လျှပ်စစ်ဓာတ်အားရရှိရေးကို စီမံချက်(၃)မျိုးဖြင့် ရဲရဲတင်းတင်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း

 4433

ယွန်း (NP News) - မေ ၂၈

လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကာလတို၊ ကာလရှည်၊ ကာလလတ် စီမံချက်(၃)မျိုးဖြင့် ရဲရဲတင်းတင်း ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ(၂၇)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် အထက်ပါကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်စွမ်းအင်သည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် သွင်းအားစုတစ်ခုဖြစ်ပြီး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့်ပတ်သက်၍ အစိုးရအဆက်ဆက်၌ စီမံကိန်းများရှိပြီးသားဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ဖျက်သိမ်းခြင်း နှင့် ဆိုင်းငံ့ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ နှောင့်နှေးခဲ့ရကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် အချို့သောတိုင်းနှင့် ပြည်နယ်များတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို တင်ပြမှုများရှိနေကြောင်း သိရသည်။

ထို့ကြောင့် ကာလတို၊ ကာလရှည်၊ ကာလလတ် စီမံချက်(၃)မျိုးဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကို ရဲရဲဝင့်ဝင့်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မိမိတို့အစီအစဥ်ဖြင့် Bio Gasifier များနှင့် Solar System ကိုသုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

zawgyi version
လွ်ပ္စစ္ဓာတ္အားရရွိေရးကို စီမံခ်က္(၃)မ်ိဳးျဖင့္ ရဲရဲတင္းတင္းေဆာင္႐ြက္ရန္ နစကဥကၠ႒ တိုက္တြန္း

ယြန္း (NP News) - ေမ ၂၈

လွ်ပ္စစ္ဓာတ္အားရရွိေရးအတြက္ ကာလတို၊ ကာလရွည္၊ ကာလလတ္ စီမံခ်က္(၃)မ်ိဳးျဖင့္ ရဲရဲတင္းတင္း ေဆာင္႐ြက္ရန္ နစကဥကၠ႒က တိုက္တြန္းေျပာဆိုထားသည္။

နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေမလ(၂၇)ရက္တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံးအစည္းအေဝးခန္းမ၌ က်င္းပခဲ့ေသာ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ဆိုခဲ့ျခင္းျဖစ္သည္။

လွ်ပ္စစ္စြမ္းအင္သည္ ကုန္ထုတ္လုပ္မႈလုပ္ငန္းတြင္ မရွိမျဖစ္လိုအပ္သည့္ သြင္းအားစုတစ္ခုျဖစ္ၿပီး လွ်ပ္စစ္ဓာတ္အားရရွိေရးအတြက္ ႏိုင္ငံေတာ္အေနျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

လွ်ပ္စစ္ႏွင့္ပတ္သက္၍ အစိုးရအဆက္ဆက္၌ စီမံကိန္းမ်ားရွိၿပီးသားျဖစ္ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စီမံကိန္းမ်ား ဖ်က္သိမ္းျခင္း ႏွင့္ ဆိုင္းငံ့ျခင္းမ်ားေၾကာင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈမ်ား ေႏွာင့္ေႏွးခဲ့ရေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

လက္ရွိတြင္ အခ်ိဳ႕ေသာတိုင္းႏွင့္ ျပည္နယ္မ်ားတြင္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မ်ားကို တင္ျပမႈမ်ားရွိေနေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ကာလတို၊ ကာလရွည္၊ ကာလလတ္ စီမံခ်က္(၃)မ်ိဳးျဖင့္ လွ်ပ္စစ္ဓာတ္အားရရွိေရးကို ရဲရဲဝင့္ဝင့္ေဆာင္႐ြက္ရန္လိုေၾကာင္း နစကဥကၠ႒က အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္လည္း မိမိတို႔အစီအစဥ္ျဖင့္ Bio Gasifier မ်ားႏွင့္ Solar System ကိုသုံးၿပီး လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရန္ ၎က ဆက္လက္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.