‌မြန်မာ နှင့် ဟောင်ကောင်ကြား ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်

 512

ယွန်း (NP News) - မေ ၃၁

မြန်မာ နှင့် ဟောင်ကောင်ကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Hong Kong Trade Development Council - HKTDC (ဘန်ကောက်ရုံးခွဲ)မှ Deputy Director Mr. Jason Chow နှင့်အဖွဲ့ဝင်များသည် မေလ(၃ဝ)ရက်တွင် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်နှင့်အဖွဲ့ဝင်များထံ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဟောင်ကောင်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ဆွေး နွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် အပြန်အလှန်ဈေးကွက်အခွင့်အလမ်းများ ရှာဖွေနိုင်ရေးအပြင် HKTDC အနေဖြင့် အနာဂတ်တွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် စီးပွားမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

အလားတူ ဟောင်ကောင်-မြန်မာ ပြပွဲများ အကျိုးတူကျင်းပပြုလုပ်နိုင်ရေးနှင့် ဟောင်ကောင်တွင် ကျင်းပပြုလုပ်မည့် ပြပွဲများတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ ပါဝင်တက်ရောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

zawgyi version
‌ျမန္မာ ႏွင့္ ေဟာင္ေကာင္ၾကား ကုန္သြယ္မႈျမႇင့္တင္ေရးအတြက္ ေဆြးေႏြးမႈမ်ားျပဳလုပ္
ယြန္း (NP News) - ေမ ၃၁

ျမန္မာ ႏွင့္ ေဟာင္ေကာင္ၾကား ကုန္သြယ္မႈျမႇင့္တင္ႏိုင္ေရးအတြက္ ေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

Hong Kong Trade Development Council - HKTDC (ဘန္ေကာက္႐ုံးခြဲ)မွ Deputy Director Mr. Jason Chow ႏွင့္အဖြဲ႕ဝင္မ်ားသည္ ေမလ(၃ဝ)ရက္တြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာမ်ိဳးသက္ႏွင့္အဖြဲ႕ဝင္မ်ားထံ လာေရာက္ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေတြ႕ဆုံပြဲတြင္ ေဟာင္ေကာင္-ျမန္မာ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈျမႇင့္တင္ႏိုင္ေရးအတြက္ ေဆြး ေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ၾကသည္။

ထို႔ျပင္ အျပန္အလွန္ေဈးကြက္အခြင့္အလမ္းမ်ား ရွာေဖြႏိုင္ေရးအျပင္ HKTDC အေနျဖင့္ အနာဂတ္တြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္ႏွင့္ စီးပြားမိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ႏိုင္ေရးကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ၾကသည္။

အလားတူ ေဟာင္ေကာင္-ျမန္မာ ျပပြဲမ်ား အက်ိဳးတူက်င္းပျပဳလုပ္ႏိုင္ေရးႏွင့္ ေဟာင္ေကာင္တြင္ က်င္းပျပဳလုပ္မည့္ ျပပြဲမ်ားတြင္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ား၊ စီးပြားေရးပညာရွင္မ်ား ပါဝင္တက္ေရာက္ႏိုင္ေရးတို႔ကို ေဆြးေႏြးခဲ့ၾကသည္။

Related news

© 2021. All rights reserved.