အိမ်ရှင်ကမ္ဘောဒီးယားကို အနိုင်ယူပြီး အုပ်စုထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည့် မြန်မာ Mobile Legend E-Sports အသင်း

 2305

ရဲပြည့် (NP News) - မေ ၁၃

(၃၂) ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်း၏ MLBB ဂိမ်းပြိုင်ပွဲ၊ အုပ်စုအဆင့် နောက်ဆုံးပွဲတွင် မြန်မာအသင်းက အိမ်ရှင်ကမ္ဘောဒီးယားအသင်းကို (၁-ဝ)ဆိုသည့် ရလဒ်ဖြင့်အနိုင်ရကာ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်နိုင်ခဲ့သည်။

မြန်မာအသင်းသည် ပထမဆုံးပွဲစဉ်တွင် စင်ကာပူအသင်းကို အနိုင်ရယူခဲ့ပြီး ဒုတိယပွဲစဉ်အနေဖြင့် လက်စွမ်းကောင်းများ ပိုင်ဆိုင်ထားပြီး အစဉ်အလာရှိသည့် အင်ဒိုနီးရှားအသင်းကို အနိုင်ကစားခဲ့သကဲ့သို့ ယနေ့ (မေလ ၁၃ ရက်)၊ နံနက် ၁ဝနာရီတွင်ကစားခဲ့သည့် အိမ်ရှင် ကမ္ဘာဒီးယားအသင်းကိုပါ အနိုင်ယူနိုင်ခဲ့ခြင်းကြောင့် အုပ်စုထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

အိမ်ရှင် ကမ္ဘောဒီးယားနှင့်ပွဲစဉ်တွင် နှစ်သင်းစလုံးက အုပ်စုတက်မည်ဖြစ်သော်လည်း မြန်မာအသင်းသည် အိမ်ကွင်းပရိသတ်များရှေ့တွင်ပင် (၃)ပွဲဆက်နိုင်ပွဲရအောင် ကြိုးစားကစားနိုင်ခဲ့ခြင်းဖြစ်ပြီး အကြိတ် အနယ်ရှိကာ ကြည့်ကောင်းသည့် ပွဲစဉ်တစ်ပွဲဖြစ်ခဲ့သည်။

Kenn ၊ Naomi နှင့် RubyDD တို့၏ ကစားအားကို အိမ်ရှင် ကမ္ဘောဒီးယားတို့ တုံ့ပြန်ရန်ခက်ခဲခဲ့ပြီး မြန်မာအသင်းက ပွဲစပွဲဆုံး ကမ္ဘောဒီးယားကို ဖိအားပေး ကစားကာ အမှားအယွင်းနည်းနည်းဖြင့် နိုင်ပွဲကို ရယူပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းနိုင်ပွဲကြောင့် မြန်မာအသင်းက ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ စင်ကာပူစသည့် အသင်းများ ပါဝင်သည့် အုပ်စုတွင် အုပ်စုဗိုလ်အဖြစ်ရပ်တည်နိုင်ခဲ့ပြီး တစ်ဖက်အုပ်စု၏ အုပ်စုဒုတိယနှင့် ဆီမီးဖိုင်နယ်တွင်ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။

မြန်မာအသင်း၏ MLBB ဂိမ်းပြိုင်ပွဲဝင် ကစားသမားအနေဖြင့် Kenn ၊ Naomi၊ RubyDD၊ Yellowflash၊Justin၊ Zippx တို့ဖြစ်ပြီး နည်းပြအနေဖြင့် ဆရာကြီးက တာဝန်ယူဆောင်ရွက်နေကာ မြန်မာနိုင်ငံတွင် Falcon Esports အဖြစ်ကစားနေသည့် အသင်းဖြစ်သည်။

zawgyi version
အိမ္ရွင္ကေမာၻဒီးယားကို အႏိုင္ယူၿပီး အုပ္စုထိပ္ဆုံးတြင္ ရပ္တည္ႏိုင္ခဲ့သည့္ ျမန္မာ Mobile Legend E-Sports အသင္း
ရဲျပည့္ (NP News) - ေမ ၁၃

