ ကေမာၻဒီးယား၊ အေရွ႕ တီေမာအသင္းတို႔ကို အႏိုင္ရခဲ့ေၾကာင္း သိရပါတယ္။

ကေမာၻဒီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ က "ဆီးဂိမ္းေဘာလုံးၿပိဳင္ပြဲအုပ္စု ပြဲစဥ္ေတြမွာ ရႈံးနိမ့္မႈေတြ ရရွိခဲ့သလို ကတိအတိုင္း တာဝန္ယူမႈ၊ တာဝန္ခံမႈကို ျပသခဲ့တာပါ။ ကြၽန္ေတာ္ရဲ႕ကတိေတြကို ေလးစားမႈရွိပါတယ္။ ကြၽန္ေတာ္ ဟာ ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ရာထူးက ႏႈတ္ထြက္မွာျဖစ္ၿပီး ဒုတိယဥကၠ႒ ျဖစ္သူကို ရာထူးလႊဲေျပာင္းေပးသြားမွာ ပါ။ ကေမာၻဒီးယားအသင္းဟာ ဆီးဂိမ္းၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနခ်ိန္မွာ ေဘာလုံးၿပိဳင္ပြဲေတြကေန ႏိုင္ငံဂုဏ္မေဆာင္ႏိုင္လို႔ ေတာင္းပန္ပါတယ္" လို႔ ေျပာပါတယ္။

ကေမာၻဒီးယားအသင္းဟာ ဆီးဂိမ္းအမ်ိဳးသားေဘာလုံးၿပိဳင္ပြဲမွာ အေရွ႕တီေမာအသင္းကို ၄ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ၿပီး ျမန္မာအသင္းကို ရႈံးနိမ့္ကာ ဖိလစ္ပိုင္အသင္းနဲ႔ တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။ ကေမာၻဒီးယားအသင္းဟာ ဆီးဂိမ္း အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲအုပ္စု (က) မွာ အင္ဒိုနီးရွား၊ ျမန္မာ၊ ဖိလစ္ပိုင္၊ အေရွ႕တီေမာတို႔နဲ႔ တစ္အုပ္စုတည္းအတူ ရပ္တည္ေနၿပီး ရမွတ္ ၄ မွတ္နဲ႔အုပ္စု တတိယေနရာမွာရွိေနကာ၊ အင္ဒိုနီးရွားနဲ႔ အုပ္စုေနာက္ဆုံးပြဲကစားဖို႔ က်န္ရွိေနပါတယ္။

ျမန္မာအသင္းဟာ အေရွ႕တီေမာ၊ ကေမာၻဒီးယား၊ အင္ဒိုနီးရွားတို႔နဲ႔ကစားခဲ့ၿပီး ဖိလစ္ပိုင္နဲ႔ အုပ္စုေနာက္ဆုံးပြဲ ကစားရမွာျဖစ္ရာ အႏိုင္ရခဲ့ပါက အႀကိဗိုလ္လုပြဲကို တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။ ျမန္မာအသင္းဟာ ေမလ ၁ဝ ရက္မွာ ဖိလစ္ပိုင္အသင္းနဲ႔အုပ္စု ေနာက္ဆုံးပြဲကစားရမွာျဖစ္ေၾကာင္း သိရပါတယ္။

Picture

095360104

08/05/2023 20:20

ကွာပပြည်မြန်မာ...တသက်တာဥက္ကဌနေနေကြ အဓိကကတော့လူ၏သိဒ္ခါစံတန်ဘိုး။

Related news

© 2021. All rights reserved.