နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံလိုပါက သင့်လျော်သည့်အစီအမံဖြင့် ခွင့်ပြုပေးနေဟု UEC ဆို

 491

မျိုးကြီး (NP News) - မေ ၉

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံလိုပါက သင့်လျော်သည့်အစီအမံဖြင့် ခွင့်ပြုပေးနေကြောင်း UEC က အသိပေးပြောဆိုထားသည်။

ပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်း/ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည်ဟု ကြေညာထားသည်။

ထိုသို့ တင်ပြပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သင့်လျော်သည့်အစီအမံဖြင့် ခွင့်ပြုပေးလျက်ရှိကြောင်းလည်း မီဒီယာများကို အသိပေးပြောဆိုထားသည်။

နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နည်းဥပဒေသစ်များ မပြဋ္ဌာန်းမီအချိန်တွင် ပါတီများအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံရန်ရှိပါက ကြိုတင်အကြောင်းကြားရန် ညွှန်ကြားချက် ထုတ်ပြန်ထားဖူးသည်။

အဆိုပါညွှန်ကြားချက်ကြောင့် နိုင်ငံတကာအဖွဲ့အစည်း၊ သံအမတ်အချို့နှင့်တွေ့ဆုံရန်စီစဉ်ထားမှုများမှာ လွဲချော်သွားခဲ့ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NP News ကို မှတ်ချက်ပြု ပြောဆိုထားသည်။

ထို့ပြင် ပြီးခဲ့သော ဧပြီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့နှင့်လည်း လူကိုယ်တိုင်တွေ့ဆုံရန် ကမ်းလှမ်းမှုများရှိခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့သည့်အတွက် လူတိုင်ကိုယ်တိုင်တွေ့ဆုံနိုင်ခြင်းမရှိခဲ့ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

“နိုင်ငံတကာ၊ နိုင်ငံခြားအဖွဲ့အစည်းတွေပေါ့ဗျာ၊ နိုင်ငံခြားသား၊ နိုင်ငံခြားအစိုးရကနေ ပါတီတွေ ငွေကြေးလက်ခံခြင်းမပြုရဘူးပေါ့ဗျာ။ အဲဒါလောက်ဆိုရင် လုံလောက်တာပေါ့။ နိုင်ငံခြားအဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ပတ်သက်တဲ့ဟာတွေက ပါတီကို ငွေကြေးပေးတာ၊ လက်ခံတာတို့ဆိုရင် ဒါက ဥပဒေအရ ပြဋ္ဌာန်းထားပြီးသားဖြစ်တဲ့အခါကြတော့ ကျွန်တော် တို့လိုက်နာရမယ်လေ။ လိုက်နာဖို့လည်း လိုအပ်တာပေါ့ဗျာ။ ဒါပေမယ့် နိုင်ငံရေးပါတီမှတ်ပုံ တင်ဥပဒေကို ပြန်ကြည့်။ အခုလို တွေ့ခွင့်တို့၊ ဘာတို့ကို ရွေးကောက်ပွဲကော်မရှင်ကတစ်ဆင့်လို့ဆိုတာက ဥပဒေမှာ ပါသလား၊ မပါဘူးလား။ ကျွန်တော်တို့ပြောရင် ဥပဒေအရပဲ ပြောရတာကိုး။ အဲဒီတော့ ပြဋ္ဌာန်းထားတာပါရင် အဲဒီပြဋ္ဌာန်းထားချက်နဲ့အညီ UEC သည် ထုတ်ပြန်ပိုင်ခွင့်ရှိတာပေါ့။ မပါဘူးဆိုရင် UEC က ထုတ်ပြန်ပိုင်ခွင့်သည် ဥပဒေကို ကျော်လွန်တဲ့သဘော ဖြစ်သွားတာပေါ့”ဟု ၎င်းက သုံးသပ်ပြောဆိုထားသည်။

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်း/လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခြင်းကိစ္စအပေါ် ရွေးကောက်ပွဲကော်မရှင်က ပြန်လည်သုံးသပ်သင့်ကြောင်းလည်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌက တိုက်တွန်းထားသည်။

zawgyi version
ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ႏိုင္ငံျခားအဖြဲ႕အစည္း၊ ပုဂၢိဳလ္မ်ားႏွင့္ ေတြ႕ဆုံလိုပါက သင့္ေလ်ာ္သည့္အစီအမံျဖင့္ ခြင့္ျပဳေပးေနဟု UEC ဆို

မ်ိဳးႀကီး (NP News) - ေမ ၉

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ႏိုင္ငံျခားအဖြဲ႕အစည္း၊ ပုဂၢိဳလ္မ်ားႏွင့္ေတြ႕ဆုံလိုပါက သင့္ေလ်ာ္သည့္အစီအမံျဖင့္ ခြင့္ျပဳေပးေနေၾကာင္း UEC က အသိေပးေျပာဆိုထားသည္။