(၃၂) ႀကိမ္ေျမာက္ ကေမာၻဒီးယားဆီးဂိမ္း၏ MLBB ဂိမ္းၿပိဳင္ပြဲ၊ အုပ္စုအဆင့္ ေနာက္ဆုံးပြဲတြင္ ျမန္မာအသင္းက အိမ္ရွင္ကေမာၻဒီးယားအသင္းကို (၁-ဝ)ဆိုသည့္ ရလဒ္ျဖင့္အႏိုင္ရကာ အုပ္စုဗိုလ္ေနရာကို သိမ္းပိုက္ႏိုင္ခဲ့သည္။

ျမန္မာအသင္းသည္ ပထမဆုံးပြဲစဥ္တြင္ စင္ကာပူအသင္းကို အႏိုင္ရယူခဲ့ၿပီး ဒုတိယပြဲစဥ္အေနျဖင့္ လက္စြမ္းေကာင္းမ်ား ပိုင္ဆိုင္ထားၿပီး အစဥ္အလာရွိသည့္ အင္ဒိုနီးရွားအသင္းကို အႏိုင္ကစားခဲ့သကဲ့သို႔ ယေန႔ (ေမလ ၁၃ ရက္)၊ နံနက္ ၁ဝနာရီတြင္ကစားခဲ့သည့္ အိမ္ရွင္ ကမာၻဒီးယားအသင္းကိုပါ အႏိုင္ယူႏိုင္ခဲ့ျခင္းေၾကာင့္ အုပ္စုထိပ္ဆုံးေနရာတြင္ ရပ္တည္ႏိုင္ခဲ့ျခင္းျဖစ္သည္။

အိမ္ရွင္ ကေမာၻဒီးယားႏွင့္ပြဲစဥ္တြင္ ႏွစ္သင္းစလုံးက အုပ္စုတက္မည္ျဖစ္ေသာ္လည္း ျမန္မာအသင္းသည္ အိမ္ကြင္းပရိသတ္မ်ားေရွ႕တြင္ပင္ (၃)ပြဲဆက္ႏိုင္ပြဲရေအာင္ ႀကိဳးစားကစားႏိုင္ခဲ့ျခင္းျဖစ္ၿပီး အႀကိတ္ အနယ္ရွိကာ ၾကည့္ေကာင္းသည့္ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့သည္။

Kenn ၊ Naomi ႏွင့္ RubyDD တို႔၏ ကစားအားကို အိမ္ရွင္ ကေမာၻဒီးယားတို႔ တုံ႔ျပန္ရန္ခက္ခဲခဲ့ၿပီး ျမန္မာအသင္းက ပြဲစပြဲဆုံး ကေမာၻဒီးယားကို ဖိအားေပး ကစားကာ အမွားအယြင္းနည္းနည္းျဖင့္ ႏိုင္ပြဲကို ရယူေပးႏိုင္ခဲ့ျခင္းလည္းျဖစ္သည္။

ယင္းႏိုင္ပြဲေၾကာင့္ ျမန္မာအသင္းက ကေမာၻဒီးယား ၊ အင္ဒိုနီးရွား ၊ စင္ကာပူစသည့္ အသင္းမ်ား ပါဝင္သည့္ အုပ္စုတြင္ အုပ္စုဗိုလ္အျဖစ္ရပ္တည္ႏိုင္ခဲ့ၿပီး တစ္ဖက္အုပ္စု၏ အုပ္စုဒုတိယႏွင့္ ဆီမီးဖိုင္နယ္တြင္ယွဥ္ၿပိဳင္ကစားရေတာ့မည္ျဖစ္သည္။

ျမန္မာအသင္း၏ MLBB ဂိမ္းၿပိဳင္ပြဲဝင္ ကစားသမားအေနျဖင့္ Kenn ၊ Naomi၊ RubyDD၊ Yellowflash၊Justin၊ Zippx တို႔ျဖစ္ၿပီး နည္းျပအေနျဖင့္ ဆရာႀကီးက တာဝန္ယူေဆာင္႐ြက္ေနကာ ျမန္မာႏိုင္ငံတြင္ Falcon Esports အျဖစ္ကစားေနသည့္ အသင္းျဖစ္သည္။

Picture

Kyawkyaw Tun

13/05/2023 12:14

👍👍

Related news

© 2021. All rights reserved.