မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိကလိုအပ်သည့် ယွမ်-ကျပ် ငွေပေးချေမှုကို အရှိန်မြှင့်ဆောင်ရွက်ရန် UMFCCI ဥက္ကဋ္ဌတိုက်တွန်း

 537

ယွန်း (NP News) - ဇွန် ၃

မြန်မာ- တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိကလိုအပ်နေသည့် ယွမ်-ကျပ် ငွေပေးချေမှုကို အရှိန်မြှင့်ဆောင်ရွက်ရန် UMFCCI ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ဇွန်လ(၂)ရက်တွင် အသင်းချုပ်ရုံး၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး (ရန်ကုန်)မှ စီးပွားရေးသံမှူး Mr. Tan Shufu နှင့် တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးသည် အရေးကြီးသည့်ကဏ္ဍဖြစ်ပြီး ယခုနှစ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ပတ်သက်၍ အပြန်အလှန်ဆက်ဆံရေးသည် သိသာစွာ ပြောင်းလဲလာကြောင်း ဦးအေးဝင်းက ဆိုသည်။

ထို့ပြင် တရုတ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့များလည်း မြန်မာနိုင်ငံအတွင်းသို့ အများအပြားဝင်ရောက် လာကြောင်း သိရသည်။

ထို့ကြောင့် ယခင်ကတည်းကပင် ဆောင်ရွက်နေသည့် နှစ်နိုင်ငံကုန်သွယ်မှုအတွက် အဓိကလိုအပ်‌သည့် ယွမ်-ကျပ် ငွေပေးချေမှုကို အရှိန်မြှင့်လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းပြောဆိုထားသည်။

အလားတူ နယ်စပ်ကုန်သွယ်ရေးကို တိုးမြှင့်လုပ်ကိုင်ရန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများ အပါအဝင် မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေးကိုလည်း ဆောင်ရွက်ရန်ပြောဆိုခဲ့သည်။

ထို့ပြင် ဓာတ်မြေသြဇာ အပါအဝင် လယ်ယာသုံးစက်ကိရိယာများ၊ စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းသုံးကုန်ကြမ်းများတင်သွင်းရာတွင် လွယ်ကူစွာဆောင်ရွက်နိုင်ရေးကိုလည်း ထည့်သွင်းပြောဆိုထားသည်။

CMP လုပ်ငန်းများတွင်လည်း ပိုမိုလာရောက်လုပ်ကိုင်ရန်နှင့် ကုန်စည်ပြပွဲများကို အပြန်အလှန်ကျင်းပပြုလုပ်ရန် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက အသိပေးပြောဆိုခဲ့သည်။

zawgyi version
ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးအတြက္ အဓိကလိုအပ္သည့္ ယြမ္-က်ပ္ ေငြေပးေခ်မႈကို အရွိန္ျမႇင့္ေဆာင္႐ြက္ရန္ UMFCCI ဥကၠ႒တိုက္တြန္း

ယြန္း (NP News) - ဇြန္ ၃

ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးအတြက္ အဓိကလိုအပ္ေနသည့္ ယြမ္-က်ပ္ ေငြေပးေခ်မႈကို အရွိန္ျမႇင့္ေဆာင္႐ြက္ရန္ UMFCCI ဥကၠ႒က တိုက္တြန္းေျပာဆိုထားသည္။

ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေအးဝင္းက ဇြန္လ(၂)ရက္တြင္ အသင္းခ်ဳပ္႐ုံး၌ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး (ရန္ကုန္)မွ စီးပြားေရးသံမႉး Mr. Tan Shufu ႏွင့္ ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံအၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရးသည္ အေရးႀကီးသည့္က႑ျဖစ္ၿပီး ယခုႏွစ္အတြင္း ႏွစ္ႏိုင္ငံအၾကား စီးပြားေရးႏွင့္ပတ္သက္၍ အျပန္အလွန္ဆက္ဆံေရးသည္ သိသာစြာ ေျပာင္းလဲလာေၾကာင္း ဦးေအးဝင္းက ဆိုသည္။

ထို႔ျပင္ တ႐ုတ္စီးပြားေရးကိုယ္စားလွယ္အဖြဲ႕မ်ားလည္း ျမန္မာႏိုင္ငံအတြင္းသို႔ အမ်ားအျပားဝင္ေရာက္ လာေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ယခင္ကတည္းကပင္ ေဆာင္႐ြက္ေနသည့္ ႏွစ္ႏိုင္ငံကုန္သြယ္မႈအတြက္ အဓိကလိုအပ္‌သည့္ ယြမ္-က်ပ္ ေငြေပးေခ်မႈကို အရွိန္ျမႇင့္လုပ္ေဆာင္ရန္ ၎က တိုက္တြန္းေျပာဆိုထားသည္။

အလားတူ နယ္စပ္ကုန္သြယ္ေရးကို တိုးျမႇင့္လုပ္ကိုင္ရန္ႏွင့္ လယ္ယာထြက္ကုန္ပစၥည္းမ်ား အပါအဝင္ ေမြးျမဴေရးႏွင့္ ေရထြက္ကုန္ပစၥည္းမ်ား ပိုမိုတင္ပို႔ႏိုင္ေရးကိုလည္း ေဆာင္႐ြက္ရန္ေျပာဆိုခဲ့သည္။

ထို႔ျပင္ ဓာတ္ေျမၾသဇာ အပါအဝင္ လယ္ယာသုံးစက္ကိရိယာမ်ား၊ စက္မႈလုပ္ငန္းႏွင့္ ကုန္ထုတ္လုပ္ငန္းသုံးကုန္ၾကမ္းမ်ားတင္သြင္းရာတြင္ လြယ္ကူစြာေဆာင္႐ြက္ႏိုင္ေရးကိုလည္း ထည့္သြင္းေျပာဆိုထားသည္။

CMP လုပ္ငန္းမ်ားတြင္လည္း ပိုမိုလာေရာက္လုပ္ကိုင္ရန္ႏွင့္ ကုန္စည္ျပပြဲမ်ားကို အျပန္အလွန္က်င္းပျပဳလုပ္ရန္ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေအးဝင္းက အသိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.