ပါတီမ်ားအေနျဖင့္ ႏိုင္ငံျခားအဖြဲ႕အစည္း/ပုဂၢိဳလ္မ်ားႏွင့္ ေတြ႕ဆုံရာတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ တင္ျပရမည္ဟု ေၾကညာထားသည္။

ထိုသို႔ တင္ျပၿပီးေနာက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က သင့္ေလ်ာ္သည့္အစီအမံျဖင့္ ခြင့္ျပဳေပးလ်က္ရွိေၾကာင္းလည္း မီဒီယာမ်ားကို အသိေပးေျပာဆိုထားသည္။

နစက၏ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒသစ္ႏွင့္ နည္းဥပေဒသစ္မ်ား မျပ႒ာန္းမီအခ်ိန္တြင္ ပါတီမ်ားအေနျဖင့္ ႏိုင္ငံတကာအဖြဲ႕အစည္း၊ ပုဂၢိဳလ္မ်ားႏွင့္ေတြ႕ဆုံရန္ရွိပါက ႀကိဳတင္အေၾကာင္းၾကားရန္ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားဖူးသည္။

အဆိုပါၫႊန္ၾကားခ်က္ေၾကာင့္ ႏိုင္ငံတကာအဖြဲ႕အစည္း၊ သံအမတ္အခ်ိဳ႕ႏွင့္ေတြ႕ဆုံရန္စီစဥ္ထားမႈမ်ားမွာ လြဲေခ်ာ္သြားခဲ့ေၾကာင္း ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္က NP News ကို မွတ္ခ်က္ျပဳ ေျပာဆိုထားသည္။

ထို႔ျပင္ ၿပီးခဲ့ေသာ ဧၿပီလအတြင္း ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့သည့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ႏိုင္ငံတကာဆက္ဆံေရးၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဆာင္သည့္အဖြဲ႕ႏွင့္လည္း လူကိုယ္တိုင္ေတြ႕ဆုံရန္ ကမ္းလွမ္းမႈမ်ားရွိခဲ့ေသာ္လည္း ခြင့္ျပဳခ်က္မရရွိခဲ့သည့္အတြက္ လူတိုင္ကိုယ္တိုင္ေတြ႕ဆုံႏိုင္ျခင္းမရွိခဲ့ေၾကာင္း ေဒါက္တာေအးေမာင္က ဆိုသည္။

“ႏိုင္ငံတကာ၊ ႏိုင္ငံျခားအဖြဲ႕အစည္းေတြေပါ့ဗ်ာ၊ ႏိုင္ငံျခားသား၊ ႏိုင္ငံျခားအစိုးရကေန ပါတီေတြ ေငြေၾကးလက္ခံျခင္းမျပဳရဘူးေပါ့ဗ်ာ။ အဲဒါေလာက္ဆိုရင္ လုံေလာက္တာေပါ့။ ႏိုင္ငံျခားအဖြဲ႕အစည္းေတြ၊ ႏိုင္ငံတကာနဲ႔ပတ္သက္တဲ့ဟာေတြက ပါတီကို ေငြေၾကးေပးတာ၊ လက္ခံတာတို႔ဆိုရင္ ဒါက ဥပေဒအရ ျပ႒ာန္းထားၿပီးသားျဖစ္တဲ့အခါၾကေတာ့ ကြၽန္ေတာ္ တို႔လိုက္နာရမယ္ေလ။ လိုက္နာဖို႔လည္း လိုအပ္တာေပါ့ဗ်ာ။ ဒါေပမယ့္ ႏိုင္ငံေရးပါတီမွတ္ပုံ တင္ဥပေဒကို ျပန္ၾကည့္။ အခုလို ေတြ႕ခြင့္တို႔၊ ဘာတို႔ကို ေ႐ြးေကာက္ပြဲေကာ္မရွင္ကတစ္ဆင့္လို႔ဆိုတာက ဥပေဒမွာ ပါသလား၊ မပါဘူးလား။ ကြၽန္ေတာ္တို႔ေျပာရင္ ဥပေဒအရပဲ ေျပာရတာကိုး။ အဲဒီေတာ့ ျပ႒ာန္းထားတာပါရင္ အဲဒီျပ႒ာန္းထားခ်က္နဲ႔အညီ UEC သည္ ထုတ္ျပန္ပိုင္ခြင့္ရွိတာေပါ့။ မပါဘူးဆိုရင္ UEC က ထုတ္ျပန္ပိုင္ခြင့္သည္ ဥပေဒကို ေက်ာ္လြန္တဲ့သေဘာ ျဖစ္သြားတာေပါ့”ဟု ၎က သုံးသပ္ေျပာဆိုထားသည္။

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ႏိုင္ငံတကာအဖြဲ႕အစည္း/လူပုဂၢိဳလ္မ်ားႏွင့္ ေတြ႕ဆုံျခင္းကိစၥအေပၚ ေ႐ြးေကာက္ပြဲေကာ္မရွင္က ျပန္လည္သုံးသပ္သင့္ေၾကာင္းလည္း ရခိုင့္ဦးေဆာင္ပါတီဥကၠ႒က တိုက္တြန္းထားသည္။

Related news

© 2021. All rights reserved.