ကွင်းဆင်းလေ့လာတူးဖော် သုတေသနပြုမှသာ မြန်မာနိုင်ငံ၏ လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ သမိုင်းကြောင်းကို အတည်ပြုနိုင်မည်ဟုဆို

 1768

စော (NP News) - မေ ၁၈

ကွင်းဆင်းလေ့လာတူးဖော် သုတေသနပြုမှသာ မြန်မာနိုင်ငံ၏ လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ သမိုင်းကြောင်းကို အတည်ပြုနိုင်မည်ဖြစ်‌ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှ မေလ ၁၇ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လောကနတ်ခန်းမတွင်ပြုလုပ်သည့် ဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ ဆွေးနွေးပွဲများမှရရှိသော အချက်အလက်အသစ်များကို ပေါင်းစပ်၍ ကွင်းဆင်းလေ့လာတူးဖော်သုတေသနပြုမှုများကို ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးပွဲမှ သိရသည်။

ထိုသို့ သုတေသနပြု ဆောင်ရွက်မှုမှသာ ခိုင်မာသောအထောက်အထားများဖြင့် ပိုမိုပြည့်စုံသည့် မြန်မာ နိုင်ငံ၏ လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ သမိုင်းကြောင်းကို အတည်ပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ကျောက်ခေတ်သုတေသနပြုလုပ်နေသည့် ပညာရှင်များ၏ ကွင်းဆင်းလေ့လာတွေ့ရှိခြင်းများအပြင် သုတေသနပြုတွေ့ရှိချက်များ၊ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက်များနှင့် ခေတ်မီသိပ္ပံနည်းကျပေါင်းစပ်၍ ခိုင်မာသောသမိုင်းစဉ်ရရှိရေးကိုလည်း မူကြမ်းပြုစုပြီး ဖြစ် ကြောင်း ၎င်းမှဆက်လက်ပြောဆိုထားသည်။

ထို့ကြောင့် ကျောက်ခေတ်ဆိုင်ရာသမိုင်းစဉ်တွင် ယခင်ကမတွေ့ရှိခဲ့ရသေးသော ကျောက်ခေတ်လယ်ထွန်းကားခဲ့သည့် အထောက်အထားတွေ့ရှိရမှုများကို တွေ့ရှိလာရကြောင်း သိရသည်။

အလားတူ သိပ္ပံနည်းကျသက်တမ်းတွက်ချက်မှု ရလဒ်များကြောင့် အချို့သောသမိုင်းခေတ်ကာလများသည် ပီပြင်ပုံပေါ်လာပြီး မြန်မာနိုင်ငံ၏ ယဥ်ကျေးမှုဖြစ်စဥ် ကွင်းဆက်ပြောင်းလဲမှုများကို ပြည်သူများသိစေရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုထားသည်။

ထို့ပြင် ကျောက်ခေတ်လယ်ဆိုင်ရာ အသစ်တွေ့ရှိရမှုများကို နိုင်ငံတကာစာတမ်းဖတ်ပွဲပြုလုပ်ကာ နိုင်ငံတကာပညာရှင်များလက်ခံအောင် ဆောင်ရွက်သွားရန်လည်း လိုကြောင်း ၎င်းမှတိုက်တွန်းထားသည်။

zawgyi version
ကြင္းဆင္းေလ့လာတူးေဖာ္ သုေတသနျပဳမွသာ ျမန္မာႏိုင္ငံ၏ လူတူပ႐ိုင္းမိတ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းဆိုင္ရာ သမိုင္းေၾကာင္းကို အတည္ျပဳႏိုင္မည္ဟုဆို
ေစာ (NP News) - ေမ ၁၈

ကြင္းဆင္းေလ့လာတူးေဖာ္ သုေတသနျပဳမွသာ ျမန္မာႏိုင္ငံ၏ လူတူပ႐ိုင္းမိတ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းဆိုင္ရာ သမိုင္းေၾကာင္းကို အတည္ျပဳႏိုင္မည္ျဖစ္‌ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုမွ ေမလ ၁၇ ရက္တြင္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနရွိ ေလာကနတ္ခန္းမတြင္ျပဳလုပ္သည့္ ေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။

၎တို႔၏ ေဆြးေႏြးပြဲမ်ားမွရရွိေသာ အခ်က္အလက္အသစ္မ်ားကို ေပါင္းစပ္၍ ကြင္းဆင္းေလ့လာတူးေဖာ္သုေတသနျပဳမႈမ်ားကို ေဆာင္႐ြက္သင့္ေၾကာင္း ေဆြးေႏြးပြဲမွ သိရသည္။

ထိုသို႔ သုေတသနျပဳ ေဆာင္႐ြက္မႈမွသာ ခိုင္မာေသာအေထာက္အထားမ်ားျဖင့္ ပိုမိုျပည့္စုံသည့္ ျမန္မာ ႏိုင္ငံ၏ လူတူပ႐ိုင္းမိတ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းဆိုင္ရာ သမိုင္းေၾကာင္းကို အတည္ျပဳႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ ေက်ာက္ေခတ္သုေတသနျပဳလုပ္ေနသည့္ ပညာရွင္မ်ား၏ ကြင္းဆင္းေလ့လာေတြ႕ရွိျခင္းမ်ားအျပင္ သုေတသနျပဳေတြ႕ရွိခ်က္မ်ား၊ ေရွးေဟာင္း သုေတသနဆိုင္ရာ တူးေဖာ္သုေတသနျပဳေတြ႕ရွိခ်က္မ်ားႏွင့္ ေခတ္မီသိပၸံနည္းက်ေပါင္းစပ္၍ ခိုင္မာေသာသမိုင္းစဥ္ရရွိေရးကိုလည္း မူၾကမ္းျပဳစုၿပီး ျဖစ္ ေၾကာင္း ၎မွဆက္လက္ေျပာဆိုထားသည္။

ထို႔ေၾကာင့္ ေက်ာက္ေခတ္ဆိုင္ရာသမိုင္းစဥ္တြင္ ယခင္ကမေတြ႕ရွိခဲ့ရေသးေသာ ေက်ာက္ေခတ္လယ္ထြန္းကားခဲ့သည့္ အေထာက္အထားေတြ႕ရွိရမႈမ်ားကို ေတြ႕ရွိလာရေၾကာင္း သိရသည္။

အလားတူ သိပၸံနည္းက်သက္တမ္းတြက္ခ်က္မႈ ရလဒ္မ်ားေၾကာင့္ အခ်ိဳ႕ေသာသမိုင္းေခတ္ကာလမ်ားသည္ ပီျပင္ပုံေပၚလာၿပီး ျမန္မာႏိုင္ငံ၏ ယဥ္ေက်းမႈျဖစ္စဥ္ ကြင္းဆက္ေျပာင္းလဲမႈမ်ားကို ျပည္သူမ်ားသိေစေရးအတြက္ ေဆာင္႐ြက္ရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ ေက်ာက္ေခတ္လယ္ဆိုင္ရာ အသစ္ေတြ႕ရွိရမႈမ်ားကို ႏိုင္ငံတကာစာတမ္းဖတ္ပြဲျပဳလုပ္ကာ ႏိုင္ငံတကာပညာရွင္မ်ားလက္ခံေအာင္ ေဆာင္႐ြက္သြားရန္လည္း လိုေၾကာင္း ၎မွတိုက္တြန္းထားသည္။

Related news

© 2021. All rights reserved.